Agriculture
တရုတ်နိုင်ငံ၏ စပ်မျိုးစပါး တီထွင်ဖန်တီးသူ သိပ္ပံပညာရှင် ယွမ်လုံဖိန်
ချန်ရှား၊ မေ ၂၆ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှားမြို့ မိန်ယန်တောင်ဈာပနခန်းမတွင် မေ ၂၄ ရက် နံနက်ပိုင်းက စိုက်ပျိုးရေး သိပ္ပံပညာရှင် ယွမ်လုံဖိန်ကို လူထုက လာရောက်စုရုံးပို့ဆောင်ခဲ့ကြသည်။ယွမ်လုံဖိန်ပြောခဲ့သည့် “လူဟာ စပါးမျိုးစေ့ဖြစ်မယ်ရင် မျိုးစေ့ကောင်းဖြစ်ဖို့ ကြိုးစားအားထုတ်ရမယ်”ဆိုသည့် စကားကဲ့သို့ပင် ယနေ့အခါ ယွမ်လုံဖိန်၏အကျိုးဆောင်မှုသည် ၎င်းတီထွင်ဖန်တီးခဲ့သည့်စပါးမျိုးစေ့ကောင်းကဲ့သို့ပင် ပြည်သူလူထု၏စိတ်ထဲတွင် အမြစ်တွယ်စွဲမြဲအမှတ်ရစေခဲ့သည်။
သူသည် လွတ်လပ်မှုကို မြတ်နိုးနှစ်ခြိုက်သူဖြစ်သည်။ ရုံးတက်ချိန်တွင် တိုင်းမ်ကဒ်မထိုးတတ်သော်လည်း အလုပ်လုပ် လယ်ထဲဆင်းသည့်အခါ အတက်ကြွအပျော်ရွှင်ဆုံးသူဖြစ်သည်။
စံပြလူသားဖြစ်သလို သာမန်ရိုးရိုးသည့်လူသားတစ်ဦးလည်း ဖြစ်သည့် ယွမ်လုံဖိန်၏မိသားစု၊ လုပ်ဖော်ကိုင်ဖက်များ၏ စကားသံများအသေးစိတ်နားဆင်ကြည့်မည်ဆိုလျှင် သူ့ဘဝသူ့စိတ်ထဲတွင် အထူးတန်ဖိုးထားဖွယ်အရေးကြီးသည့်အပြောင်းအလဲ အရာ(၅)ခု ရှိနေသည်ကို တွေ့ရသည်။
(၁)
“ဘာကြောင့် စိုက်ပျိုးရေးအတတ်ပညာကို သင်ယူရတာလဲ?”
၁၉၄၉ ခုနှစ် အထက်တန်းကျောင်းပြီးသည့်အခါ တက္ကသိုလ်နှင့်ဘာသာရပ်ကို ရွေးချယ်ဖို့ ယွမ်လုံဖိန်နှင့်မိဘများ ကွဲလွဲမှုရှိခဲ့သည်။
ယွမ်လုံဖိန်၏ မိဘများက သူ့ကို နိုင်ငံတော်မှ အဓိကပံ့ပိုးပေးသည့် နာမည်ကျော်တက္ကသိုလ်များတွင် သိပ္ပံနှင့်နည်းပညာဘာသာရပ်၊ ဆေးပညာရပ်များကို သင်ယူစေလိုသည်။ “လုံဖိန်၊ အဖေကတော့မင်းကို သေချာစဉ်းစားစေချင်တယ်”ဟု အမေဖြစ်သူက ဖျောင်းဖျခဲ့ဖူးသည်။
ထိုစဉ်က (၁၉)နှစ်အရွယ် ယွမ်လုံဖိန်တွင် မိမိ၏ရည်မှန်းချက်နှင့်အစီအစဉ်ရှိပြီးဖြစ်သည်။ ယွမ်လုံဖိန် မူလတန်းကျောင်း ပထမတန်းတက်စဉ် ဆရာနှင့်အတူ ဥယျာဉ်ခြံကို လက်တွေ့သွားရောက်လေ့လာသည့်အခါ “မက်မွန်သီးတွေ တစ်ပင်လုံးအနီရောင်သန်းအောင် သီးနေတယ်။ စပျစ်သီးတွေကလည်း အတွဲလိုက်….ပန်းဥယျာဉ်ကပျိုးထားတာလည်းအရမ်းကောင်းတယ်။ စိုက်ပျိုးရေးသင်ရတာ ကောင်းတယ်၊ ကျွန်တော် စိုက်ပျိုးရေးပညာကို သင်မယ်”ဟု ပြောခဲ့သည်။
