Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၄၂) ဦး ထပ်မံစစ်ဆေးတွေ့ရှိ

COVID-19 ရောဂါကာကွယ်ရေးအဖြစ် နှာချောင်းစည်းများ တပ်ဆင်သွားလာစဉ်(ဆင်ဟွာ)

 

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ယနေ့ (စက်တင်ဘာ ၁၀ ရက်) ညပိုင်း၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၄၂) ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၀၄၇)ခု အား စစ်ဆေးရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၄၂) ဦး တွေ့ရှိခဲ့ကြောင်း၊ လက်ရှိ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂,၁၅၀) ဦးရှိလာကြောင်း သိရသည်။ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် ဆေးရုံးဆင်းလူနာ (၇၂) ဦးရှိသဖြင့် စုစုပေါင်း (၆၂၅) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးကြောင်း သိရသည်။  ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၁၄)ဦး ရှိကြောင်း သိရသည်။ (Xinhua)