Connect with us

ASEAN

ကမ္ဘောဒီးယားနိုင်ငံက တရုတ်နိုင်ငံ၏ Sinovac ကာကွယ်ဆေးဖြင့် ဆယ်ကျော်သက်လူငယ်များအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံခြင်း စတင်

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ဩဂုတ် ၁ ရက်တွင် ဆယ်ကျော်သက် လူငယ်တစ်ဦးက ပထမဆုံးအကြိမ် Sinovac ကာကွယ်ဆေး ထိုးနှံမှု ခံယူနေစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ ဩဂုတ် ၂ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံ၏ Sinovac ကာကွယ်ဆေးဖြင့် အသက် ၁၂ နှစ်မှ ၁၇ နှစ်အထိ ဆယ်ကျော်သက်လူငယ်များအတွက် COVID-19 ရောဂါတိုက်ဖျက်ရေး ကာကွယ်ဆေး ထိုးနှံမှုအား ဩဂုတ် ၁ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ဩဂုတ် ၁ ရက်တွင် ဆယ်ကျော်သက် လူငယ်တစ်ဦးက ပထမဆုံးအကြိမ် Sinovac ကာကွယ်ဆေး ထိုးနှံမှု ခံယူနေစဉ်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ဩဂုတ် ၁ ရက်တွင် ဆယ်ကျော်သက် လူငယ်တစ်ဦးက ပထမဆုံးအကြိမ် Sinovac ကာကွယ်ဆေး ထိုးနှံမှု ခံယူနေစဉ်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ဩဂုတ် ၁ ရက်တွင် ဆယ်ကျော်သက် လူငယ်တစ်ဦးက ပထမဆုံးအကြိမ် Sinovac ကာကွယ်ဆေး ထိုးနှံမှု ခံယူနေစဉ်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ဩဂုတ် ၁ ရက်တွင် ဆယ်ကျော်သက် လူငယ်တစ်ဦးက ပထမဆုံးအကြိမ် Sinovac ကာကွယ်ဆေး ထိုးနှံမှု ခံယူနေစဉ်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ဩဂုတ် ၁ ရက်တွင် ဆယ်ကျော်သက် လူငယ်တစ်ဦးက ပထမဆုံးအကြိမ် Sinovac ကာကွယ်ဆေး ထိုးနှံမှု ခံယူနေစဉ်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒတ် တက်ခ်ဟို ဟွန်ဆန် နှင့် အခြား အဆင့်မြင့်ခေါင်းဆောင်များ၏ မြေးများသည် မြို့တော် ဖနွမ်းပင်မြို့ ငြိမ်းချမ်းရေးနန်းတော်ရှိ ကာကွယ်ဆေးထိုးနှံသည့် နေရာ၌ ဆေးထိုးနှံမှု ခံယူခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံမှု စတင်သည့် အခမ်းအနား၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဟွန်ဆန်က ကမ္ဘောဒီးယားနိုင်ငံ၌ ဆယ်ကျော်သက်လူငယ် ၂ သန်းခန့် ရှိကြောင်း ၊ မိဘများနှင့် တရားဝင်အုပ်ထိန်းသူများအားလုံးကို ၎င်းတို့၏ ကလေးများအား ကာကွယ်ဆေး ထိုးနှံရေး ပြောကြားခဲ့ကြောင်း သိရသည်။