သူကြည့်ဖူးသည့် Charles Chaplin ရုပ်ရှင် “Modern Times”တွင် ပြတင်းပေါက်အပြင် လက်ထုတ်ရင် ဆွတ်ခူး၍ရသည့် သစ်သီးများရှိသည့်မြင်ကွင်း၊ နွားနို့သောက်မည်ဆိုလျှင် အရံသင့် နွားနို့တစ်ခွက် လတ်လတ်ဆတ်ဆတ် ညှစ်သောက်နိုင်သည့် အနေအထားမျိုးကို တွေ့မြင်ခဲ့ဖူးသည်နှင့်ပေါင်းစပ်ရင်း လယ်ယာဥယျာဉ်အနုပညာ၏ အလှအပနှင့်ပျော်ရွှင်မှုကို ရင်ထဲမှ လိုလားတောင့်တခဲ့သည်။ ထိုအတွေးသည် ယွမ်လုံဖိန် တောင်သူလယ်ယာဘဝကို တစ်ခါမှမဖြတ်သန်းဖူးခင်က အမြင်ဖြစ်သည်။
လယ်ယာလုပ်ငန်းက မည်မျှအရေးကြီးကြောင်း၊ ထမင်းစားနိုင်ဖို့သည် အရေးကြီးသည့်ကိစ္စကြီးတစ်ရပ်ဖြစ်ရာ၊ တောင်သူလယ်ယာစိုက်ပျိုးမှုမရှိပါက လူအများသက်ရှင်နေထိုင်နိုင်မှုလည်းရှိမည်မဟုတ်ဟု မိဘများကို အကြောင်းတရားခိုင်ခိုင်လုံလုံရှင်းပြ၍ စည်းရုံးခဲ့သည်။
သူ့၏ဆန္ဒအလျောက် စီချွမ်းပြည်နယ် ချုံချင့် ရှန်းဟွေးတက္ကသိုလ်ကျောင်းတွင် စိုက်ပျိုးရေးပညာကို သင်ယူနိုင်ခဲ့ရာ လယ်တောထဲဆင်းမည့် သူ၏ ဘဝလမ်းကြောင်း အရေးကြီးဆုံး ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့သည်။
စိတ်ဝင်စားဖို့ကောင်းသည်က တက္ကသိုလ်ပြီးချိန်မှသာ ပထမဆုံးကြိမ် ကိုယ်တိုင်လယ်သမားအိမ်တွင် နေထိုင်ဖူးခြင်းဖြစ်သည်။ “ တကယ့်တောရွာမှာ လက်စသက်တော့ ပင်ပန်းဆင်းရဲလွန်းလှပါလား”ဟု သူ့ငယ်စဉ် အိမ်မက်အလှနောက်ကွယ်မှ မြင်မှားကို သိခဲ့ရသည်။
ကံတရားက ယွမ်လုံဖိန်ကို နောက်တောင်ပိုင်းဒေသရှိ မြေရိုင်းတွင် အခြေချရန် အကြောင်းဖန်လာသည်။
ထိုစဉ်ခေတ်အခါက တောင်သူလယ်သမားများ အစာငတ်မွတ်ဆင်းရဲကြသည်ကို ကြည့်ပြီး လယ်ယာသိပ္ပံနည်းပညာလုပ်ကိုင်သူ မိမိအနေဖြင့် ကိုယ့်ကိုယ်ကို အပြစ်တင်မဆုံးဖြစ်ခဲ့ရကြောင်း ယွမ်လုံဖိန်က ပြန်ပြောင်းတွေးတောရင်း ပြောခဲ့ဖူးသည်။
(၂)
မူလ အန်းကျန်စိုက်ပျိုးရေးသင်တန်းကျောင်းမှ ဆရာ/ဆရာမ၊ကျောင်းသူ/ကျောင်းသား အယောက် (၂၀)ကျော် ဟွိုင်ဟွာမှ ချန်ရှားကို ရောက်လာကြရာ “ဆရာယွမ်၊ လမ်းခရီးမှာ အဆင်ပြေချောမွေ့ပါစေ”ဟု ဆိုပြီးနှုတ်ဆက်စကား ဆိုကြသည်။
ယွမ်လုံဖိန် အမှတ်ရမှုများတွင် ထိုနေရာ၌ ဘဝတွင် စိတ်ချမ်းမြေ့ဖွယ်အကောင်းဆုံးကို ရရှိခဲ့ခြင်းဖြစ်ရာ တိန့်ကျယ်နှင့်တွေ့ဆုံခွင့်ရပြီး သေတပန်သက်တဆုံးတိုင် လက်တွဲနေထိုင်ခွင့်ရခြင်းပင်ဖြစ်သည်ဟု ဆိုသည်။
၁၉၅၃ ခုနှစ် ယွမ်လုံဖိန် ဟူနန်ပြည်နယ် ဟွိုင်ဟွာဒေသ ချန်ယန်ခရိုင် အန်းကျန်းစိုက်ပျိုးရေးသင်တန်းကျောင်းသို့ တာဝန်ထမ်းဆောင်ဖို့ စေလွှတ်ခံရသည်။ မိသားစုအခြေအနေမကောင်းမွန်၊ အလျဉ်းသင့်သလို ဝတ်စားဆင်ယင်မှုကြောင့် ယွမ်လုံဖိန်သည် ကျောင်းတွင် အသက်ကြီးတစ်ကိုယ်တည်းသမား ဖြစ်နေခဲ့သည်။
