Europe
အမေရိကန်က ရုရှား၏ အဓိကငွေကြေးလုပ်ငန်းများနှင့် ပူတင်၏ သမီး ၂ ဦးကို ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်
ဝါရှင်တန် ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံတွင် အထူးစစ်ဆင်ရေးများလုပ်ဆောင်ခဲ့သည့် ရုရှားနိုင်ငံအပေါ် ထပ်တိုးအရေးယူမှုလုပ်သည့်အနေဖြင့် ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်၏ သမီး ၂ ဦး နှင့် ရုရှားနိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းစုများကို ပစ်မှတ်ထား၍ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း အမေရိကန်နိုင်ငံက ဧပြီ ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အရေးယူမှုဆိုင်ရာ အသေးစိတ်အစီအစဉ်နှင့်ပတ်သက်၍ အိမ်ဖြူတော်မှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ အမေရိကန်နိုင်ငံသည် ရုရှားနိုင်ငံ၏ အကြီးဆုံးဘဏ္ဍာရေးလုပ်ငန်းစုကြီးဖြစ်သည့် Sberbank ဘဏ် နှင့် နိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကဘဏ်ကြီးဖြစ်သည့် Alfa Bank ဘဏ်တို့ကို အမေရိကန်နိုင်ငံငွေကြေးစနစ်ထဲသို့ မည်သည့်ငွေကြေးလွှဲပြောင်းမှုကိုမဆို ထိန်းချုပ်ကန့်သတ်ခြင်း နှင့် အမေရိကန်နိုင်ငံသားများအား ယင်းဘဏ်နှစ်ခုနှင့် စီးပွားရေးလုပ်ကိုင်ဆောင်ရွက်ခြင်းမှ ပိတ်ပင်တားဆီးခြင်းတို့ပါဝင်သည့် အပြည့်အဝ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်သည် မည်သည့်နိုင်ငံမည်သည့်ဒေသတွင်မဆို နေထိုင်ကြသော အမေရိကန်နိုင်ငံသားများအား ရုရှားနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုအသစ် လုပ်ကိုင်ဆောင်ရွက်ခြင်းကို ပိတ်ပင်တားဆီးမည့် သမ္မတအမိန့်တစ်ရပ်ကိုလည်း လက်မှတ်ရေးသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။ အဆိုပါသမ္မတအမိန့်၏ ရည်ရွယ်ချက်မှာ “ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာဈေးကွက်ယှဉ်ပြိုင်မှုများ အားလျော့သွားစေရန်အတွက်ဖြစ်ကြောင်း ” ဆိုသည်။
ထို့ပြင် အမေရိကန်နိုင်ငံသားများအနေဖြင့် အဓိက ရုရှားနိုင်ငံပိုင်စီးပွားရေးလုပ်ငန်းစုများနှင့်အတူ စီးပွားရေးကူးလူးဆက်ဆံမှုလုပ်ကိုင်ခြင်းကို ခွင့်မပြုတော့ကြောင်း နှင့် ထိုသို့လုပ်ကိုင်ဆောင်ရွက်သူများအနေဖြင့် အမေရိကန်တရားဥပဒေအရ ကန့်သတ်ထိန်းချုပ်ခံရမည်ဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ယင်းကန့်သတ်မှုတွင် ပါဝင်သည့် လုပ်ငန်းအမည်စာရင်းများကို ဧပြီ ၇ ရက်တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။
အမေရိကန်နိုင်ငံသည် ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်၏ အရွယ်ရောက်ပြီးသော သမီးနှစ်ဦး ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Sergei Lavrov ၏ ဇနီး နှင့် သမီး ၊ ရုရှားဝန်ကြီးချုပ် Mikhail Mishustin တို့အပြင် လက်ရှိ ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဌဖြစ်သူ ယခင်ရုရှားနိုင်ငံသမ္မတ နှင့် ဝန်ကြီးချုပ် ဒီမီထရီမတ်ဗီဒက် တို့ကိုလည်း အပြည့်အဝဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
အကျိုးဆက်အနေဖြင့် ယင်းလူပုဂ္ဂိုလ်တစ်ဦးချင်းစီသည် အမေရိကန်ငွေကြေးစနစ်မှ ဖြတ်တောက်ခံရမည်ဖြစ်ပြီး ထိုသူများ၏ အမေရိကန်နိုင်ငံတွင်ရှိနေသော ပိုင်ဆိုင်မှုများကိုလည်း ဘိုင်ဒန်အစိုးရအဖွဲ့က ထိန်းချုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သီးခြားအနေဖြင့် အမေရိကန်ဘဏ္ဍာရေးဌာနသည် အမေရိကန်ငွေကြေးအဖွဲ့အစည်းများရှိ ငွေစာရင်းအကောင့်မှ အမေရိကန်ဒေါ်လာငွေနှင့်အတူ ကြွေးမြီပေးချေခြင်းကို ရုရှားနိုင်ငံအား ဖယ်ရှားလိုက်ကြောင်း ၊ ထိုသို့လုပ်ဆောင်လိုက်သည့်အတွက် ရုရှားအစိုးရအနေဖြင့် ၎င်း၏ ငွေကြေးဆိုင်ရာလုပ်ငန်းဆောင်တာများအတွက် အခက်အခဲများဖြစ်ပေါ်စေကြောင်း သိရသည်။
