China
ပေကျင်းက WTO e- commerce သဘောတူညီချက်အား ရှေ့ပြေးလုပ်ဆောင်ရန် တရုတ်နိုင်ငံအစိုးရ ထောက်ပံ့မည်

ပေကျင်း၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတာဝန်ရှိသူများက ပေကျင်း၏ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) e-commerce သဘောတူညီချက်အား ရှေ့ပြေးလုပ်ဆောင်ရန် ပံ့ပိုးကူညီရေးလုပ်ငန်းအစီအမံ ထုတ်ပြန်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၁၂ ရက် ထုတ်ပြန်ကြေညာမှုအရ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအပါအဝင် အစိုးရဝန်ကြီးဌာန ငါးခုမှ ပူးပေါင်းထုတ်ပြန်ခဲ့သည့် အဆိုပါစီမံချက်တွင် ကုန်သွယ်မှုဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု မြှင့်တင်ရေး၊ အချက်အလက်များအား စီမံခန့်ခွဲမှုတိုးတက်ရေး၊ ဒစ်ဂျစ်တယ်စနစ်အသုံးပြုမှုပတ်ဝန်းကျင် ကောင်းမွန်အောင်ဆောင်ရွက်ရေး၊ တယ်လီကွန်းဝန်ဆောင်မှုများ၌ ပွင့်လင်းမြင်သာမှု မြှင့်တင်ရေးနှင့် ဒစ်ဂျစ်တယ်ကုန်သွယ်မှုတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရေး စသည့် အဓိကကဏ္ဍကြီး ၅ ရပ်တွင် ကျယ်ပြန့်စွာလုပ်ဆောင်မည့် အစီအမံ ၄၁ ခုအား ထုတ်ပြန်ထားသည်။
WTO e-commerce သဘောတူညီချက်သည် နိုင်ငံပေါင်းစုံ ဒစ်ဂျစ်တယ်ကုန်သွယ်မှု စည်းမျဉ်းချမှတ်ခြင်းအတွက် တရုတ်နိုင်ငံ၏ အရေးပါသော အောင်မြင်မှုတစ်ခုဖြစ်ကြောင်း၊ အဆင့်မြင့်သော တံခါးဖွင့်လှစ်မှု မြှင့်တင်ရန်ဆက်လက်ကြိုးပမ်းဖော်ဆောင်သည့် သမိုင်းမှတ်တိုင်တစ်ခုအား စိုက်ထူနိုင်ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အလားတူ ယင်းသဘောတူညီချက်က ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ကုန်သွယ်မှုနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုအတွက် တည်ငြိမ်၍ ပွင့်လင်းမြင်သာမှုရှိပြီး ကြိုတင်ခန့်မှန်းနိုင်သော စည်းကမ်းထိန်းသိမ်းမှုပတ်ဝန်းကျင် ထောက်ပံ့ပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ကုန်သွယ်မှုတွင် စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းများအတွက်လည်း အကျိုးဖြစ်ထွန်းစေမည်ဟု မျှော်လင့်ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်လောင်းပြောကြားသည်။
တရုတ်နိုင်ငံ၊ ဥရောပသမဂ္ဂနှင့် ဩစတြေးလျနိုင်ငံများအပါအဝင် WTO အဖွဲ့ဝင်နိုင်ငံပေါင်း ၇၁ နိုင်ငံက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစကာ ၅ နှစ်ကျော်ကြာ ဆွေးနွေးညှိနှိုင်းမှုများပြီးနောက် e-commerce သဘောတူညီမှု အဆင့်သို့ ရောက်ရှိခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူ၏ ပြောကြားမှုအရ သိရသည်။
အဆိုပါသဘောတူညီချက်တွင် e-commerce အတွက် အဓိက စည်းမျဉ်းများချမှတ်မှု ပါဝင်ပြီး အီလက်ထရောနစ်ဆိုင်ရာလုပ်ငန်းများ၊ အီလက်ထရောနစ် စစ်မှန်သောအထောက်အထားနှင့် လက်မှတ်ရေးထိုးမှုများ၊ စာရွက်စာတမ်းမပါသော ကုန်သွယ်မှုများအတွက် မူဘောင်စည်းမျဉ်းများ ပါဝင်ကြောင်း သိရသည်။
အလားတူ အကောက်ခွန်စနစ်ကင်းလွတ်ကာ အီလက်ထရောနစ်ဆိုင်ရာ လွဲပြောင်းမှုများနှင့် ငွေပေးချေမှုလုပ်ငန်းစဥ်များအား ပိုမိုချောမွေ့လွယ်ကူစေပြီး ရေရည်ကောင်းမွန်သော ယန္တရားတစ်ရပ်ကို ထူထောင်ရေးအတွက် သိသာထင်ရှားသောခြေလှမ်းများ စတင်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။
WTO ၏ လုပ်ငန်းစဉ်များအောက်တွင် တရုတ်နိုင်ငံအပါအဝင် အဆိုပါသဘောတူညီချက်၌ ပါဝင်သည့်အဖွဲ့ဝင်အားလုံးက အများသဘောတူညီမှုများနှင့်အညီ WTO မူဘောင်အတွင်းသို့ ဘုံ သဘောတူညီချက်ရရှိရေးနှင့် အဆိုပါ ဘုံသဘောတူညီချက်ကို အကျိုးသက်ရောက်စေလိုကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအဆိုအရ သိရသည်။ (Xinhua)
…………………………..
(English Version)
China supports Beijing to pilot WTO e-commerce agreement
BEIJING, Sept. 12 (Xinhua) — Chinese authorities have issued a work plan to support Beijing for piloting the World Trade Organization (WTO) e-commerce agreement, according to the Ministry of Commerce on Friday.
The plan, jointly issued by five government bodies including the ministry, outlines 41 measures in five key areas to boost trade digitalization, improve data governance, optimize digital consumption environment, enhance transparency in telecom services, and expand international cooperation in digital trade.
The WTO e-commerce agreement marks an important achievement for China in multilateral digital trade rule-making and serves as a milestone in the country’s continued efforts to advance high-standard opening up, according to an official with the ministry.
It is expected to provide a stable, transparent and predictable regulatory environment for global digital trade and digital transformation, and benefit consumers and businesses participating in digital trade worldwide, the official added.
In December 2024, following more than five years of negotiations, 71 WTO members — including China, the European Union and Australia — formally reached the e-commerce agreement, the official said.
The pact incorporates key rules for e-commerce, including frameworks for electronic transactions, electronic authentication and signatures, and paperless trading. It also makes significant strides in establishing a long-term mechanism to exempt customs duties on electronic transmissions and facilitating electronic payments.
Under WTO procedures, the agreement’s participants, including China, are seeking consensus from all members to formally bring the agreement into the WTO framework and put it into effect, according to the ministry. ■
Photo:
Workers work at a warehouse in Longli County, southwest China’s Guizhou Province, June 18, 2024.(Photo by Yuan Fuhong/Xinhua)