Connect with us

Europe

စပိန်ဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီးတို့၏ လက်ကိုင်ဖုန်းများ Pegasus စနစ်ဖြင့် ကြားဖြတ်ခိုးနားထောင်ခံရဟုဆို

လတ်ဗီးယားနိုင်ငံ ရီဂါမြို့၌ ၂၀၂၁ ခုနှစ် ဇူလိုင် ၇ ရက်တွင် ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုတွင် စပိန်နိုင်ငံဝန်ကြီးချုပ် Pedro Sanchez အား တွေ့ရစဉ်(ဆင်ဟွာ)

မတ်ဒရစ် ၊ မေ ၃ ရက်(ဆင်ဟွာ)

စပိန်နိုင်ငံဝန်ကြီးချုပ် ပတ်ထရိုဆန်းချက် (Pedro Sanchez)၏ လက်ကိုင်ဖုန်း နှင့် ကာကွယ်ရေးဝန်ကြီး မာဂရစ်တာရော့ဘယ်လ် (Margarita Robles) ၏ လက်ကိုင်ဖုန်းတို့ကို Pegasus စနစ်သုံး၍ ကြားဖြတ်ခိုးယူနားထောင်ခံရကြောင်း စပိန်အစိုးရအဆင့်မြင့် အရာရှိကြီးတစ်ဦးက မေ ၂ ရက်တွင် ပြောကြားခဲ့သည်။၎င်းတို့၏ လက်ကိုင်ဖုန်းများသည် သူလျှိုနည်းပညာ Pegasus စနစ်ဖြင့် “ တရားမဝင် ပြင်ပမှ ကြားဖြတ်နားထောင်မှု” အလုပ်ခံရကြောင်း စပိန်နိုင်ငံ အမျိုးသားလျှို့ဝှက်စုံစမ်းထောက်လှမ်းရေးဌာနမှ ထုတ်ပြန်သည့် နည်းပညာဆိုင်ရာ အစီရင်ခံစာနှစ်စောင်အရ သိရသည်ဟု စပိန်သမ္မတရုံးဝန်ကြီး Felix Bolanos က အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ Isabel Rodriguez နှင့်အတူ အရေးပေါ် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ယခင်က ဝန်ကြီးချုပ် Sanchez ၏ ဖုန်းကို လျှို့ဝှက်ထောက်လှမ်းရန် ကြိုပမ်းအားထုတ်မှုကို ပြီးခဲ့သော ၂၀၂၁ ခုနှစ် မေလတွင် ကြုံခဲ့ဖူးကြောင်း ၊ နောက်တစ်လအကြာတွင် ကာကွယ်ရေးဝန်ကြီး Robles၏ ဖုန်းကို ကြားဖြတ်ထောက်လှမ်းမှု ပြုလုပ်သည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ၎င်းကဆိုသည်။

“ အဲဒီနေ့ရက်တွေနောက်ပိုင်းမှာတော့ ကြားဖြတ်ခိုးနားထောင်တဲ့ သက်သေအထောက်အထားတော့ မရှိပါဘူး” ဟု စပိန်သမ္မတရုံးဝန်ကြီး Bolanos က ပြောကြားခဲ့သည်။ သို့သော် ယင်းကိစ္စရပ်မှာ အလွန်အလေးထားရမည့်ကိစ္စရပ်များဖြစ်ကြောင်း ၎င်းက မီးမောင်းထိုးပြောကြားခဲ့သည်။

“ ဒါဟာ သိပ်ကို အလေးဂရုပြုရမယ့် အချက်အလက်တွေအဖြစ် သက်သေပြနေပါတယ် ၊ နိုင်ငံပိုင်အဖွဲ့အစည်းပြင်ပ နဲ့ ဥပဒေပြင်ပ နေရာတွေဆီကနေ ထိုးဖောက်ဝင်ရောက်မှုရှိနေတယ်ဆိုတဲ့အကြောင်း အတည်ပြုပါတယ် ” ဟု၎င်းက ဆိုသည်။

ဖြစ်စဉ်ဆိုင်ရာ အချက်အလက်များကို တရားရေးဌာနသို့ပေးပို့ထားပြီးဖြစ်ကြောင်း နှင့် “ အဖြစ်မှန်တစ်ခုလုံး” ပေါ်ပေါက်သည်အထိ စုံစမ်းစစ်ဆေးမှုကို အပြည့်အဝလုပ်ဆောင်သွားမည်ဖြစ်ကြောင်း Bolanos က ဆက်လက်ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ဟာ သက်သေနဲ့တကွ ခိုင်လုံတဲ့ အထောက်အထားတွေကို တင်ပြထားပါတယ်။ ဒါဟာ ထင်မြင်ယူဆချက်တွေ သက်သက်မဟုတ်ပါဘူး” ဟု၎င်းက မှတ်ချက်ပြုခဲ့သည်။ (Xinhua)

—————————-

(English Version)
Mobile phones of Spanish PM, defense minister tapped by Pegasus system: official
MADRID, May 3 (Xinhua) — The mobile phones of Spanish Prime Minister Pedro Sanchez and Defense Minister Margarita Robles were tapped by the Pegasus system, a Spanish official said on Monday.
Their phones were subjected to “illegal and external listening” using Pegasus, according to two technical reports from the Spanish National Cryptologic Center, said Felix Bolanos, Spain’s minister for the presidency, at a hastily arranged press conference alongside government spokesperson Isabel Rodriguez.
He said the previous attempts to spy on Sanchez’s phone were reported in May 2021, while those against Robles were reported a month later.
“There is no evidence of any intrusion after these dates,” Bolanos said, but highlighting the seriousness of events.
“These are proven and extremely serious facts, that confirm that there have been intrusions in areas outside state institutions and outside the law,” he said.
Bolanos said the information had been given to the judiciary so that a full investigation could be carried out to find “the whole truth.”
“We are reporting facts that are proven and reliable. They are not assumptions,” he noted.

Photo- Spanish Prime Minister Pedro Sanchez attends a joint news conference with Latvian Prime Minister Krisjanis Karins (not seen in the picture) in Riga, Latvia, on July 7, 2021