Latin America
နိုင်ငံခေါင်းဆောင်အများအပြားထံ ပေးစာ ပေးပို့ခဲ့ပြီး အမေရိကန်က စွမ်းအင်အား “နိုင်ငံရေး အကျပ်ကိုင်မှုကိရိယာ” အဖြစ် သတ်မှတ်ခြင်းကို မာဒူရို ရှုတ်ချ
ကရာကတ်စ်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလားသမ္မတ မာဒူရိုက ဒီဇင်ဘာ ၂၂ ရက်တွင် လက်တင်အမေရိကနှင့် ကာရေဘီယံဒေသတွင်း နိုင်ငံခေါင်းဆောင်များထံ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ပြီး အမေရိကန်နိုင်ငံသည် စွမ်းအင်ကို စစ်လက်နက်နှင့် နိုင်ငံရေး အကျပ်ကိုင်မှုကိရိယာတစ်ခုအဖြစ် သတ်မှတ်ခြင်းကို ရှုတ်ချကာ သက်ဆိုင်ရာဘက်အသီးသီးအနေဖြင့် ပူးတွဲရင်ဆိုင်တုံ့ပြန်သည့် လှုပ်ရှားမှုများ လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီး Yvan Gil က ထိုနေ့တွင် ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီးဌာန၌ ဤအိတ်ဖွင့်ပေးစာကို ဖတ်ကြားခဲ့ခြင်းဖြစ်သည်။ မာဒူရိုက ဗင်နီဇွဲလားရေနံကုန်သွယ်မှုအား အမေရိကန်၏ ပိတ်ဆို့ခြင်းနှင့် ပင်လယ်ဓားပြဆန်သည့်လုပ်ရပ်များသည် နိုင်ငံတကာဈေးကွက်၏ စွမ်းအင်ထောက်ပံ့မှုနှင့် တည်ငြိမ်မှုကို ထိခိုက်စေပြီး လက်တင်အမေရိကနှင့် ကာရေဘီယံဒေသတွင်းမှသည် ကမ္ဘာ့စီးပွားရေးအထိပင် သက်ရောက်မှုရှိစေကြောင်း ပြောကြားခဲ့သည်။ ဘက်အသီးသီးအနေဖြင့် အမေရိကန်၏ စစ်ရေးခြိမ်းခြောက်မှုနှင့် ပင်လယ်ဓားပြ လုပ်ရပ်များကို စည်းလုံးညီညွတ်စွာ ရင်ဆိုင်တုံ့ပြန်ရန် တိုက်တွန်းခဲ့ပြီး အမေရိကန်၏ နိုင်ငံတကာဥပဒေနှင့် လူ့အခွင့်အရေးချိုးဖောက်မှုကို ရှုတ်ချခဲ့သည်။
အမေရိကန်၏ ထိုကဲ့သို့သော တစ်ဖက်သတ်လုပ်ရပ်များကို သည်းခံလိုက်လျောပါက ဒေသတွင်းတည်ငြိမ်မှုနှင့် ကမ္ဘာ့စွမ်းအင်လုံခြုံရေးကို ထိခိုက်ပျက်စီးစေမည်ဟု မာဒူရိုက သတိပေး ပြောကြားခဲ့သည်။ အမေရိကန်၏လုပ်ရပ်များကို စုံစမ်းစစ်ဆေးရန်၊ အရေးယူပိတ်ဆို့ရန်နှင့် ကာကွယ်ရန် နိုင်ငံစုံယန္တရားတစ်ခု စတင်လုပ်ဆောင်ရန် ၎င်းက အဆိုပြုခဲ့သည်။
ယခုလ ၁၀ ရက်မှစ၍ အမေရိကန်သည် ဗင်နီဇွဲလားအနီးရှိ ပင်လယ်ပြင်တွင် ဗင်နီဇွဲလားနှင့် ပတ်သက်သော ရေနံတင်သင်္ဘောများကို သုံးကြိမ်တိုင်တိုင် ကြားဖြတ်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။ အမေရိကန်သမ္မတ ထရမ့်က ဒီဇင်ဘာ ၁၆ ရက်တွင် ဗင်နီဇွဲလား၌ ဝင်ထွက်သွားလာမှုရှိသော၊ အမေရိကန်က ပိတ်ဆို့ထားသော ရေနံတင်သင်္ဘောအားလုံးကို “ဘက်စုံ အပြည့်အဝပိတ်ဆို့ရန်” အမိန့်ပေးခဲ့သည်။ လက်ရှိတွင် အမေရိကန်၏ ပိတ်ဆို့မှုစာရင်း၌ ပါဝင်သော ရေနံတင်သင်္ဘော ဒါဇင်နှင့်ချီသည် ဗင်နီဇွဲလားအနီးရှိ ပင်လယ်ပြင်၌ ရပ်ဆိုင်းထားကြောင်း အမေရိကန်မီဒီယာများက Tanker Trackers ဝက်ဘ်ဆိုက်မှ အချက်အလက်များကို ကိုးကား၍ သတင်းဖော်ပြထားသည်။
