Africa & Middle East
ဘေရွတ်မြို့နှင့် လက်ဘနွန်နိုင်ငံတောင်ပိုင်းကို အစ္စရေးစစ်တပ် တိုက်ခိုက်၊ ယခုအကြိမ် ပဋိပက္ခကြောင့် လက်ဘနွန်တွင် လူ ၆၈၇ ဦး သေဆုံး
ဘေရွတ်၊ မတ် ၁၃ ရက် (ဆင်ဟွာ)
လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်နှင့် လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာအဖွဲ့၏ သက်ဆိုင်ရာပစ်မှတ်များအပေါ် အသစ်တစ်ကြိမ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အစ္စရေး စစ်တပ်က မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။ မတ်လဆန်းပိုင်းမှစ၍ လက်ဘနွန်ဘက်တွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လူဦးရေ ၆၈၇ ဦး သေဆုံးခဲ့ကြောင်း လက်ဘနွန် အများပြည်သူကျန်းမာရေးဝန်ကြီးဌာနက အဆိုပါနေ့၌ ပြောကြားခဲ့သည်။ (Xinhua)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တစ်နေရာရှိ အဆောက်အအုံအား အစ္စရေး လေကြောင်းတိုက်ခိုက်ပြီးနောက် မီးခိုးများ မြင့်တက်လာသည်ကို ၂၀၂၆ ခုနှစ် မတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)



……………………..
(Chinese Version)
以军袭击贝鲁特和黎南部 本轮冲突已致黎巴嫩687人死亡
新华社照片,贝鲁特,2026年3月12日
以色列军方12日称,对位于黎巴嫩首都贝鲁特和黎南部的真主党相关目标发动新一轮袭击。黎巴嫩公共卫生部当天表示,3月初以来,黎方已有687人死于以色列的袭击。
图说1:3月12日,黎巴嫩贝鲁特一处建筑在以色列空袭中被击中。 新华社发(比拉尔·贾维希摄)
图说2:3月12日,黎巴嫩贝鲁特一处建筑遭到以色列空袭后升起浓烟。新华社发(比拉尔·贾维希摄)
