China
တရုတ်ဗိသုကာပညာရှင် လျိုကျားခွန်း ၂၀၂၅ ခုနှစ် ဗိသုကာပညာ ပရစ်စကာဆု ချီးမြှင့်ခံရ

အဘူဒါဘီ၊ မေ ၇ ရက် (ဆင်ဟွာ)
တရုတ်ဗိသုကာပညာရှင် လျိုကျားခွန်းသည် Louvre Abu Dhabi အနုပညာပြတိုက်တွင် မေ ၅ ရက်က ကျင်းပခဲ့သော အခမ်းအနား၌ ၂၀၂၅ ခုနှစ် ဗိသုကာပညာ ပရစ်စကာဆု (Pritzker Architecture Prize) ချီးမြှင့်ခြင်းခံခဲ့ရာကာ ယင်းပညာရပ်၏ ၅၄ ဦးမြောက် နိုင်ငံတကာအမြင့်ဆုံးဂုဏ်ပြုဆုရပညာရှင်ဖြစ်လာခဲ့ပြီး အဆိုပါဆု ချီးမြှင့်ခြင်းခံရသည့် ဒုတိယမြောက် တရုတ်နိုင်ငံသားလည်း ဖြစ်သည်။
လျိုသည် “သာမန်ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝများကို ချီးကျူးဖော်ပြထားသလို ထင်ရှားသောလက္ခဏာနှင့် စိတ်ပိုင်းဆိုင်ရာ ပြင်းပြသောဆန္ဒကို ပေါင်းစပ်ဖော်ပြသည့်” လုပ်ဆောင်မှုအတွက် အသိအမှတ်ပြုခံခဲ့ရခြင်း ဖြစ်ကြောင်း ပရစ်စကာဆုချီးမြှင့်ရေးဂျူရီအဖွဲ့ ဥက္ကဋ္ဌနှင့် ၂၀၁၆ ခုနှစ်ဆုရှင် Alejandro Aravena က ပြောခဲ့သည်။
၁၉၇၉ ခုနှစ်က ပရစ်စကာဆု စတင်တည်ထောင်ခဲ့သော Hyatt ဖောင်ဒေးရှင်း ဥက္ကဋ္ဌ တွမ် ပရစ်စကာက “ဗိသုကာပညာဖြင့် လူ့အသိုက်အဝန်းများအား အတူတကွဆောင်ကြဉ်းပေးခြင်း၊ လူသားဆန်သော စောင့်ရှောက်မှု လှုံ့ဆော်ပေးခြင်းနှင့် လူသားစိတ်ဓာတ်အား တက်ကြွစေခြင်း” စသည်တို့အတွက် လျိုအား ချီးကျူးပြောကြားခဲ့သည်။
“သဘာဝတရားနှင့် သဟဇာတဖြစ်စွာ နေထိုင်ခြင်း” ၏ အရေးပါပုံကို လျိုက တရုတ်ရိုးရာဒဿနအား မှီငြမ်းလျက် ဆုလက်ခံခြင်းအခမ်းအနား၌ အလေးထားပြောကြားခဲ့သည်။ ထို့ပြင် ၎င်းက ဗိသုကာပညာရှင်ဆိုသည်မှာ ရိုးရိုးကျွမ်းကျင်လုပ်ငန်းအဖြစ်သာမဟုတ်ဘဲ လူ့အသိုက်အဝန်းနှင့် လူသားစိတ်ဓာတ်ကို စဉ်ဆက်မပြတ် တုံ့ပြန်ချိတ်ဆက်ပေးမှုလည်းဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/3oQ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ချိန်တူးမြို့တွင် ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူးလက်ခံဖြေကြားနေသော တရုတ်ဗိသုကာပညာရှင် လျိုကျားခွန်းကို ၂၀၂၅ ခုနှစ် မတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………….
(English Version)
Chinese architect Liu Jiakun awarded 2025
ABU DHABI, May 6 (Xinhua) — Chinese architect Liu Jiakun received the 2025 Pritzker Architecture Prize at a ceremony held at the Louvre Abu Dhabi on Monday, becoming the 54th laureate of the profession’s highest international honor and the second Chinese citizen to earn the accolade.
Liu was recognized for work that “celebrates the everyday lives of ordinary people and highlights collective identity and spiritual aspiration,” said Alejandro Aravena, chair of the Pritzker Prize Jury and the 2016 laureate.
Tom Pritzker, chairman of the Hyatt Foundation, which established the award in 1979, praised Liu for “bringing communities together through architecture, inspiring humanistic care, and elevating the human spirit.”
In his acceptance speech, Liu invoked traditional Chinese philosophy, stressing the importance of “living in harmony with nature.” He described architecture not simply as a profession, but as “a continuous response to society and the human spirit.” xhtxs.cn/3oQ
Photo: Liu Jiakun, a Chinese architect, speaks during an exclusive interview with Xinhua in Chengdu, southwest China’s Sichuan Province, March 7, 2025. (Xinhua/Liu Kun)