China
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲတွင် သဘာပတိအဖြစ်ဆောင်ရွက်၍ အရေးကြီးမိန့်ခွန်းပြောကြား
ပေကျင်း၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲသို့ ဇွန် ၂၄ ရက်က ပေကျင်းမြို့မှ ဗွီဒီယိုလင့်ခ်ဖြင့် တက်ရောက်ခဲ့ပြီး အရေးကြီးမိန့်ခွန်းပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ အယ်လ်ဂျီးရီးယားနိုင်ငံသမ္မတTebboune ၊ အာဂျင်တီးနားနိုင်ငံသမ္မတ Fernandez ၊ အီဂျစ် သမ္မတ Abdel Fattah el-Sisi ၊ အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကို ဝီဒိုဒို ၊ အီရန်နိုင်ငံသမ္မတ ရိုင်စီ၊ ကာဇက်စတန်နိုင်ငံသမ္မတ Tokayev ၊ ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်၊ ဆီနီဂေါနိုင်ငံ သမ္မတ Macky Sall ၊ တောင်အာဖရိကနိုင်ငံ သမ္မတ ရာမာဖိုဆာ၊ ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Shavkat Mirziyoyev ၊ ဘရာဇီးနိုင်ငံ ဒုတိယသမ္မတ Hamilton Mouro ၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်၊ အီသီယိုးပီးယားနိုင်ငံ ဝန်ကြီးချုပ် Abiyyii ၊ ဖီဂျီနိုင်ငံ ဝန်ကြီးချုပ် Frank Bainimarama ၊ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် မိုဒီ၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Ismail နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ တို့ တက်ရောက်ခဲ့ကြသည်။ နိုင်ငံအသီးသီးမှ ခေါင်းဆောင်များက “ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်ဆက်ဆံရေးခေတ်သစ်ကို တည်ဆောက်၍ ၂၀၃၀ ပြည့််နှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်ကို ပူးပေါင်းအကောင်အထည်ဖော်ရေး” ဟူသောခေါင်းစဉ်ဖြင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်လုပ်ဆောင်ရေး၊ ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို အရှိန်မြှင့် အကောင်အထည်ဖော်ရေး စသည့်အရေးကြီးကိစ္စရပ်များကို နက်ရှိုင်းစွာ အမြင်သဘောထားချင်းဖလှယ်ကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို ဆွေးနွေးခဲ့ပြီး ကျယ်ပြန့်သော သဘောတူညီချက်ရရှိခဲ့သည်။
ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင် ရွှေရောင်ခန်းမကြီးတွင် မီးအလင်းရောင်များဖြင့် ထွန်းလင်းတောက်ပနေပြီး ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်သည့် နိုင်ငံ ၁၈ ခု၏ နိုင်ငံတော်အလံများမှာလည်း အရောင်အသွေးကိုယ်စီဖြင့် တောက်ပလျက်ရှိနေသည်။
ည ၈ နာရီခန့်တွင် သမ္မတ ရှီကျင့်ဖိန်က ဆွေးနွေးပွဲ စတင်ကြောင်း ကြေညာခဲ့သည်။ ဆွေးနွေးပွဲသို့ တက်ရောက်သည့် နိုင်ငံ့ခေါင်းဆောင်များက မကြားသေးမီနှစ်များအတွင်း ထွန်းသစ်စဈေးကွက်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးသော အခိုက်အတန့်ကို ဗွီဒီယိုကြည့်ရှုခြင်းဖြင့် ပြန်လည်ခံစားခဲ့ကြသည်။ ထို့နောက် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ခေါင်းဆောင်များက အွန်လိုင်းစုပေါင်းဓာတ်ပုံ ရိုက်ကူးပြီးနောက် အစည်းအဝေး စတင်ခဲ့သည်။
ဆွေးနွေးပွဲတွင် သမ္မတ ရှီကျင့်ဖိန်က “အရည်အသွေးမြင့် မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်၍ ကမ္ဘာ့လုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးခေတ်သစ်ကို ဖန်တီးခြင်း” ဟူသော ခေါင်းစဉ်ဖြင့် အရေးကြီးမိန့်ခွန်း ပြောကြားခဲ့သည်။
