Connect with us

မြန်မာ-ENG

အင်္ဂလန်အမျိုးသမီးဘောလုံးအသင်းနှင့် ဂါနာအမျိုးသမီးဘောလုံးအသင်း ခြေစမ်းပွဲကစားမည်

သြစတြေးလျနိုင်ငံ၊ အဒီလိုင်ဒီမြို့၌ ကစားခဲ့သော တရုတ်အမျိုးသမီးလက်ရွေးစင် ဘောလုံး အသင်းနှင့် အင်္ဂလန်အမျိုးသမီးလက်ရွေးစင်အသင်းတို့၏ ၂၀၂၃ ဖီဖာအမျိုးသမီးကမ္ဘာ့ဖလား အုပ်စုပွဲစဥ် တွင် တရုတ်အသင်းမှ Wang Shanshan (ဝဲ) နှင့် အင်္ဂလန်မှ အလက်ဆီယာရက်ဆိုတို့၏ ယှဥ်ပြိုင်ကစားနေမှုအား ၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

အက်ကာရာ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
ဂါနာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်း (အနက်ရောင်ဘုရင်မများ) မှာ ဒီဇင်ဘာ ၂ ရက်၌ အင်္ဂလန်အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းနှင့်ခြေစမ်းပွဲကစားမည်ဖြစ်ကြောင်း ဂါနာဘောလုံးအဖွဲ့ချုပ် (GFA) က စက်တင်ဘာ ၁၂ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
GFA ၏ ထုတ်ပြန်ချက်အရ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နှင့် ဂါနာဘောလုံးအဖွဲ့ချုပ်တို့အကြား ချစ်ကြည်ရေးခြေစမ်းပွဲကစားရန် သဘောတူညီမှုရခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါခြေစမ်းပွဲမှာ ၂၀၂၆ အာဖရိကနိုင်ငံများ အမျိုးသမီးဖလားပြိုင်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲများအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်ပြင်ဆင်နေသည့် ဂါနာအမျိုးသမီးဘောလုံးအသင်း၏ ပြိုင်ပွဲအကြို ပြင်ဆင်မှု အစိတ်အပိုင်းအဖြစ် ကစားခြင်းဖြစ်ကြောင်း သိရသည်။
” ကမ္ဘာ့ထိပ်တန်းအသင်းကြီးတွေထဲက တစ်သင်းလည်းဖြစ်၊ လက်ရှိ ဥရောပချန်ပီယံလည်းဖြစ်တဲ့ အင်္ဂလန်နဲ့ကစားရမယ့်ပွဲက ဂါနာအမျိုးသမီးဘောလုံးအသင်းအတွက် ခက်ခဲတဲ့စမ်းသပ်မှုတွေနဲ့အတူ အသင်းကို ပိုမိုအားကောင်းလာစေဖို့ မျှော်လင့်ထားပါတယ်” ဟု GFA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)
………………………
(English Version)
Ghana’s female national team to play England in football friendly
ACCRA, Sept. 12 (Xinhua)
The women’s national team of Ghana, the Black Queens, will face England in a friendly match on Dec. 2, the Ghana Football Association (GFA) announced on Friday.
According to the GFA, an agreement had been reached between the two federations for the football friendly.
The match comes off as part of Ghana’s preparations for all international assignments, including the 2026 African Women’s Cup of Nations.
“The fixture against England, one of the world’s top-ranked sides and reigning European champions, is expected to provide the Queens with a tough test that will sharpen the squad,” said the GFA. ■
Photo:
China’s Wang Shanshan (L) vies with England’s Alessia Russo during the Group D match between China and England at the 2023 FIFA Women’s World Cup in Adelaide, Australia, Aug. 1, 2023. (Xinhua/Ding Xu)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.