Connect with us

WORLD

ပြင်သစ်နိုင်ငံတွင် အသက် (၅၅)နှစ်အောက်ရှိသူများကို ဒုတိယမြောက် ကိုဗစ်ကာကွယ်ဆေးတစ်မျိုး ပြောင်းလဲထိုးနှံပေးမည်ဟု ဆို

ပြင်သစ်နိုင်ငံ မြောက်ပိုင်း Tourcoingမြို့တွင် မတ် ၁၉ ရက်က ရိုက်ကူးခဲ့သည့် AstraZeneca ကိုဗစ်ကာကွယ်ဆေးအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

AstraZeneca ကာကွယ်ဆေးတွင် ဘေးထွက်ဆိုးကျိုးများရှိနိုင်ခြင်းကြောင့် ယင်းကာကွယ်ဆေး ပထမတစ်လုံးထိုးနှံပြီးသည့် အသက် (၅၅)အောက်ရှိသူ လူအုပ်စုများကို ဒုတိယမြောက်ကာကွယ်ဆေး အခြားအမျိုးအစား တစ်ခု ပြောင်းလဲထိုးနှံပေးမည်ဖြစ်ကြောင်း ပြင်သစ်အစိုးရက ဧပြီ ၉ ရက်တွင် ပြောကြားခဲ့သည်။

အမျိုးအစားမတူသည့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံရန် အချက်အလက်ထောက်ပံ့မှု အပြည့်အဝမရှိသေးကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)က သတိပေးပြောကြားထားသည်။
သွေးခဲတတ်ခြင်းက AstraZenecaကိုဗစ်ကာကွယ်ဆေးတွင် တွေ့ရခဲသည့် ဘေးထွက်ဆိုးကျိုးအနေဖြင့် ထည့်သွင်းသင့်ကြောင်း ဥရောပဆေးဝါးအေဂျင်စီ(EMA)က ဧပြီ ၇ ရက်တွင် ‌ကြေညာခဲ့သည်။ အသက်အန္တရာယ်ဖြစ်စေသည့် သွေးခဲမှုက ကာကွယ်ဆေးထိုးနှံပြီးသူ သက်ငယ်ပိုင်းများ အဖြစ်များခြင်းကြောင့် AstraZenecaကိုဗစ်ကာကွယ်ဆေးကို အသက်(၅၅)နှစ်နှင့်အထက် လူအုပ်စုများကို ထိုးနှံပေးသင့်ကြောင်း ပြင်သစ် ကျန်းမာရေးအဆင့်မြင့်အာဏာပိုင်အဖွဲ့က မတ်လပိုင်းတွင် ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံ မြောက်ပိုင်း Tourcoingမြို့တွင် အဘိုးအိုတစ်ဦးအား AstraZeneca ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေသည်ကို မတ် ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အသက်(၅၅)နှစ်အောက် AstraZenecaကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူသည် ယင်းကာကွယ်ဆေးကိုပဲ ဆက်လက်ထိုးနှံသင့်ကြောင်း ပြင်သစ်အစိုးရအရာရှိတစ်ဦးက ထိုမတိုင်မီပြောကြားခဲ့သော်လည်း ကျန်းမာရေးအဆင့်မြင့်အာဏာပိုင်အဖွဲ့က ထိုလူအုပ်စုများ၏ ဒုတိယမြောက်ကာကွယ်ဆေးကို Pfizer-BioNTech သို့မဟုတ် Moderna ကာကွယ်ဆေး ပြောင်းသုံးမည်ဟု ဆိုသည်။

ပြင်သစ်နိုင်ငံ ပါရီမြို့အနီ Saint-Denisတွင် ကာကွယ်ဆေးထိုးနှံပေးရေးလုပ်ငန်းများဆောင်ရွက်ရန် ပြင်ဆင်နေသည့် ဝန်ထမ်းတစ်ဦးအား မတ် ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပြင်သစ်တွင် AstraZeneca ကာကွယ်ဆေးထိုးနှံမှုအတွက် ဒုတိယအကြိမ်ထိုးနှံမှုကို ရက်သတ္တပတ်(၁၂)ပတ်ခြား၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါအဆုံးဖြတ်ချက်သည် လူပေါင်း (၅၃၃,၀၀၀)ခန့်ကို သက်ရောက်နိုင်ကြောင်း၊ ၎င်းတို့တွင် ဖေဖော်ဝါရီ ၈ ရက်က AstraZenecaကိုဗစ်ကာကွယ်ဆေး ပထမတစ်လုံးထိုးနှံထားသည့် အသက်(၄၀)အရွယ် ပြင်သစ် ကျန်းမာရေးဝန်ကြီးOlivier Veranလည်းပါဝင်ကြောင်း ပြင်သစ် ကျန်းမာရေးအဆင့်မြင့်အာဏာပိုင်အဖွဲ့က ဆိုသည်။

“ပိုမိုများပြားတဲ့အချက်အလက်တွေကို မသိသေးတဲ့အချိန်မှာ ကျွန်တော်တို့က အသက်(၅၅)နှစ်အောက် လူအုပ်စုကို AstraZenecaကိုဗစ်ကာကွယ်ဆေးထိုးဖို့ အကြံမပြုပါဘူး။ ဒါကြောင့် ကာကွယ်ဆေး ပထမတစ်လုံးထိုးပြီးပြီ အသက်က(၅၅)နှစ်အောက် ဖြစ်တယ်ဆိုရင် (၁၂)ပတ်အကြာမှာ အခြားကာကွယ်ဆေး ထိုးပေးမှာ ဖြစ်ပါတယ်”ဟု Olivier Veranက ဆိုသည်။

ထိုသို့ကာကွယ်ဆေးရောနှော ထိုးနှံခြင်းနှင့်စပ်လျဉ်း၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Margaret Harrisက “ဒီလိုဆောင်ရွက်လို့ရတယ်ဆိုတဲ့ အချက်အလက်တွေ ပြည့်ပြည့်စုံစုံမရှိသေးဘူးဆိုရင် ဆေးထိုးရင်းတစ်ဝက်နဲ့ အခြားကာကွယ်‌ဆေး ပြောင်းထိုးလို့ရတယ်ဆိုတဲ့အကြံပြုချက် မပေးပါဘူး”ဟု ဆိုသည်။

ပြင်သစ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများ ယခုကာလများအတွင်း အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဧပြီ ၈ ရက်တွင် ကာကွယ်ဆေးထိုးနှံပြီးသူ (၄၃၇,၀၀၀)ရှိပြီး စုစုပေါင်း (၁၀)သန်းကျော်သည် အနည်းဆုံး ကိုဗစ်ကာကွယ်ဆေး ပထမတစ်လုံး ထိုးနှံပြီးဖြစ်ကြောင်း ပြင်သစ်ဝန်ကြီးချုပ်Jean Castexက ဧပြီ ၈ ရက်တွင် ပြောကြားခဲ့သည်။(Xinhua)
———————————————-
(Chinese Version)

法国将为55岁以下接种者更换第二针疫苗

  新华社北京4月10日电(记者刘秀玲)法国政府9日说,鉴于阿斯利康疫苗可能引发的副作用,将为已经接种第一剂阿斯利康疫苗的55岁以下人群提供不同种类的第二剂疫苗。
世界卫生组织警告,没有充分数据支持接种两剂不同的新冠疫苗。
欧洲药品管理局7日宣布,发生血栓并伴随低血小板应被列为阿斯利康疫苗的罕见副作用。法国卫生高级总署3月说,由于出现可能致命血栓的报告主要集中在接种的年轻人群当中,阿斯利康疫苗应用于55岁及以上人群接种。
 法国政府官员先前说,55岁以下已接种第一剂阿斯利康疫苗的人应该继续接种这款疫苗,但卫生高级总署说,这类人群第二剂疫苗将改用美国辉瑞制药公司和德国生物新技术公司联合研发的疫苗,或者美国莫德纳公司研发的疫苗。
法国两剂阿斯利康疫苗接种间隔12周。
  卫生高级总署说,上述决定将影响大约53.3万人,包括40岁的法国卫生部长奥利维耶•韦朗,他2月8日接种第一剂阿斯利康疫苗。
 “在了解更多信息之前,我们不建议55岁以下人群接种阿斯利康疫苗,”韦朗说,“因此,如果你打了第一针且年龄小于55岁,我们会在你打第一针12周后提供另一款疫苗。”
 就“混搭”疫苗的做法,世卫组织发言人玛格丽特•哈里斯说:“没有充分数据能够说明这种做法可行……我们无法就中途换疫苗给出建议。”  
  法国新冠疫苗接种进度近期加快。总理让•卡斯泰8日说,法国当天为43.7万人接种疫苗,累计超过1000万法国人已接种至少一剂疫苗。

图说1:这是3月19日在法国北部城市图尔宽拍摄的阿斯利康新冠疫苗。(新华社发,塞巴斯蒂安•库尔吉摄)
图说2:3月19日,在法国北部城市图尔宽,药剂师为一位老人接种阿斯利康新冠疫苗。(新华社发,塞巴斯蒂安•库尔吉摄)
图说3:3月31日,在法国巴黎附近的圣丹尼,工作人员在法兰西体育场内设立的新冠疫苗接种中心做准备工作。(新华社发,奥雷利安•莫里萨尔摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.