Environment, Disasters & Accidents
မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့၌ ဇီဝိတဒါနငါးလွှတ်ပွဲအဖြစ် ငါးသားပေါက်ကောင်ရေ ၁၀,၀၀၀ လွှတ်ပေး
ဖျာပုံ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ငါးသယံဇာတ တိုးပွားလာစေရန် ရည်ရွယ်၍ ခရိုင်/မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်၍ ဇီဝိတဒါနအဖြစ် ဖျာပုံမြစ်အတွင်းသို့ ငါးမြစ်ချင်းငါးသားပေါက်နှင့် ငါးခုံးမငါးသားပေါက်များကို ငါးလုပ်ငန်းဦးစီးဌာနဆိပ်ကမ်းမှ ဖျာပုံမြစ်အတွင်းသို့ ဧပြီလ ၁၇ ရက် နံနက်ပိုင်းက ဇီဝိတဒါနအဖြစ် ငါးလွှတ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဇီဝိတဒါန ငါးလွှတ်ပွဲ၌ ဇီဝိတဒါနအဖြစ် ဖျာပုံမြစ်အတွင်းသို့ ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ ၅,၀၀၀ နှင့် ငါးခုံးမငါးသားပေါက်ကောင်ရေ ၅,၀၀၀ စုစုပေါင်း ငါးကောင်ရေ ၁၀,၀၀၀ အား လွှတ်ပေးခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးမှ သိရသည်။ (Xinhua)