၁၉၆၃ ခုနှစ် ဆောင်းရာသီတွင် သဘောကောင်းသည့် လုပ်ဖော်ကိုင်ဖက်တစ်ဦးက အိမ်ထောင်ဖက်မိတ်ဆက်ပေးမည်ဟုဆိုပြီး မိတ်ဆက်ခဲ့ရာမှ တစ်ဖက်လူသည် မိမိ၏ကျောင်းသူ တိန့်ကျယ်ဖြစ်နေတာကို တွေ့ရသဖြင့် အနေခက်ခဲ့ရကြောင်း ထိုစဉ်ကအဖြစ်အပျက်ကို ယွမ်လုံဖိန်က မကြာခဏပြောလေ့ရှိသည်။
တိန့်ဖိန်က သဘောကောင်း၊ အိန္ဒြေရရ အဆိုအကတတ်ကျွမ်းပြီး ဘတ်စကပ်ဘောလည်းကစားတတ်တာကို အမှတ်ရကာ အရဲစွန့်ပြီး ရည်းစာစာရေးဖြစ်သွားခဲ့သည်။ ချစ်ခင်စုံမက်အိမ်ထောင်ဖက်ဖြစ်သွားသည့်အခါမှစပြီး နှစ်ပေါင်း (၅၇)နှစ်ကြာ ဇနီးအဖြစ်လည်းကောင်း၊မိတ်ဆွေအဖြစ်လည်းကောင်း၊ဆရာအဖြစ်လည်းကောင်း မိုးသည်းလေထဲအခက်အခဲများကို အတူဖြတ်သန်းခဲ့ကြသည်။
ကလေး(၃)ယောက်၊ နှစ်ဖက်မိဘနှစ်ပါး၊ နေထိုင်စားသောက်မှု တာဝန်ကြီးအားလုံးကို တိန့်ဖိန်က ထမ်းဆောင်ခဲ့ရသည်။ သူ့ပျိုးပင်လေးများ ပျက်စီးသွားလို့ စိတ်ပျက်လက်ပျက်အိမ်ပြန်လာသည့်အခါ ဇနီးသည်က “ကိစ္စမရှိဘူး၊ အလွန်ဆုံး လယ်သမားလုပ်ရုံပေါ့၊ ရှင်နဲ့ကျွန်မအတူပဲပေါ့၊ ဒီမြေကြီးက ထွက်မသွားဘူးဆိုရင်၊ အောင်မြင်မှုဖို့က မျှော်လင့်ချက်ရှိပါတယ်”ဟု နှစ်သိမ့်မှုကြောင့် အင်အားအပြည့်ဖြင့် ပြန်မတ်တပ်ရပ်ကာ ပျက်စီးကြွင်းကျန်ခဲ့သည့် ပျိုးပင်လေးများကို ဆက်ပျိုးဖြစ်ခဲ့ကြောင်း ဆိုသည်။
“ဘဝမှာ ပျော်ရွှင်ချမ်းမြေ့ဖွယ်အကောင်းဆုံးက သူများတွေ အိမ်ထောင်ဖက်အဖြစ်မရွေးချယ်ရဲတဲ့ အဲ့ဒီအချိန်က ကျွန်တော့်ကို တိန့်ကျယ်က ပြတ်ပြတ်သားသား လက်ခံခဲ့တာပဲ”ဟု ယွမ်လုံဖိန်က မကြာခဏပြောတတ်သည်။
(၃)
အန်းကျန်း စိုက်ပျိုးရေးသင်တန်းကျောင်းကို ယွမ်လုံဖိန် ရောက်ခါစက ကန်စွန်းဥ၊ခရမ်းချဉ်သီးပင် စိုက်ပျိုးပုံကို သုတေသနလုပ်ခြင်း ဖြစ်သည်။
(၃)နှစ်ကြာ အကျပ်အတည်းကာလ တစ်နိုင်ငံလုံး စားနပ်ရိက္ခာနှင့်အရံစားသောက်ကုန် လိုအပ်သည့်အကျပ်အတည်းနှင့် အကြီးအကျယ်ရင်ဆိုင်ခဲ့ရချိန်တွင် “စားနပ်ရိက္ခာမရှိရင် ဘာမှလုပ်လို့မရဘူး၊ ဒါနဲ့ စပါးသုတေသနလုပ်ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်”ဟု ဆိုသည်။
ထိုစဉ်က Michurin နှင့် Lysenko’s တို့၏ “ဖိုမမခွဲ စပ်စပါးပျိုးခြင်း(asexual hybridization)”ဟူသော သီအိုရီအဆိုသည် သိပ္ပံသုတေသနလောကတွင် တွင်ကျယ်ခဲ့သည်။ ယွမ်လုံဖိန် ကြိမ်ဖန်များစွာ စမ်းသပ်မှုများများ ပြုလုပ်ခဲ့သော်လည်း အတွေးသစ်မရသဖြင့် ဦးတည်ချက်ပြောင်း၍ စမ်းသပ်ဖို့ ဆုံးဖြတ်ခဲ့ရာ ထိုစဉ်က ဝေဖန်ခံနေရသည့် Mendel နှင့် Morgan၏ မျိုးရိုဗီဇနှင့်ခရိုမိုဆုန်း သီအိုရီမှ စပ်မျိုးစပါးကို သုတေသနပြုစမ်းသပ်ခဲ့သည်။
