Connect with us

Europe

ချီလီနိုင်ငံတွင် COVID-19 ကာကွယ်ဆေး ထိုးနှံပြီးသူ ၅ သန်းကျော်ရှိ

ချီလီနိုင်ငံ Vina del Mar မြို့ရှိ ကာကွယ်ဆေးထိုးနှံခြင်းစင်တာတစ်ခုတွင် သက်ကြီးရွယ်အိုတစ်ဦးအတွက် COVID-19 ကာကွယ်ဆေးထိုးနှံရန် ပြင်ဆင်နေသော ကျန်းမာရေးဝန်ထမ်းတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဆန်တီရာဂို၊ မတ် ၁၇ ရက် (ဆင်ဟွာ)

ချီလီနိုင်ငံတွင် လူထုကာကွယ်ဆေးထိုးနှံခြင်းကမ်ပိန်း စတင်ခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်မှစ၍ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်ရေး ကာကွယ်ဆေး ထိုးနှံပြီးသူ အရေအတွက်မှာ မတ် ၁၆ ရက်၌ ၅ သန်းကျော်ရှိလာသည့် သမိုင်းမှတ်တိုင်ဖြစ်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပြီးသူ ၂,၁၃၆,၀၇၉ ဦး အပါအဝင် လူပေါင်း ၅,၀၁၁,၅၁၇ ခန့်မှာ အနည်းဆုံး ကာကွယ်ဆေးတစ်ကြိမ်စီ ထိုးနှံထားပြီးဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။“ဒီအောင်မြင်မှုက ချီလီနိုင်ငံသားအားလုံးရဲ့ ကောင်းမြတ်ခြင်းနဲ့ ပိုင်ဆိုင်မှုတစ်ခုပဲ ဖြစ်ပါတယ်” ဟု အမျိုးသား ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ် ရည်မှန်းချက်သို့ ရောက်ရှိခြင်း အထိမ်းအမှတ်အဖြစ် ကိုယ်စားလှယ်များနှင့် ပြုလုပ်သော အစည်းအဝေးပြီးနောက် သတင်းစာရှင်းလင်းပွဲ၌ ချီလီ သမ္မတ Sebastian Pinera က ပြောခဲ့သည်။

ပထမဆုံး ကာကွယ်ဆေးထိုးနှံခံရသူများမှာ ကျန်းမာရေးဝန်ထမ်းများ၊ ကျန်းမာရေးအခြေအနေရှိသူများနှင့် အသက်အရွယ်ကြီးသူများဖြစ်ကြောင်း သိရသည်။ချီလီနိုင်ငံသားတွေအားလုံး ကာကွယ်ဆေးထိုးဖို့က ခက်ခဲတဲ့အလုပ်၊ အတားအဆီးတွေအပြည့်နဲ့ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ဖြတ်ကျော်လာခဲ့ပါပြီ။ လူထုကာကွယ်ဆေးထိုးနှံခြင်း နောက်တစ်ဆင့်ကို အသက် ၅၀ နှစ်နဲ့ ၅၉ နှစ်ကြား ပြည်သူတွေကို မတ် ၂၄ ရက်ကစတင်သွားမှာဖြစ်ပါတယ်” ဟု Pinera က ဖြည့်စွက်ပြောခဲ့သည်။

“ကျွန်တော်တို့ ချီလီနိုင်ငံသားတွေအားလုံးကို ပေးထားတဲ့ ဒုတိယမြောက်ကတိကဝတ်ကို ဖြည့်ဆည်းပေးဖို့ မနေမနား လုပ်ကိုင်နေပါတယ်။ ယခုနှစ် နှစ်ဝက်မှာ သတ်မှတ်ထားတဲ့လူဦးရေ ပြည်သူ ၁၅ သန်း ကာကွယ်ဆေးထိုးနှံပေးဖို့ဖြစ်ပါတယ်” ဟု သမ္မတက ပြောခဲ့သည်။ အဆိုပါ ကိန်းဂဏန်းသည် စုစုပေါင်း လူဦးရေ၏ ၈၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ချီလီနိုင်ငံတွင် ကပ်ရောဂါစတင်ဖြစ်ပွားစဉ်ကတည်းက COVID-19 ရောဂါဖြစ်ပွားသူ ၉၀၀,၇၈၂ ဦးခန့်ရှိပြီး သေဆုံးသူ ၂၁,၇၈၉ ဦးရှိကြောင်း သိရသည်။ (Xinhua)

——————————————-
(English Version)

More than 5 mln people get COVID-19 jab in Chile

SANTIAGO, March 16 (Xinhua) — Chile on Tuesday marked the milestone of having vaccinated more than 5 million people against the novel coronavirus disease (COVID-19) since a mass vaccination campaign was launched Feb. 3, the Ministry of Health said.

Some 5,011,517 people have been inoculated with at least one dose, including 2,136,079 people who have already gotten their second jab, the ministry said.
“This achievement is a merit and belongs to all Chileans,” Chile’s President Sebastian Pinera said at a press conference, after meeting with representatives of the National Immunization Plan to celebrate reaching the goal.

Those first to get vaccinated were healthcare workers, people with medical conditions and older adults.
“Ensuring vaccines for all Chileans has been a difficult task, full of obstacles, but we came through,” said Pinera, adding the next phase of mass vaccination will begin March 24 for people between 50 and 59 years of age.

“We are all working tirelessly to fulfill the second commitment we made to Chileans: to vaccinate the entire target population, that is 15 million people in the first half of this year,” said the president. The figure represents 80 percent of the total population.

According to the ministry, some 900,782 people in Chile have tested positive for COVID-19 since the onset of the pandemic, and 21,789 have died from the disease. ■
1-A medical worker prepares COVID-19 vaccine for the elderly people at a vaccination site in Vina del Mar, Chile, Feb. 8, 2021. (Photo by Jorge Villegas/Xinhua)