Connect with us

WORLD

အာဂျင်တီးနားနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားသူ ၂ ဒသမ ၅ သန်းကျော် ရှိလာ

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့၌ နှာခေါင်းစည်းတပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ဗျူနိုအေးရိစ် ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ၌ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသူ အရေအတွက်မှာ ၂,၅၁၇,၃၀၀ ဦးထိ မြင့်တက်လာခဲ့ပြီး သေဆုံးသူ ၅၇,၆၄၈ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သောရက်က COVID-19 လူနာသစ် ၁၉,၄၁၉ ဦး နှင့်အတူ သေဆုံးသူ ၂၉၇ ဦး ရှိခဲ့ကြောင်း သိရသည်။အာဂျင်တီးနားနိုင်ငံ၌ COVID-19 ရောဂါပြန်လည်သက်လာသူ ၂,၂၁၇,၇၈၃ ဦးနှင့်အတူ လက်ရှိတွင် လူနာ ၂၄၁,၈၇၀ ဦး ကျန်ရှိနေသေးကြောင်း နှင့် လူနာ ၃,၇၆၁ ဦးမှာ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုခံယူနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

ဧပြီ ၉ ရက်မှ စတင်၍ တာဝန်ရှိသူများက ဒေသစံတော်ချိန် နံနက်0:00 နှင့် ၆ နာရီအတွင်း ပြည်သူများ၏ သွားလာလှုပ်ရှားမှုကို တားမြစ်ခဲ့ပြီး ဘားများနှင့် စားသောက်ဆိုင်များအား ဒေသစံတော်ချိန် ည၁၁ မှ နံနက် ၆ နာရီအကြား ပိတ်သိမ်းရန် အမိန့်ထုတ်ပြန်ခဲ့သည်။

လုံခြုံရေးဝန်ကြီးဌာနက သွားလာလှုပ်ရှားမှုကို ကန့်သတ်သည့် အစီအမံများနှင့် အတူ လိုက်နာမှုကို စောင့်ကြည့်ရန် နိုင်ငံတစ်ဝှမ်း တပ်ဖွဲ့များအား ချထားခဲ့ကြောင်း ဧပြီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အာဂျင်တီးနားနိုင်ငံ၌ COVID-19 တိုက်ဖျက်ရေးအတွက် ဒီဇင်ဘာ ၂၉ ရက်တွင် ကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှုအား စတင်ခဲ့ပြီး ယခုထိ ကာကွယ်ဆေး အလုံးပေါင်း ၅,၂၈၂,၇၆၃ ဦးအား ထိုးနှံခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua) 

———————————————-
(English Version)
Argentina surpasses 2.5 mln cases of COVID-19
BUENOS AIRES, April 10 (Xinhua) — The Argentinean Ministry of Health reported on Saturday that the number of cases of the novel coronavirus in the country has risen to 2,517,300, with 57,647 deaths.
Over the last day, 297 new deaths were reported along with 19,419 new cases.
There are currently 241,870 active cases in the country, according to the ministry, with 2,217,783 people having recovered from the disease, though 3,761 patients are hospitalized in intensive care.
Starting on Friday, authorities prohibited the movement of people between 0:00 and 6:00 local time, and ordered the closure of bars and restaurants between 23:00 and 6:00 local time.
The Security Ministry reported on Saturday that it had deployed forces throughout the country to monitor compliance with measures restricting movement.
Argentina began its vaccination campaign against COVID-19 on Dec. 29 and has so far administered 5,282,763 doses of vaccine. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.