ဖွံ့ဖြိုးတိုးတက်မှုက လူသားမျိုးနွယ်အဖွဲ့အစည်း၏ ထာဝရအာရုံစိုက်ရမည့် အကြောင်းအရာဖြစ်ကြောင်း ရှီကျင့်ဖိန်က ထောက်ပြခဲ့သည်။ အဆက်မပြတ်ဖွံ့ဖြိုးမှသာလျှင် ပြည်သူများ၏ ကျန်းမာသောဘဝ၊ တည်ငြိမ်သော လူ့အဖွဲ့အစည်း လိုလားမှုကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများက ကြာမြင့်သည့်ကာလအတွင်း မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို ရှာဖွေခဲ့ကြပြီး လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ရာ ထူးခြားသော အောင်မြင်မှုရလဒ် ရရှိခဲ့သည်။
ထွန်းသစ်စဈေးကွက်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးသည် ကမ္ဘာ့ထက်ဝက်အနေအထားတွင် ရှိနေပြီး သိပ္ပံနှင့်နည်းပညာ၊ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုစသည့် နယ်ပယ်များတွင်လည်း ရေရှည်တိုးတက်မှုရရှိခဲ့သည်။
လက်ရှိ ကိုဗစ်ကပ်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၏ နှစ်ပေါင်းများစွာ ကြိုးပမ်းမှု ရလဒ်ကို ဝါးမျိုခဲ့ရာ ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ် အကောင်အထည်ဖော်ရေးအတွက် အဟန့်အတားဖြစ်နေကြောင်း၊ ကမ္ဘာ့မြောက်ခြမ်းနှင့် တောင်ခြမ်း ကွာဟချက် ပိုမိုကျယ်ပြန့်လာပြီး စားနပ်ရိက္ခာ၊ စွမ်းအင်လုံခြုံရေး အကျပ်အတည်းများ ပေါ်ပေါက်လာခဲ့သည်။ တစ်ချိန်တည်းတွင် နိုင်ငံအသီးသီး ပြည်သူများ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု လိုလားချက်က ပိုမိုပြင်းထန်လာပြီး ထွန်းသစ်စဈေးကွက်နိုင်ငံများ နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား စည်းလုံးညီညွတ်မှုနှင့် မိမိကိုယ်ကို မြှင့်တင်လိုသောဆန္ဒသည် ပိုမိုခိုင်မာလာကာ နည်းပညာနှင့် စက်မှုတော်လှန်ရေး တစ်ကျော့ပြန်ဖြစ်ပွားမှုက နိုင်ငံအသီးသီးအတွက် အခွင့်အလမ်းများ ပိုမိုရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဤခေတ်သည် စိန်ခေါ်မှုများစွာနှင့် ပြည့်နှက်နေသည့် ခေတ်ဖြစ်သလို မျှော်လင့်ချက်များလည်း အပြည့်ရှိနေသည့် ခေတ်ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။ မိမိတို့အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၏ အလားအလာကို ရှင်းလင်းစွာ သိရှိပြီး အားလုံးပါဝင်နိုင်မှု၊ ဟန်ချက်ညီမှု၊ ပူးပေါင်းဆောင်ရွက်ကာ အတူတကွသာယာဝပြောသော အခင်းအကျင်းကို အတူဖန်တီးရန် ခိုင်မာသောယုံကြည်ချက်၊ အားအင်အပြည့်ဖြင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပထမအနေဖြင့် မိမိတို့သည် နိုင်ငံတကာ၏ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး သဘောတူညီချက်ကို စုစည်းရမည်ဖြစ်သည်။ နိုင်ငံအသီးသီးမှ ပြည်သူများ ကောင်းမွန်စွာစားသောက်နေထိုင်နိုင်မှသာလျှင် ရေရှည်တည်တံ့သော သာယာဝပြောမှု၊ အာမခံချက်ရှိသော လုံခြုံမှု၊ အခြေခံကျသော လူ့အခွင့်အရေး ရရှိနိုင်မည်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှုကို နိုင်ငံတကာအဆိုပြုလမ်းစဉ်၏ ဗဟိုချက်တွင် ထားကာ ၂၀၃၀ ပြည့်နှစ် စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု အဆိုပြုလမ်းစဉ်ကို အကောင်အထည်ဖော်၍ လူတိုင်းမှ ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားသည့် နိုင်ငံရေးသဘောတူညီချက်ကို ဖန်တီးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒုတိယအနေဖြင့် မိမိတို့သည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုစေမည့် နိုင်ငံတကာ ပတ်ဝန်းကျင်ကို ဖန်တီးရမည်ဖြစ်သည်။ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒသည် မိမိကိုယ်ကို ဒုက္ခရောက်စေမည်ဖြစ်ပြီး၊ “အသိုက်အဝန်းငယ်” က မိမိကိုယ်ကို ဖယ်ကျဉ်ခြင်း ၊ အဆုံးအစွန် အရေးယူပိတ်ဆို့မှုက အခြားသူကိုသာမက မိမိကိုလည်းပဲ ထိခိုက်နိုင်မည်ဖြစ်ကြောင်းနှင့် အချိတ်အဆက်မရှိသော တံခါးပိတ်စနစ်လမ်းစဉ်သည် ခရီးမပေါက်သလို ခရီးဝေးသို့လည်း ရောက်နိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ မိမိတို့အနေဖြင့် ပိုမိုတရားမျှတမှုရှိသော ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုစနစ်နှင့် ပတ်ဝန်းကျင်ကို တည်ဆောက်ရန် စိတ်ရင်းမှန်ဖြင့် ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ခြင်း၊ တက်ညီလက်ညီဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးခြင်း၊ ပွင့်လင်းမှု အသွင်ဆောင်သော ကမ္ဘာ့စီးပွားရေးကို တည်ဆောက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တတိယအနေဖြင့် မိမိတို့သည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အားအင်သစ်များ ပျိုးထောင်ပေးရမည်ဖြစ်သည်။ သိပ္ပံနှင့်နည်းပညာ၊ စနစ်များ ဆန်းသစ်တီထွင်ခြင်း၊ နည်းပညာအသွင်ပြောင်းခြင်း၊ အသိပညာ မျှဝေခြင်းတို့ကို တွန်းအားပေးကာ ခေတ်မီစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ်ကွာဟမှု ဖြည့်ဆည်းပေးခြင်း၊ ကာဗွန်ထုတ်လွှတ်မှုလျော့ချရေး အသွင်ကူးပြောင်းမှု၊ ပိုမိုအားကောင်းပြီး ကျန်းမာသည့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးလုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စတုတ္ထအနေဖြင့် မိမိတို့သည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်ဆက်ဆံရေးကို လက်တွဲတည်ထောင်ရမည်ဖြစ်သည်။ ပူးပေါင်းမှသာလျှင် လုပ်ငန်းကြီးလုပ်ငန်းကောင်းများကို ရေရှည်လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများက ၎င်းတို့၏ တာဝန်ဝတ္တရား ထမ်းဆောင်ခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများက ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာ လုပ်ဆောင်ခြင်းဖြင့် ကမ္ဘာ့တောင်ခြမ်း နှင့်မြောက်ခြမ်းအတူ ရှေ့သို့လျှောက်လှမ်းကာ မည်သည့်နိုင်ငံမျှ မကျန်ရစ်စေမည့် စည်းလုံးညီညွတ်မှု၊ တရားမျှတမှု၊ ဟန်ချက်ညီမျှမှုနှင့် အများပါဝင်နိုင်သော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်ဆက်ဆံရေးကို တည်ထောင်ရမည်ဖြစ်သည်။ ကုလသမဂ္ဂအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများကြား ညှိနှိုင်းပေးမှု အခန်းကဏ္ဍတွင် ပါဝင်ခြင်းကို ထောက်ခံအားပေးခြင်း၊ စီးပွားရေးအသိုင်းအဝိုင်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် မီဒီယာပညာရှင်အဖွဲ့အစည်းများအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်လာရန်အတွက် အားပေးကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံ မိသားစုကြီးထဲမှ တစ်နိုင်ငံဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။ ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို ဆက်လက်ထောက်ခံရန် တရုတ်နိုင်ငံမှ လက်တွေ့ကျသော စီမံချက်များ လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအတွင်း ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်မည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု အရင်းအမြစ်များဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်း ပူးပေါင်းဆောင်ရွက်မှု အကူအညီပေးရေး ရန်ပုံငွေကို “ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာ့တောင်ဘက်ခြမ်း ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေ” အဖြစ် အဆင့်မြှင့်သွားမည်ဖြစ်သည်။ထို့ပြင် တရုတ်နိုင်ငံသည် တရုတ်-ကုလသမဂ္ဂ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ရင်းနှီးမှုကို တိုးမြှင့်ကာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အဆိုပြုချက် ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ရန် ထောက်ခံကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် သက်ဆိုင်ရာနိုင်ငံအသီးသီးနှင့်အတူ စားသောက်ကုန် ထုတ်လုပ်မှုနှင့် ထောက်ပံ့မှု အင်အား တိုးမြှင့်ရန်၊ သန့်ရှင်းသော စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး တွန်းအားပေးရန် အတွက် အဓိကကျသောကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ကာ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို နက်ရှိုင်းစွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေး ဆန်းသစ်တီထွင်မှုနှင့် ပူးပေါင်းထုတ်လုပ်မှု အားဖြည့်လုပ်ဆောင်ခြင်း၊ ကုန်းတွင်းပိုင်းနှင့် ပင်လယ်ဆိုင်ရာ ဂေဟစနစ် ကာကွယ်မှုနှင့် စဉ်ဆက်မပြတ် အသုံးပြုနိုင်မှုကို တွန်းအားပေးခြင်း၊ တစ်မျိုးသားလုံး ဒစ်ဂျစ်တယ်ဆိုင်ရာ စွမ်းရည်ကျွမ်းကျင်တတ်မြောက်မှုဖြင့် ဒစ်ဂျစ်တယ်ခေတ် အပြန်အလှန်ချိတ်ဆက်မှုကို တွန်းအားပေးခြင်း စသည့်လုပ်ဆောင်ချက်များဖြင့် နိုင်ငံအသီးသီးအတွက် အားအင်သစ်များ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် နိုင်ငံတော် စီမံခန့်ခွဲမှု အတွေ့အကြုံ ဖလှယ်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ချိတ်ဆက်မှုဆိုင်ရာ အသိပညာပေးရေးကွန်ရက်ဖြစ်သည့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာနှင့် အတွေ့အကြုံများ မျှဝေဖလှယ်ရေး ပလက်ဖောင်းတစ်ခု တည်ဆောက်မည်ဖြစ်ပြီး ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် အကောင်အထည်ဖော်ရေးအတွက် ဘက်စုံအင်အား စုစည်းနိုင်ရန် ကမ္ဘာ့လူငယ်ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်များကျင်းပကာ ကမ္ဘာ့လူငယ်ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို စတင်သွားမည်ဖြစ်သည်။
“စိတ်တူ သဘောထားတူရင် အရာအားလုံး အောင်မြင်နိုင်ပါတယ်”ဟု ရှီကျင့်ဖိန်က ထောက်ပြခဲ့သည်။ မိမိတို့အနေဖြင့် ခိုင်မာသောယုံကြည်ချက်ဖြင့် အရည်အသွေးမြင့် မိတ်ဖက်ဆက်ဆံရေးတည်ဆောက်မှုရာတွင် မှန်ကန်သော ဦးတည်ချက်ဆီသို့ အတူလျှောက်လှမ်းကာ သာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်သည့် ခေတ်သစ်ကို အတူဖန်တီးကြရန် ၎င်းကပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်သော ခေါင်းဆောင်အသီးသီးမှ မိန့်ခွန်းပြောကြားရာတွင် ၎င်းတို့က ယခုအကြိမ် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဆွေးနွေးပွဲကို တရုတ်နိုင်ငံမှ အဆိုပြုပြီး လက်ခံကျင်းပသည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် သမ္မတ ရှီကျင့်ဖိန်၏ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအပေါ် နက်ရှိုင်းသော အဆိုများ ထုတ်ဖော်ပြောကြားခြင်းကို ချီးကျူးကြောင်း ပြောကြားခဲ့သည်။လက်ရှိ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်သည် ပြင်းထန်သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ထွန်းသစ်စဈေးကွက်နိုင်ငံများ နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများက ပိုမိုတရားမျှတပြီး ဟန်ချက်ညီသော နိုင်ငံတကာ စည်းမျဥ်းများ တည်ဆောက်ရန်နှင့် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တန်းတူညီမျှမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးနိုင်သည့် အရေးကြီးသော အင်အားစုဖြစ်ရာ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ လိုလားမျှော်မှန်းသည့် ပိုမိုသာယာလှပသော ကမ္ဘာကို ဖန်တီးပေးရမည်ဖြစ်သည်။