ထို့ပြင် အိမ်ဖြူတော်က ကြေညာချက်ထဲတွင်ပြောကြားရာ၌ အမေရိကန်နိုင်ငံနှင့် ၎င်း၏ အပေါင်းအပါမဟာမိတ်များသည် ရုရှားသာမန်ပြည်သူများအပေါ် ထိခိုက်မှုမဖြစ်ပေါ်စေရန်အတွက် အစားအစာ ၊ ဆေးဝါး နှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့အပြင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍစသည့် နယ်ပယ်များတွင် အနောက်တိုင်းကုမ္ပဏီများအား ရုရှားနိုင်ငံ၌ စီးပွားရေးဆက်လက်လုပ်ကိုင်ရန် ခွင့်ပြုထားဆဲဖြစ်ကြောင်း သိရသည်။
အကယ်၍လိုအပ်ပါက လူသားချင်းစာနာထောက်ထားမှုလုပ်ဆောင်ချက်မျာအား အနှောင့်အယှက်အဟန့်အတားမရှိစေရန် သင့်တင့်သောကင်းလွတ်မှုများ နှင့် ဖယ်ရှားမှုများကို လုပ်ဆောင်ပေးသွားမည်ဟူ၍လည်း ဖြည့်စွက်ဖော်ပြထားသည်။(Xinhua)
…………………………………….
(English Version)
U.S. imposes sanctions on Russia’s major financial institutions, Putin’s daughters
ASHINGTON, April 6 (Xinhua) — The United States on Wednesday imposed additional sanctions on Russia for its military operation in Ukraine, targeting the country’s major financial institutions and the two daughters of Russian President Vladimir Putin.
According to a factsheet from the White House detailing the measures, the United States will impose full blocking sanctions on Russia’s largest financial institution, Sberbank, and the country’s largest private bank, Alfa Bank, freezing any of the two banks’ assets in the U.S. financial system and prohibiting Americans from doing business with them.
U.S. President Joe Biden will sign an executive order banning new investment in Russia by Americans no matter where they live, the factsheet said, adding the executive order aims to “ensure the enduring weakening of the Russian Federation’s global competitiveness.”
Additionally, Americans will no longer be allowed to conduct business transactions with major Russian state-owned enterprises, whose assets subject to U.S. jurisdiction will be frozen. The Department of the Treasury will announce the names of these entities Thursday.
Full blocking sanctions will be imposed on Putin’s two adult daughters, Russian Foreign Minister Sergei Lavrov’s wife and daughter, Russian Prime Minister Mikhail Mishustin as well as former Russia President and Prime Minister Dmitry Medvedev, who is now deputy chairman of the Security Council of Russia.
As a result, these individuals will be cut off from the U.S. financial system and the Biden administration will freeze the assets they hold in the United States.
Separately, the Treasury Department on Tuesday barred Russia from making debt payments with U.S. dollars from accounts at U.S. financial institutions, making it harder for the Russian government to meet its financial obligations.
The White House said in the factsheet that the United States and its allies will still allow Western companies to operate in Russia in sectors related to basic food provision, medicine and health care as well as telecommunications services, so as to alleviate the sanctions’ negative impact on ordinary Russians.
If necessary, the factsheet added, appropriate exemptions and carveouts will be issued to ensure humanitarian activities are not disrupted.