“ဒီနေ့ ကလေးတွေအတွက် ကာကွယ်ဆေးထိုးနှံတာက လူအုပ်စုအကြား ကိုယ်ခံအား ရရှိစေဖို့ နောက်ထပ် အရေးကြီးတဲ့ ခြေလှမ်းဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။ COVID-19 ရောဂါသည် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်မှုအား အပြင်းအထန်ထိခိုက်ကြောင်း နှင့် နိုင်ငံအားလုံးနီးပါး စာသင်ကျောင်းများ ပိတ်ခဲ့ရကြောင်း ဟွန်ဆန်က ထည့်သွင်း ပြောကြားခဲ့သည်။
ဟွန်ဆန်က ဆယ်ကျော်သက်လူငယ်များအတွက် ကာကွယ်ဆေးထိုးနှံခြင်းသည် ဖေဖော်ဝါရီလနှောင်းပိုင်းမှစ၍ ပိတ်ထားခဲ့ရသည့် အလယ်တန်း ၊ အထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ကမ္ဘောဒီးယားနိုင်ငံအတွက် လမ်းပွင့်သွားစေမည်ဟု ပြောကြားခဲ့သည်။

အသက်ရှင်သန်ခွင့်သည် ပထမ ဦးစားပေးဖြစ်ကြောင်း နှင့် အစိုးရက ဆောင်ရွက်သော ခက်ခဲသည့် အစီအမံများအားလုံးသည် လူ့အသက်များကို ကာကွယ်ရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံက အဓိကကာကွယ်ဆေး ထောက်ပံ့ပေးခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၀ ရက်တွင် အရွယ်ရောက်သူများအတွက် ကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှုအား ပထမဆုံး စတင်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၃၁ ရက်အထိ ရည်ရွယ်ထားသည့် အရွယ်ရောက်သူလူဦးရေ ၁၀ သန်းမှ ၇ ဒသမ ၃ သန်းခန့် သို့မဟုတ် ၇၃ ရာခိုင်နှုန်းသည် ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ် ထိုးနှံထားပြီးဖြစ်ကြောင်း ဟွန်ဆန်က ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသည် နိုဝင်ဘာလတွင် နိုင်ငံ့လူဦးရေ ၁၆ သန်းအနက် ဆယ်ကျော်သက်လူငယ် ၂ သန်း နှင့် အရွယ်ရောက်သူ ၁၀ သန်း သို့မဟုတ် ၇၅ ရာခိုင်နှုန်း အပါအဝင် ပြည်သူ ၁၂ သန်းအား ကာကွယ်ဆေး ထိုးနှံရန် ရည်မှန်းထားကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန အတွင်းဝန်နှင့် ပြောခွင့်ရပုဂ္ဂိုလ် Or Vandine က အသက် ၁၂ နှစ်မှ ၁၇ နှစ်အရွယ် ဆယ်ကျော်သက်လူငယ်အုပ်စုတွင် Sinovac ကာကွယ်ဆေး အသုံးပြုခြင်းသည် အသက် ၁၈ နှစ်နှင့်အထက်အတိုင်း တူညီကြောင်း ပြောကြားခဲ့သည်။

ဆယ်ကျော်သက်လူငယ်တိုင်းသည် ၂၁ ရက်မှ ၂၈ ရက်ဝန်းကျင်တွင် ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသည် ဩဂုတ် ၁ ရက်တွင် ပြည်တွင်းကူးစက်သူ ၂၆၅ ဦး အပါအဝင် COVID-19 လူနာသစ် ၆၇၁ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး လူနာပေါင်း ၇၇,၉၁၄ ဦး ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။သေဆုံးသူမှာ ၂၃ ဦး ထပ်တိုးလာပြီး သေဆုံးသူပေါင်း ၁,၄၂၀ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။

ထပ်မံ၍ လူနာ ၇၅၈ ဦးမှာ ပြန်လည်သက်သာကောင်းမွန်လာခဲ့ပြီး ပြန်လည်သက်သာကောင်းမွန်လာသူ စုစုပေါင်း အရေအတွက် ၇၀,၇၅၄ ဦး ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ (Xinhua)

