North America
ဂါဇာသဘောတူညီချက်အတွက် အရှေ့အလယ်ပိုင်းသို့ ယခုသီတင်းပတ်ကုန်၌ သွားရောက်ဖွယ်ရှိကြောင်း ထရမ့် ပြောကြား

ဝါရှင်တန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသဆိုင်ရာ သဘောတူညီချက်ကို ရရှိရန် အလွန်နီးစပ်နေပြီဖြစ်သောကြောင့် ၎င်းအနေဖြင့် ယခုသီတင်းပတ်ကုန်၌ အရှေ့အလယ်ပိုင်းသို့ သွားရောက်ဖွယ်ရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာ ၈ ရက်၌ ပြောကြားခဲ့သည်။
“စေ့စပ်ညှိနှိုင်းမှုတွေက တော်တော်လေးကိုအဆင်ပြေပါတယ်” ဟု ထရမ့်က အိမ်ဖြူတော်၌ ပြောကြားခဲ့သည်။ “ကျွန်တော် အဲဒီကို အခုသီတင်းပတ်ကုန်ခါနီးလောက်မှာ သွားဖြစ်မှာပါ” ဟုလည်း ထရမ့်က ပြောကြားခဲ့သည်။
အစ္စရေးနှင့် ဟားမတ်စ်တို့ကြား စေ့စပ်ညှိနှိုင်းမှုများမှာ အီဂျစ်ပင်လယ်နီအပန်းဖြေစခန်း Sharm el-Sheikh ၌ အောက်တိုဘာ ၈ ရက်တွင် တတိယမြောက်နေ့သို့ ရောက်ရှိလာပြီဖြစ်သည်။
အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် အထူးသံတမန် စတိဗ် ဝစ်တော့ဖ်နှင့် သမ္မတ ထရမ့်၏ သားမက် ဂျရက် ကွတ်ရှ်နာတို့လည်း ပါဝင်သည့် တစ်ဆင့်ခံဆွေးနွေးပွဲကို အီဂျစ်၊ ကာတာနှင့် တူကီယဲတို့မှ အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြသည်။
ဆွေနွေးလျက်ရှိသည့် ညှိနှိုင်းမှုများ အောင်မြင်ပါက အလားအလာရှိသော သဘောတူညီချက်တစ်ရပ်အတွက် လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ရန် ထရမ့်အား အီဂျစ်သမ္မတ အက်ဘ်ဒယ် ဖာတာ အယ်စီစီက အောက်တိုဘာ ၈ ရက်၌ ဖိတ်ကြားခဲ့သည်။
ယခုအချိန်တွင် ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသော်လည်း ဆွေးနွေးပွဲများမှာ အရေးကြီးသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………..
(English Version)
Trump says he may go to Middle East this weekend for Gaza deal
WASHINGTON, Oct. 8 (Xinhua) — U.S. President Donald Trump said Wednesday he may travel to the Middle East this weekend as a Gaza deal is “very close.”
“Negotiations are going along very well,” Trump said at the White House. “I may go there sometime toward the end of the week.”
Negotiations between Israel and Hamas entered their third day on Wednesday in the Egyptian Red Sea resort of Sharm el-Sheikh.
Senior officials from Egypt, Qatar and Türkiye joined the indirect talks, which also included U.S. Special Envoy to the Middle East Steve Witkoff and President Trump’s son-in-law Jared Kushner.
Egyptian President Abdel Fattah El-Sisi on Wednesday invited Trump to attend a signing ceremony for a potential agreement, should ongoing negotiations succeed.
For now, the talks have entered a critical phase, even as fighting continues in Gaza. ■
English Caption
U.S. President Donald Trump (L) welcomes Israeli Prime Minister Benjamin Netanyahu at the White House in Washington, D.C., the United States, on Sept. 29, 2025. (Xinhua/Hu Yousong)