၁၉၆၃ ခုနှစ်တွင် ယွမ်လုံဖိန်၏ စပ်မျိုးစပါး စမ်းသပ်မှုအောင်မြင်ရာ အချို့ မျိုးစပ်စပါးများတွင် အားသာချက်တွေ့ရှိရခြင်းကြောင့် စပ်မျိုးစပါးအားသာချက်ရှိကြောင်း ကောက်ချက်ချနိုင်ခဲ့သည်။ ၎င်းသည် ထွက်ကုန်တိုးစေမည့်အားသာချက်ဟု ယူဆကာ စပ်မျိုးစပါးစိုက်ပျိုးရန် အကြံရခဲ့သည်။
၁၉၆၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် ယွမ်လုံဖိန်က ၎င်း၏ပထမဆုံး စာတမ်းဖြစ်သည့် Male-Sterility of Rice ကို တရုတ်သိပ္ပံအကယ်ဒမီ(Chinese Academy of Sciences)မှကြီးမှူးထုတ်ဝေသည့် Chinese Science Bulletin (CSB) ဂျာနယ်တွင် ထည့်သွင်းဖော်ပြခဲ့သည်။ ယင်းစာတမ်း၌ စပါးတွင် အဖိုမြုံမျိုး ရှိကြောင်း ကမ္ဘာကို ပထမဆုံး ဖော်ပြခဲ့ခြင်းဖြစ်သည်။ ထိုခေါင်းစည်းက ပြည်တွင်းပြည်ပ၏အာရုံစိုက်မှုကို ခံခဲ့ရပြီး စပ်မျိုးစပါးဖွံ့ဖြိုးရေး ခေတ်သစ်ကို စတင်လှစ်ဟနိုင်ခဲ့သည်။
၂၀၁၆ ခုနှစ်တွင် Male-Sterility of Rice စာတမ်းထုတ်ဝေသည့် နှစ် (၅၀)ပြည့်အထိမ်းအမှတ် ဆွေးနွေးပွဲတွင် ယွမ်လုံဖိန် အတိတ်ကအကြောင်းကို ပြန်ပြောပြသည်က ယင်းစာတမ်းကို တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာကော်မရှင် ဗျိုရို(၉) ဌာနမှူးကျောက်စီရင်းက ဂရုပြုမိပြီး ကော်မရှင်အကြီးအကဲများကို တင်ပြ၍ ဟူနန်ပြည်နယ် သိပ္ပံနှင့်နည်းပညာကော်မရှင်နှင့်အန်းကျန်း စိုက်ပျိုးရေးသင်တန်းကျောင်းကို စာပို့ကာ သူ့၏သုတေသနလုပ်ငန်းများကို ပံ့ပိုးစေကြောင်း ဆိုသည်။(၉)နှစ်ကြာပြီးနောက် ယွမ်လုံဖိန် အောင်မြင်ခဲ့သည်။
(၄)
စပ်မျိုးစပါးတီထွင်ဖန်းတီးမှုတွင် မေ့မရဆုံးအချိန်ကို ပြောပါဟု ယွမ်လုံဖိန်ကို မေးမည်ဆိုလျှင် “၁၉၇၃ ခုနှစ် စပါးမျိုးလိုင်း(၃)လိုင်းနည်း၏ အောင်မြင်မှု”ကို ပထမဆုံး သူပြောတတ်သည်။
စပါးမျိုးလိုင်း(၃)လိုင်း မျိုးစပ်နည်း သီအိုရိ(Three-lines Hybrids theory)အရ အဖိုမြုံဗီဇကို ရှာတွေ့ရမည်ဖြစ်သည်။ ထိုကြောင့် ယွမ်လုံဖိန်နှင့်အဖွဲ့သည် မျိုးအတွဲပေါင်း (၃,၀၀၀)ကျော်ကို စမ်းသပ်ခဲ့သော်လည်း ရလဒ်က စိတ်ပျက်ဖွယ်ဖြစ်စေခဲ့သည်။
၁၉၇၀ ခုနှစ် ဆောင်းရာသီတွင် ယွမ်လုံဖိန်၏ ကျောင်းသား လီပိဟူက ဟိုင်နန် နန်ဟုန်လယ်ကွင်းရှိ စပါးရိုင်းပင်၏ဝတ်မှုန်တွင် အဖိုမြုံဗီဇကို တွေ့ရှိခဲ့သည်။
