North America
အမေရိကန်က အချို့သော ဗီဇာလျှောက်ထားသူများထံမှ အာမခံကြေး အမြင့်ဆုံး ကန်ဒေါ်လာ ၁၅,၀၀၀ အထိ ကောက်ခံသွားမည်

နယူးယောက်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)
အမေရိကန် “ဖက်ဒရယ်အစိုးရမှတ်တမ်း” က ဩဂုတ် ၄ ရက်တွင် ထုတ်ပြန်သည့် “ဗီဇာအာမခံကြေး စမ်းသပ်ကျင့်သုံးမှု အစီအစဉ်” ထုတ်ပြန်မည့် အကြိုဗားရှင်းအရ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် အချို့သောနိုင်ငံများမှ အမေရိကန်သို့လာရောက်ရန်အတွက် စီးပွားရေးနှင့် ခရီးသွားဗီဇာ လျှောက်ထားသူများအပေါ် အမြင့်ဆုံး ကန်ဒေါ်လာ ၁၅,၀၀၀ ရှိသည့် အာမခံကြေး ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၁၂ လကြာမည့် စမ်းသပ်ကျင့်သုံးမှု အစီအစဉ်ကို ဩဂုတ် ၅ ရက်တွင် တရားဝင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး တရားဝင်ထုတ်ပြန်ကြေညာပြီးနောက် ၁၅ ရက်အကြာ၌ အသက်ဝင်မည်ဖြစ်သည်။
အဆိုပါအစီအစဉ်၏ ထုတ်ပြန်မည့်အကြိုဗားရှင်းအရ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားသည် အမေရိကန်၌ ကာလကျော်လွန်၍ နေထိုင်မှုနှုန်း အတန်အသင့်မြင့်မားပါက၊ စိစစ်ရန်တင်ပြသည့် အချက်အလက် မပြည့်စုံပါက အဆိုပါနိုင်ငံသည် ဗီဇာအာမခံကြေး ပေးဆောင်ရမည့် နိုင်ငံစာရင်းတွင် ထည့်သွင်းခံရနိုင်ကြောင်းသိရသည်။ အဆိုပါနိုင်ငံများစာရင်းကို နောက်ပိုင်း၌ ထုတ်ပြန်သွားမည်ဖြစ်သည်။
ဗီဇာအာမခံကြေး ပေးဆောင်ရမည့်ပမာဏမှာ ကန်ဒေါ်လာ ၅,၀၀၀ ၊ ၁၀,၀၀၀ နှင့် ၁၅,၀၀၀ ဟူ၍ အဆင့်သုံးမျိုးရှိကြောင်း၊ ဗီဇာလျှောက်ထားသူသည် အာမခံကြေးပေးဆောင်၍ ဗီဇာရရှိပြီးနောက် အမေရိကန်သို့ ပြည်ဝင်ခဲ့သော်လည်း သက်ဆိုင်ရာသတ်မှတ်ချက်များကို ချိုးဖောက်ခဲ့ပါက အဆိုပါ အာမခံကြေးကို အမေရိကန်ဖက်ဒရယ်အစိုးရက သိမ်းယူသွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
အဆိုပါလုပ်ရပ်ကြောင့် အမေရိကန်သို့လာရောက်ရန် ဗီဇာလျှောက်ထားသူအချို့သည် အာမခံကြေး မတတ်နိုင်သဖြင့် လျှောက်ထားရန် လက်လျှော့သွားမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းကို အားကိုးရသော အမေရိကန်မြို့အချို့ကလည်း ယင်းကြောင့် ထိုးနှက်မှုခံရနိုင်ခြေရှိကြောင်း အမေရိကန်မီဒီယာများက ကြိုတင်ခန့်မှန်းကြသည်။
ယခုနှစ်အတွင်း ထရမ့်အစိုးရသည် အမေရိကန်သို့လာရောက်ရန် ဗီဇာလျှောက်ထားသူများအား စစ်ဆေးမှုအား တစ်ဆင့်တိုးတင်းကျပ်ခဲ့ပြီး နိုင်ငံများစွာမှပြည်သူများ ပြည်ဝင်မှုကိုကန့်သတ်ခဲ့သည်။ ဇွန် ၄ ရက်တွင် “အမျိုးသားလုံခြုံရေး” စသည့် အကြောင်းပြချက်များဖြင့် အမေရိကန်အိမ်ဖြူတော်က ကြေညာထုတ်ပြန်၍ အာဖဂန်နစ္စတန်၊ မြန်မာ၊ အီရန်၊ ယီမင် စသည့် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ပြည်သူများ အမေရိကန်သို့ ပြည်ဝင်မှုကို ဘက်စုံကန့်သတ်ခဲ့သည်။ (Xinhua)
——————-
(Chinese Version)
美将向部分签证申请者收取最高1.5万美元保证金
新华社纽约8月4日电(记者夏林)据美国《联邦政府纪事》4日公布的“签证保证金试行计划”预发布版本,美国国务院将对部分国家申请赴美商务和旅游签证的人员收取最高可达1.5万美元的保证金。
这项为期12个月的试行计划预计于5日正式公布,并将于正式公布15天后生效。
根据该计划的预发布版本,如果某国公民在美逾期停留率较高,所提供的审查信息不够充分,那么该国将有可能被列入需缴纳签证保证金的国家名单。这一名单将于稍后公布。
美国国务院说,签证保证金缴纳金额分为5000美元、1万美元和1.5万美元三档。如果签证申请者在缴纳保证金后获得签证并入境美国、但却违反了相关规定,这笔保证金将被美国联邦政府扣留。
美国媒体预测,此举将使一些赴美签证申请者因无法负担保证金费用而放弃申请,一些依赖旅游业的美国城市也可能因此受到冲击。
今年以来,特朗普政府进一步加大针对赴美签证申请者的审查力度,并限制多国公民入境。6月4日,以“国家安全”等为由,美国白宫发布公告,全面限制阿富汗、缅甸、伊朗、也门等12个国家的公民入境美国。(完)
图说:这是7月4日在美国首都华盛顿拍摄的白宫。新华社记者胡友松摄