Connect with us

Social

မြန်မာလုပ်သားများ အမျိုးသားအဆင့် ကျွမ်းကျင်မှု လက်မှတ် ရှိသင့်ဟု ဒုတိယ သမ္မတပြော

ဒုတိယ သမ္မတ ဦးမြင့်ဆွေက အမျိုးသားအဆင့် လုပ်သားထု ဆိုင်ရာ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သူ ၃၂ သန်းခန့် ရှိသော်လည်း unskilled labour က များနေသဖြင့် training center များအပြင် testing center များပါ ဖွင့်လှစ်၍ အမျိုးသား အဆင့် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးထားဖို့ လိုသည်ဟု ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေက အမျိုးသားအဆင့် လုပ်သားထု ဆိုင်ရာ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် ပြောခဲ့သည်။

“မြန်မာနိုင်ငံ လူဦးရေ ၅၁ ဒသမ ၄ သန်းမှာ လုပ်သားအင်အား ပါဝင်နှုန်းက ၆၇ ရာခိုင်နှုန်း ရှိပါတယ်။ Unskilled တွေက များနေလို့ ပြည်ပက ဝင်လာမယ့် FDI တွေအတွက် semi skilled နဲ့skilled worker တွေ မွေးထုတ်ပေးဖို့ ၊ လုပ်ငန်းခွင် ကျွမ်းကျင်မှုတွေ မြှင့်တင်ပေးဖို့၊ အာဆီယံ ဒေသတွင်း ကျွမ်းကျင် လုပ်သားများ အဖြစ် လွတ်လပ်စွာ ရွှေ့ပြောင်း လုပ်ကိုင်ရာမှာ skilled worker တွေ ဖြစ်ဖို့Vocational training center တွေ အပြင် testing center တွေပါ တည်ထောင်ပြီး အမျိုးသားအဆင့် ကျွမ်းကျင်မှု အဆင့်အတန်းများ စိစစ် အကဲဖြတ်ပေးပြီး အမျိုးသား အဆင့် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ် ထုတ်ပေးထားဖို့လိုပါတယ်” ဟု နေပြည်တော် MICC II မေလ ၂၇ ၊ ၂၈ နှစ်ရက် ကျင်းပသည့် “အမျိုးသားအဆင့် လုပ်သားထု ဆိုင်ရာ ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲ” ၏ အဖွင့် မိန့်ခွန်းတွင် ဒုတိယ သမ္မတက ထည့်သွင်း ပြောကြား ခဲ့သည်။

အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ က အမျိုးသားအဆင့် လုပ်သားထု ဆိုင်ရာ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

အမျိုးသားအဆင့် လုပ်သားထု ဆိုင်ရာ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများ အားတွေ့ရစဉ် (ဆင်ဟွာ)

အမျိုးသားအဆင့် လုပ်သားထု ဆိုင်ရာ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများ အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)
အဆိုပါ ဆွေးနွေးပွဲကို လုပ်သားထု ကျွမ်းကျင် ဖွံ့ဖြိုးမှု တိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ ၂၀၁၃ ခုနှစ်တွင် ပြဌာန်းခဲ့သည့် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရေး ဥပဒေအရ ဆောင်ရွက်နေမှုများကို မျှဝေပေးရန်၊ ထိုလုပ်ငန်းတွင် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး အတွက် နည်းလမ်းများ သတ်မှတ်ရန်၊ အသုံးပြုနိုင်သည့် နည်းလမ်းများ ထားရှိ ဆောင်ရွက်နိုင်ရန် မူဝါဒများ၊ ဥပဒေများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ အကြံပြုချက်များ ရှာဖွေ ဖော်ထုတ်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ဂျာမန် ဖွံံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(GIZ:_ German Development Cooperation), ILO, ADB, Luxdev, SDC:_ Swiss Agency for Development and Cooperation Swiss contact အဖွဲ့များ၏ အကူအညီဖြင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် ပြည်သူအင်အား ဝန်ကြီးဌာနက ဦးစီး ကျင်းပခြင်းဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့မှ အလုပ်သမားရေးရာ ဝန်ကြီးများ၊ မြန်မာနိုင်ငံ အလုပ်အကိုင်နှင့် ကျွမ်းကျင်ရေး ဗဟို အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု စံ သတ်မှတ်ပြဌာန်းရေးအဖွဲ့ဝင်များ၊ GIZ:_ German Development Cooperation), ILO, ADB, Luxdev, SDC:_ Swiss Agency for Development and Cooperation Swiss contact, IOM, UNESCO, UNOPS, British Council and Cooperation စသည့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အပါအဝင် ပြည်တွင်းပြည်ပမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အထူး ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲ ပထမနေ့တွင် မြန်မာလုပ်သားထု ကျွမ်းကျင် ဖွံ့ဖြိုးမှု တိုးတက်ရေး အတွက် အစိုးနှင့် ပုဂ္ဂလိက ပူးပေါင်း ပါဝင် ဆောင်ရွက်မှုအပေါ် ဆွေးနွေးကြပြီး ဒုတိယနေ့တွင် ကဏ္ဍတစ်ခုချင်း အလိုက် အုပ်စု သုံးစု ခွဲပြီး ဆွေးနွေးကြမည်ဟု ဆွေးနွေးပွဲ အစီအစဉ်တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.