ထိုတွေ့ရှိမှုအတွက် ယွမ်လုံဖိန်သည် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်။ သူပြန်ပျိုးလိုက်သည့် အဖိုမြုံဗီဇ စပါးမျိုးစေ့ (၃)စေ့ကို “WA (Wild Abortic)”ဟု အမည်ပေးခဲ့ရာ စပါးမျိုးလိုင်း(၃)လိုင်း မျိုးစပ်နည်း လမ်းစပွင့်လာခဲ့သည်။
ယွမ်လုံဖိန်သည် စပ်မျိုးစပါးသုတေသနအချက်အလက်များကို အသက်ထက်ပိုတန်ဖိုးထားကြောင်း ၎င်း၏ကျောင်းသားလီပိဟူက ပြန်လည်အောက်မေ့ပြောပြသည်။ တစ်ချိန်က စမ်းသပ်လယ်မြေရေမြုပ်လို့ ဆရာတပည့်တွေ အင်္ကျီဘောင်းဘီတိုဝတ်ပြီး မိုးသည်းထဲ ပျိုးပင်ဆယ်ရခဲ့ရခြင်းကြောင့် ဆရာယွမ် အဖျားကြီးဖျားဖူးသည်ကို မှတ်မိကြောင်း ဆိုသည်။
“WA (Wild Abortic)”က ရှားပါးအဖိုးတန်ပစ္စည်းကဲ့သို့ပင်ဖြစ်သော်လည်း တစ်ယွမ်လုံဖိန်က အခြား သိပ္ပံသုတေသီများကို သဘောထားကြီးစွာမျှဝေပေးရာ တစ်နိုင်ငံလုံးရှိ သက်ဆိုင်ရာဌာနပေါင်း(၁၀)ကျော်ကို ခွဲဝေပို့ဆောင်ပေးခဲ့သည်။ ထိုစဉ်က ဖူကျန့်ပြည်နယ် သိပ္ပံသုတေသနအဖွဲ့ စမ်းသပ်သည့် ပျိုးပင်အခက်တွေ့ချိန် သူတွင် တစ်ဆုပ်စာသာရှိသည့် “WA (Wild Abortic)” ဒုတိယသားဆက် (F2) စပ်မျိုး စပါးမျိုးတစ်ဝက်ကို ခွဲပေးခဲ့သည်။ တစ်နိုင်ငံလုံးတက်ညီလက်ညီ အကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းခဲ့ရာ (၃)နှစ်ကြာကာလတွင် စပ်မျိုးစပါးစိုက်ပျိုးမှုကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ခဲ့သည်။ခဲယဉ်းစွာရရှိလာသည့် ထိုအောင်မြင်မှုက လူထု၏အကျိုးကို ရေရှည်ဖြစ်ထွန်းစေခဲ့သည်။
၁၉၇၄ ခုနှစ်က ဟူနန်ပြည်နယ်တွင် စပ်မျိုးစပါး စတင်စမ်းသပ်စိုက်ပျိုးသည်။ ၁၉၇၆ ခုနှစ်မှ ၁၉၈၇ ခုနှစ်အတွင်း တရုတ်နိုင်ငံ စပ်မျိုးစပါးစိုက်ပျိုးမြေဧရိယာသည် မို ၁.၁ ဘီလီယံ (၁၈၁,၂၁၀,၆၁၃.၀၇၆ ဧက)အထိရှိရာ စပါးထွက်နှုန်း ကီလိုဂရမ် ဘီလီယံ(၁၀၀)အထိ တိုးလာခဲ့သည်။
၁၉၉၅ ခုနှစ်တွင် ယွမ်လုံဖိန်ဦးဆောင်သည့်အဖွဲ့သည် စမ်းသပ်မှုကြိမ်ဖန်များစွာပြုလုပ်ပြီးနောက် Two-lines စပ်မျိုးစပါးကို အောင်မြင်ခဲ့ရာ ၎င်းမှာ Three-lines စပ်မျိုးစပါးထက် (၅)ရာခိုင်နှုန်းမှ (၁၀)ရာခိုင်နှုန်း ထပ်တိုးထုတ်လုပ်နိုင်ခဲ့သည်။
(၅)
၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် တတိယသားဆက် စပ်မျိုးစပါးကို ဟူနန်ပြည်နယ်တွင် ပထမဆုံး ထွက်နှုန်းတိုင်းတာ လေ့လာစောင့်ကြည့် သုံးသပ်မှုများ ပြုလုပ်ခဲ့သည်။