————————————
(English Version)
Cambodia begins COVID-19 vaccination drive for adolescents with China’s Sinovac vaccine
PHNOM PENH, Aug. 1 (Xinhua) — Cambodia on Sunday launched an anti-COVID-19 vaccination drive for adolescents aged from 12 to 17, with China’s Sinovac vaccine.
Cambodian Prime Minister Samdech Techo Hun Sen and other senior leaders brought their grandchildren to get the jabs at an inoculation site in the Peace Palace in the capital Phnom Penh.
Speaking at a press conference at the launching event, Hun Sen said the Southeast Asian nation has about 2 million adolescents and called on all parents and legal guardians to take their children for the vaccination.
“The vaccination for children today is another important step to achieve herd immunity,” he said. “The COVID-19 has seriously affected the development of human resources, and almost all of the countries have closed schools.”
Hun Sen said the vaccination for the adolescents will pave the way for the kingdom to reopen schools at least from the secondary schools upwards after being shut down since late February.
The prime minister said the right to life is the first priority and all tough measures taken by the government are to protect lives.
The country first launched an inoculation campaign for adults on Feb. 10, with China being the key vaccine supplier.
As of July 31, some 7.3 million adults, or 73 percent of the 10 million targeted adult population have received at least one dose of the vaccine, Hun Sen said.
He added that the kingdom is aiming to vaccinate 12 million people, including 10 million adults and 2 million adolescents, or 75 percent of its 16 million population by November.
Health ministry’s secretary of state and spokeswoman Or Vandine said the use of the Sinovac vaccine in the adolescent group from 12 to 17 years of age is the same as in people aged 18 and above.
Each adolescent has to be given two doses of the vaccine around 21 to 28 days apart, she said.
Cambodia confirmed 671 new COVID-19 infections including 265 imported cases on Sunday, pushing the national caseload to 77,914, the health ministry said, adding that 23 new fatalities were recorded, bringing the death toll to 1,420.
Another 758 patients recovered, taking the total number of recoveries to 70,754, it added. Enditem
Photo 1 – An adolescent receives his first dose of Sinovac COVID-19 vaccine in Phnom Penh, Cambodia, Aug. 1, 2021. Cambodia on Sunday launched an anti-COVID-19 vaccination drive for adolescents aged from 12 to 17, with China’s Sinovac vaccine. (Photo by Ly Lay/Xinhua)
Photo 2 – An adolescent receives his first dose of Sinovac COVID-19 vaccine in Phnom Penh, Cambodia, Aug. 1, 2021. Cambodia on Sunday launched an anti-COVID-19 vaccination drive for adolescents aged from 12 to 17, with China’s Sinovac vaccine. (Photo by Ly Lay/Xinhua)
Photo 3 – An adolescent receives his first dose of Sinovac COVID-19 vaccine in Phnom Penh, Cambodia, Aug. 1, 2021. Cambodia on Sunday launched an anti-COVID-19 vaccination drive for adolescents aged from 12 to 17, with China’s Sinovac vaccine. (Photo by Ly Lay/Xinhua)
Photo 4 – An adolescent receives his first dose of Sinovac COVID-19 vaccine in Phnom Penh, Cambodia, Aug. 1, 2021. Cambodia on Sunday launched an anti-COVID-19 vaccination drive for adolescents aged from 12 to 17, with China’s Sinovac vaccine. (Photo by Ly Lay/Xinhua)
Photo 5 – An adolescent receives his first dose of Sinovac COVID-19 vaccine in Phnom Penh, Cambodia, Aug. 1, 2021. Cambodia on Sunday launched an anti-COVID-19 vaccination drive for adolescents aged from 12 to 17, with China’s Sinovac vaccine. (Photo by Ly Lay/Xinhua)
Photo 6 – Cambodian Prime Minister Samdech Techo Hun Sen speaks at a press conference on the launch of an anti-COVID-19 vaccination drive for the adolescent group in Phnom Penh, Cambodia, Aug. 1, 2021 . Cambodia on Sunday launched an anti-COVID-19 vaccination drive for adolescents aged from 12 to 17, with China’s Sinovac vaccine. (Photo by Ly Lay/Xinhua)