Connect with us

Politics, Law & Military

ဝမ်ရိနှင့် နမီးဘီးယားနိုင်ငံခြားရေးဝန်ကြီး Selma Ashipala-Musavyi တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် နမီးဘီးယားနိုင်ငံ နိုင်ငံတကာဆက်ဆံရေးနှင့် ကုန်သွယ်ရေးဝန်ကြီး Selma Ashipala-Musavyi တို့ တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် ၂၀၂၆ ခုနှစ် ဧပြီ ၁၇ ရက်က တွေ့ဆုံနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် နမီးဘီးယားနိုင်ငံခြားရေးဝန်ကြီး Selma Ashipala-Musavyi တို့ ဧပြီ ၁၇ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဝမ်ရိက တရုတ်-နမီးဘီးယား ပူးပေါင်းဆောင်ရွက်မှုအား တိုးတက်နက်ရှိုင်းအောင် ဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံပြည်သူများ၏ မျှော်လင့်ချက်နှင့် ကိုက်ညီမှုရှိပြီး တရုတ်-အာဖရိကဆက်ဆံရေး တိုးတက်မှုနှင့် လိုက်လျောညီထွေဖြစ်ကာ ကမ္ဘာ့တောင်ဘက်ခြမ်း၏ စည်းလုံးညီညွတ်မှုနှင့် မိမိကိုယ်ကိုအားကိုးမှုကို ဖော်ပြမှုလည်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နမီးဘီးယားဘက်နှင့်အတူ နှစ်နိုင်ငံအကြီးအကဲများ၏ အရေးကြီးသဘောတူညီချက်များကို ကောင်းမွန်စွာ အကောင်အထည်ဖော်ကာ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာချိတ်ဆက်မှုအား မြှင့်တင်ပြီး တရုတ်နိုင်ငံ၏ အခွန်သုညမူဝါဒအကျိုးအမြတ်အား ကောင်းမွန်စွာ အသုံးချ၍ စိုက်ပျိုးရေး၊ ပြည်သူများ၏လူနေမှုဘဝ၊ လူငယ် စသည့် အဓိကကဏ္ဍစီမံကိန်းများကို တွန်းအားပေး ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Selma Ashipala-Musavyi က နမီးဘီးယား-တရုတ် နှစ်နိုင်ငံသည် အစဉ်အလာမိတ်ဖက်နှင့် စစ်မှန်ရိုးသားသောမိတ်ဆွေများဖြစ်ကြောင်း၊ နမီးဘီးယားအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံမှုကို နီးကပ်စွာလုပ်ဆောင်ပြီး ကဏ္ဍစုံပူးပေါင်းဖလှယ်မှုကို တိုးချဲ့ကာ နှစ်နိုင်ငံဆက်ဆံရေးက ပိုမိုမြင့်မားသော အဆင့်သစ်သို့ တိုးတက်ရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း၊ နမီးဘီးယားနိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖိန်က အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်အား ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။ (Xinhua)

————————————————————–

(Chinese Version)

王毅同纳米比亚外长穆萨维伊会谈

新华社北京4月17日电(记者万倩仪)中共中央政治局委员、外交部长王毅17日在北京同纳米比亚外长穆萨维伊举行会谈。

王毅表示,发展深化中纳合作符合两国人民期待,顺应中非关系发展大势,更是全球南方联合自强的体现。中方愿同纳方一道,落实好两国元首重要共识,加强发展战略对接,用好中方零关税政策红利,推进农业、民生、青年等重点领域项目。

穆萨维伊表示,纳中两国是传统伙伴和真诚朋友。纳方期盼同中方密切高层交往,拓展各领域交流合作,推动两国关系迈向新的更高水平。纳方支持习近平主席提出的四大全球倡议。

English Caption – Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, holds talks with Namibia’s Minister of International Relations and Trade Selma Ashipala-Musavyi, in Beijing, capital of China, April 17, 2026. (Xinhua/Li Xin)