မနက်အစောကြီး အိမ်ရာထသည်နှင့် ယွမ်လုံဖိန် စဉ်းစာမိသည်က စပါးထွက်နှုန်းတိုင်းတာမည့်လေ့လာစောင့်ကြည့်မှုဖြစ်ရာ ထိုနေ့က ဇနီးသည် တိန့်ကျယ်၏မွေးနေ့ကိုပင် မေ့လုနီးပါးဖြစ်သွားသည်။ စပါးစမ်းသပ်ထုတ်လုပ်မှု သုံးသပ်ပွဲမတိုင်မီ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေတတ်သည့်အလျောက် ဇနီးဖြစ်သူကို ခေါ်၍ လက်ဆောင်သွားဝယ်ရင်း “အိမ်သူသက်ထားနဲ့စပါး အားလုံးက အရေးကြီးပါတယ်”ဟု ရွှန်းဖောက်ပြောဆိုခဲ့ဖူးသည်။
တတိယသားဆက် စပ်မျိုးစပါး ထွက်နှုန်းပမာဏကို တစ်မို(၀.၁၆၄၇၃၆၉ ဧကခန့်)လျှင် ကီလိုဂရမ်(၁,၂၀၀)ကျော်ဟု ယွမ်လုံဖိန်က ခန့်မှန်းသည်။ နေ့စဉ် မိုးလေဝသအခြေအနေကြည့်ရင်း စပါးပျိုးပင်များကို တရိပ်ရိပ်ကြည့်နေခဲ့သည်။ မူကြိုကျောင်းဆရာမက “အဖိုးက ဘာလုပ်တာလဲ”ဟု ယွမ်လုံဖိန်၏မြေးမလေးကို မေးရင် ကလေးက “နေ့တိုင်း မိုးလေဝသသတင်းကြည့်တဲ့အလုပ်လုပ်တယ်”ဟု ပြောတတ်သည်။
“ဆရာကြီးယွမ်က သူ့ကိုယ်သူအနားယူသင့်ပြီလို့ ဘယ်တော့မှမထင်ဘူး၊ လယ်ထဲဆင်းမကြည့်ရတဲ့နေ့ဆို သူရင်ထဲမှာအမြဲတမ်းတစ်ခုခု လိုနေသလိုဖြစ်နေတတ်တယ်”သူ့၏ရုံးအတွင်းရေးမှူး ရန်ရောက်ဆုန်းက ဆိုသည်။
ပြီးခဲ့သည့်နှစ်များက ယွမ်လုံဖိန် သွားလာလှုပ်ရှားမှု အဆင်မပြေခြင်းကြောင့် ဟူနန်ပြည်နယ် စိုက်ပျိုးရေးသိပ္ပံက ဆရာကြီး၏အိမ်အနီးတွင် စမ်းသပ်လယ်ယာတစ်ကွက် ဖော်ပေးခဲ့သည်။အသက်ရွယ်ကြီးရင့်နေပြီဖြစ်သည့် ယွမ်လုံဖိန်၏မနက်အိပ်ရာထပြီး ပထမဆုံးလုပ်သည့် အလုပ်သည် မျက်နှာသစ်၊သွားတိုက်၊မနက်စာစားခြင်းမဟုတ်ဘဲ လယ်ဆင်းပျိုးခင်းကြည့်ခြင်းပင်ဖြစ်သည်။
ဆရာကြီးယွမ်လုံဖိန် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဂုဏ်ထူးဆောင်တံဆိပ်”ချီးမြှင့်ခံရသည့် စပါးထွက်နှုန်းစမ်းသပ်တိုင်းတာမည့် အချိန်မတိုင်မီ (၁)လလောက် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၇ ရက်ကလည်း သူသည်လယ်ထဲဆင်း၍ စပ်မျိုးစပါးကို တစိမ့်စိမ့်ကြည့်နေတုန်းပင်ဖြစ်သည်။
စပါးထွက်နှုန်းပမာဏ ကြိုတင်ခန်းမှန်းသည့်ရလဒ်ထွက်ပေါ်လာချိန်၌ တစ်မိုလျှင် (၁၀၄၆.၃)ကီလိုဂရမ်ဖြင့် ထွက်နှုန်းသိပ်မမြင့်မားခဲ့သော်လည်း သူက “တတိယသားဆက် စပ်မျိုးစပါးရဲ့အလားအလာအလွန်ကောင်းတယ်၊ အားသာချက်အများကြီးရှိတယ်၊ တကယ်လို့ ပျိုးစိုက်နည်းပညာကို ကောင်းကောင်းအသုံးပြု နိုင်မယ်ဆိုရင်း (၁,၂၀၀)ကီလိုဂရမ်ထွက်နှုန်းက ပြသာနာမဟုတ်ဘူး”ဟု သူက ယုံကြည်ချက်အပြည့်နှင့် မှတ်ချက်ပြုခဲ့သည်။