ရေနံတင်ပို့မှုသည် ဗင်နီဇွဲလားစီးပွားရေး၏ အရေးပါသော ထောက်တိုင်တစ်ခုဖြစ်သည်။ အမေရိကန်က ဗင်နီဇွဲလားတွင် အုပ်ချုပ်ရေးအာဏာ ပြောင်းလဲရန် ကြိုးစားနေခြင်း၊ လက်တင်အမေရိကတွင် စစ်ရေးတိုးချဲ့မှုများ ပြုလုပ်ခြင်းတို့ကို ဗင်နီဇွဲလားအစိုးရက အကြိမ်များစွာ ပြစ်တင်ပြောကြားခဲ့ပြီး အမေရိကန်က ရေနံတင်သင်္ဘောများကို ကြားဖြတ်တားဆီးသောလုပ်ရပ်သည် “ပင်လယ်ဓားပြ” လုပ်ရပ်ဟု ရှုတ်ချခဲ့သည်။
လအနည်းငယ်အကြာ ကာလတစ်လျှောက်တွင် အမေရိကန်သည် “မူးယစ်ဆေးဝါး အကြမ်းဖက်မှုဝါဒ” တိုက်ဖျက်ရေးကို အကြောင်းပြု၍ ဗင်နီဇွဲလားအနီးရှိ ကာရေဘီယံပင်လယ်ပြင်တွင် ရေတပ်နှင့် လေတပ်အင်အားများကို ကျယ်ကျယ်ပြန့်ပြန့် တပ်ဖြန့်ထားပြီး ယခုအချိန်ထိ ကာရေဘီယံနှင့် အရှေ့ပစိဖိတ်ဒေသတွင် အမေရိကန်က “မူးယစ်ဆေးဝါး ရောင်းဝယ်ရေး သင်္ဘော” ဆိုသည့် သင်္ဘောအစင်း ၃၀ ခန့်ကို နစ်မြုပ်အောင်ပစ်ခတ်ခဲ့ရာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရသည်။ အမေရိကန်က ရေနံတင်သင်္ဘောများကို ကြားဖြတ်ဖမ်းဆီးခြင်းသည် အမေရိကန်နှင့် ဗင်နီဇွဲလားအကြား တင်းမာမှုအခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။ (Xinhua)
………………
(Chinese Version)
马杜罗致信多国元首谴责美国把能源当作“政治胁迫工具”
新华社加拉加斯12月22日电(记者田睿)委内瑞拉总统马杜罗22日向拉美和加勒比地区国家元首致公开信,谴责美国把能源当作战争武器和政治胁迫工具,敦促各方采取联合应对行动。
委外长希尔当天在该国外交部宣读了这封公开信。马杜罗表示,美针对委石油贸易的封锁和海盗行径影响国际市场能源供给和稳定,波及拉美和加勒比地区乃至全球经济,呼吁各方团结应对美国的军事威胁与海盗行径,谴责美方违反国际法和侵犯人权。
马杜罗警告说,若纵容美方此类单边行径,地区稳定和全球能源安全将遭到破坏。他提议启动多边机制对美行径进行调查、制裁和防范。
自本月10日以来,美国已三次在委内瑞拉附近海域对涉委油轮实施拦截行动。美国总统特朗普16日下令对所有进出委内瑞拉的受美国制裁油轮实施“全面彻底的封锁”。美媒援引石油运输监测机构“油轮追踪”网站数据报道,目前有数十艘被列入美国制裁名单的油轮停留在委内瑞拉附近海域。
石油出口是委内瑞拉重要经济支柱。委内瑞拉政府多次指责美国试图在委实行政权更迭、在拉美进行军事扩张,谴责美拦截油轮的行为是海盗行径。
数月来,美方以打击“毒品恐怖主义”为由,在委内瑞拉附近加勒比海域部署大规模海空兵力,迄今在加勒比海和东太平洋击沉约30艘美方所谓“贩毒船”,造成逾百人死亡。美方拦截油轮行动进一步加剧了美委紧张局势。(完)
图说:12月22日,在委内瑞拉首都加拉加斯,委内瑞拉外长希尔(前)在该国外交部宣读马杜罗向拉美和加勒比地区国家元首所致公开信。新华社发