သို့သော်လည်း သူ့ကို အချိန်က စောင့်စားတော့မည်မဟုတ်ကြောင်း တွေးမိသည့်အခါ “ဒီနေ့နောက်ပိုင်း ကျွန်တော့်အတွက် အချိန်သိပ်မရှိနိုင်တော့ဘူး”ဟု ဆိုခဲ့သည်။
ဟိုင်နန်ပြည်နယ် ဆန်းရမြို့တွင် ယွမ်လုံဖိန်တို့အဖွဲ့သည် “WA (Wild Abortic)”ရှာတွေ့ခဲ့သည်။ ထိုအချိန်က သူအသက်(၄၀)ဖြစ်သည်။ လွန်ခဲ့သည်တစ်လခန့်က သူ့ညွှန်ကြားမှုဖြင့် သုတေသနပြုနေသည့် အဆင့်(၅) စူပါစပ်မျိုးစပါး(super hybrid rice) “Chaoyouqian”သည် ဆန်းရမြို့တွင် စမ်းသပ်မှုရလဒ်ကောင်းရရှိစဉ် သူသည် အသက်(၉၁) ရှိပြီဖြစ်သည်။
ဆန်စပါးဖြင့် လောကအကျိုးဆောင်ခဲ့သည့် သူသည် သမိုင်းတွင်လည်း မှတ်ကျောက်တင် ထိပ်တန်းဝင်နိုင်ခဲ့သည်။ (Xinhua)
………………………………………
(Chinese Version)
新华全媒+丨袁隆平,他心底的五个人生“头条”
24日晨,湖南长沙。
人们向明阳山殡仪馆集聚,送别袁隆平。
他说,“人就像种子,要做一粒好种子。”如今,这粒种子,已深深扎根在百姓心中。
他爱好自由,特长散漫,“上班不打卡,下田最快乐”。
既是榜样,也是凡人。从家人、同事的讲述中,记者拼凑出一些细节,发现这粒种子的一生,扎根心底的五个人生“头条”。
(一)
“为什么学农?”
1949年,高中毕业,在如何填报大学、专业,袁隆平与父母产生了分歧。
父亲希望他报考重点大学,学理工、学医。母亲说:“隆平,爸爸的意见你还是要认真考虑。”
19岁的袁隆平自有打算。小学一年级时,他跟着老师去一个园艺场参观,“桃子结得满树都是、红红的,葡萄一串一串的,花圃也搞得很好。我说这个学农才美,我要学农。”
他还想起卓别林的电影《摩登时代》。镜头里窗外满是随手可摘的水果,想喝牛奶,奶牛走过来顺手接一杯……
“两者的印象叠加起来,心中就特别向往那种田园之美、农艺之乐。”
这是从未过过农家生活的袁隆平执拗的想法。
但他更有道理跟父母争辩:农业多重要!吃饭是第一件大事,没有农民种田,人们就不能生存。
他如愿报考了四川重庆相辉学院农学系。跳进“农门”,这是决定人生道路的“头条”。
有趣的是,大学临近毕业时,他才第一次真正深入、住进农民家里。“真正的农村原来又苦又累又脏又穷”,他意识到少年的梦想,背后竟是美丽的“误会”。
命运使得这粒种子,在西南的“原野”落地生根。
袁隆平后来说,在那个年代,看到农民挨饿受穷,作为一名农业科技工作者,感到自责。
(二)
原安江农校的20多名师生代表来了,从怀化到长沙,他们呼唤:袁老师,一路走好。
袁隆平当回应。在那里,他收获了最幸福的“头条”。与邓则相遇,偕老终生。
这个场景他时常谈起,1963年冬天,热心的同事帮他张罗相亲,他尴尬地发现对方竟是自己曾经的学生邓则。
印象中,邓则端庄大方,性格温和,能歌善舞,篮球还打得不错。袁隆平动了心,鼓起勇气给邓则写了一封情书。
“茫茫苍穹,漫漫岁月,求索的路上,多想牵上,一只暖心的酥手;穿越凄风苦雨,觅尽南北东西,蓦然回首,斯人却在咫尺中。”
1953年,袁隆平被分配到湖南省怀化地区黔阳县安江农校。家庭出身不好,打扮随意,他也多次相亲过,最后成了学校的“大龄青年”。
相恋,求婚,邓则爽快答应,两人浪漫“闪婚”。穿越57载风雨坎坷,亦妻亦师亦友。
3个孩子、两边的老人,生活的重担全部都在邓则的身上。
他培育的秧苗被毁,跌跌撞撞回到家,瘫倒在邓则的怀里。妻子安慰他:“没关系,顶多是去当农民,我和你一块去,只要不离开土地,我们就有希望。”
他有了勇气,站起来,找到残存的秧苗继续培育。
袁隆平多次说:“这辈子最大的幸福就是在别人都不肯嫁给他的时候,邓则毫不犹豫地答应了他的求婚。”
今天,邓则悲恸,你还会从试验田里为我写一封情书吗?
(三)
刚到安江农校,袁隆平研究红薯、西红柿的育种栽培。
3年困难时期,全国遭遇粮食和副食品短缺危机。“没有粮食吃,什么事干不出来,所以我决定从事水稻的研究。”
当时,米丘林、李森科的“无性杂交”学说垄断着科学界。袁隆平做了许多试验,依然没有任何头绪,决定改变方向,沿着当时被批判的孟德尔、摩尔根遗传基因和染色体学说进行探索,研究水稻杂交。
1963年,袁隆平通过人工杂交试验,发现一些杂交组合有优势的现象,推断水稻具有杂种优势,并认定利用这一优势是提高产量的一个途径,萌发培育杂交水稻的念头。
1966年2月28日,袁隆平发表第一篇论文《水稻的雄性不孕性》,刊登在中国科学院主编的《科学通报》半月刊第17卷第4期上。
这篇论文首次向世界宣告,水稻的雄性不育在自然界中是存在的。这个“头条”引起国内外瞩目,杂交水稻发展的新时代由此开启。
9年后,袁隆平获得了成功!
(四)
关于水稻杂交创新,袁隆平被问起人生难忘的节点,他第一个提到的,是“1973年三系法成功”。
按照杂交水稻“三系配套”理论 “three lines matching”,必须要找到雄性不育系的种子。然而,袁隆平和团队成员做了3000多个杂交组合试验,结果却让人灰心:均达不到每年100%保持不育。
1970年的冬天,袁隆平的学生李必湖在海南南红农场一处沼泽中发现1株花粉败育的雄性不育野生稻。
袁隆平欣喜若狂。他将转育出来的三粒雄性不育种子命名为“野败”,“三系配套”从此打开了突破口。
李必湖回忆,袁隆平将杂交水稻研究材料“看得比生命还重要”。有一次,试验田被淹,他们师徒几人穿着短裤、赤着胳膊,冒雨抢救,袁老师后来还因此得了一场重感冒。
“野败”如同稀世珍宝,但袁隆平面对其他科研人员时却很大方,将“野败”分送给全国10多家有关单位。当时福建省科研组的试验秧苗出了问题,他便把仅有一蔸“野败”第二代不育株挖出一半送去。
在全国性的协作攻关下,经过3年时间,我国成功实现了杂交水稻的三系配套。
这个“头条”来之不易,却福泽绵长。
1974年,湖南开始试种杂交水稻。1976年到1987年,我国杂交水稻种植面积达到11亿亩,增产稻谷1000亿公斤。
到1995年,袁隆平带领团队历经多次失败,取得两系法杂交水稻的成功,比三系法杂交水稻增产5%至10%。
(五)
2019年10月22日,第三代杂交水稻在湖南首次公开测产后组织观摩、评议。
一早起来,袁隆平突然想到,尽忙着测产,差点忘了这天是妻子邓则的生日。在评议会前,“自由散漫”惯了的他赶紧带着夫人出去买礼物。他幽默地说,夫人和水稻都很重要。
第三代杂交水稻,被袁隆平看作突破亩产1200公斤“天花板”的关键。
他每天都关心天气预报,对水稻生长念兹在兹。他的孙女说,幼儿园老师问她爷爷是干什么的?她说,爷爷是天天看天气预报的。
他的办公室秘书杨耀松说,袁老没觉得自己应该休息,哪天不让他看一眼田,他心里就落空了。
前些年,考虑到袁隆平行动不便,湖南省农科院在袁隆平住宅旁辟出一块试验田。没曾想,袁隆平起床后的第一件事,不是洗脸、刷牙、吃早饭,而是下田。
在这次测产前的一个月,9月17日,袁老被授予“共和国勋章”,当天他还在田里查看杂交水稻生长情况。
测产结果出来,虽然亩产1046.3公斤并不算高,但他信心满满,“第三代杂交水稻的潜力很大,优势很强,如果配合好一点的栽培技术,1200公斤完全没问题!”
这让他感到时不我待:“今后我更没有时间变老了!”
在海南三亚,袁隆平的团队在这里找到“野败”,那时他40岁;不到一个月前,他指导研发的第五期超级杂交稻“超优千号”在三亚取得好成绩,此时他已是91岁高龄。”Chaoyouqian” super hybrid
一稻济天下,他将自己写进了历史的“头条”。
记者:周楠、白田田、周勉
编辑:聂焱
图说1:2007年5月10日,袁隆平在观察水稻秧苗长势。新华社记者 赵众志 摄
图说2:这是1976年12月,袁隆平(右)和同事李必湖在观察杂交水稻生长情况(资料照片)。新华社 发
图说3:2019年10月21日,工作人员在第三代杂交水稻新组合试验示范衡南基地测产现场称重。新华社记者 陈泽国 摄
图说5:5月22日,在南华大学,大学生送别袁隆平院士(无人机照片)。新华社发(曹正平 摄)