ယခုအကြိမ် ဆွေးနွေးပွဲကျင်းပမှုသည် အခါအားလျော််သည့်အတွက် အနက်အဓိပ္ပာယ်ရှိကြောင်း၊ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ခြင်းအတွက် သဘောတူညီချက် အသစ်ရရှိနိုင်ကြောင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ဘုံအကျိုးစီးပွားနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းပေးနိုင်မည့်အပြင် အတူဖွံ့ဖြိုးတိုးတက်မှုအတွက် အားအင်သစ်များ ဖြည့်တင်းပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံအသီးသီးမှ ခေါင်းဆောင်များက တရုတ်နိုင်ငံမှ အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်ကို ချီးကျူးကြောင်းနှင့် လုံခြုံရေးသည် ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ အဆိုပြုချက်သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဂရုပြုမှုနှင့် လိုလားချက်နှင့် ကိုက်ညီကြောင်း ပြောကြားခဲ့သည်။
ယင်းအဆိုပြုချက်က နိုင်ငံတကာ သဘောတူညီချက် စုစည်းရေး၊ ဖွံ့ဖြိုးတိုးတက်မှု အရင်းအမြစ်များဖြင့် ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့် အကောင်အထည်ဖော်လုပ်ဆောင်ရမည်ဖြစ်သည်။
ဤသို့အကောင်အထည်ဖော်နိုင်ရန် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကူးစက်ရောဂါတိုက်ဖျက်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ စွမ်းအင်ဖူလုံရေးစသည့်နယ်ပယ်များတွင် အားဖြည့်လုပ်ဆောင်ရမည်ဖြစ်သည်။ နိုင်ငံအသီးသီးမှ တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုကြောင့် ဖြစ်ပေါ်လာသည့် အပျက်သဘောဆောင်သော အကျိုးဆက်နှင့် ဆင်းရဲသော ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် ဖြစ်ပေါ်သည့် ဆိုးဝါးသော ရိုက်ခတ်မှုအပေါ် အထူးဂရုပြုကြောင်းနှင့် စစ်မှန်သော နိုင်ငံစုံဘက်ပေါင်းစုံ မူဝါဒကိုကျင့်သုံးရန်၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို လိုက်နာရန်၊ တရားမျှတမှုကို မြှင့်တင်ရန်၊ ကမ္ဘာ့စီမံခန့်ခွဲရေးစနစ် ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးရန် အလေးထားပြောကြားခဲ့သည်။ ထွန်းသစ်စဈေးကွက်နိုင်ငံများ နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်လုပ်ဆောင်ကာ နိုင်ငံတကာ အရေးကိစ္စအတွင်း ပြောရေးဆိုခွင့် ရှိနိုင်ရန် တိုးမြှင့်လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် နိုင်ငံတကာ စီးပွားရေး ဘဏ္ဍရေးစနစ် တည်ငြိမ်မှု၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတည်ငြိမ်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းပြီး စည်းလုံးညီညွတ်သော၊ တရားမျှတပြီး အားလုံးပါဝင်နိုင်သော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်ဆက်ဆံရေး တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို တင်းရွှဲရှန်၊ ဝမ်ရိနှင့် ဟယ်လိဖုန်းတို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………………
(Chinese Version)
习近平主持全球发展高层对话会并发表重要讲话 强调推动构建团结、平等、均衡、普惠的高质量全球发展伙伴关系 共创普惠平衡、协调包容、合作共赢、共同繁荣的全球发展新时代
新华社北京6月24日电(记者杨依军)国家主席习近平24日晚在北京以视频方式主持全球发展高层对话会并发表重要讲话。阿尔及利亚总统特本、阿根廷总统费尔南德斯、埃及总统塞西、印度尼西亚总统佐科、伊朗总统莱希、哈萨克斯坦总统托卡耶夫、俄罗斯总统普京、塞内加尔总统萨勒、南非总统拉马福萨、乌兹别克斯坦总统米尔济约耶夫、巴西副总统莫朗、柬埔寨首相洪森、埃塞俄比亚总理阿比、斐济总理姆拜尼马拉马、印度总理莫迪、马来西亚总理伊斯迈尔、泰国总理巴育出席。各国领导人围绕“构建新时代全球发展伙伴关系,携手落实2030年可持续发展议程”的主题,就加强国际发展合作、加快落实联合国2030年可持续发展议程等重大问题深入交换意见,共商发展合作大计,达成广泛重要共识。
人民大会堂金色大厅灯光璀璨,18个与会国国旗旗阵熠熠生辉。
晚8时许,习近平宣布对话会开始。与会各国领导人一同观看视频短片,重温新兴市场国家和发展中国家近年来合作的重要时刻。当十八国领导人“云合影”照片出现在大屏幕上时,现场响起热烈掌声。
习近平发表题为《构建高质量伙伴关系 共创全球发展新时代》的重要讲话。
习近平指出,发展是人类社会的永恒主题。只有不断发展,才能实现人民对生活安康、社会安宁的梦想。长期以来,广大发展中国家为探索符合自身国情的发展道路、实现经济社会发展作出了不懈努力,取得令人瞩目的成果。新兴市场国家和发展中国家经济已占全球半壁江山,在科技、教育、社会、文化等领域也取得长足发展。当前,新冠肺炎疫情吞噬全球多年发展成果,联合国2030年可持续发展议程落实进程受阻,南北鸿沟继续拉大,粮食、能源安全出现危机。同时,各国人民求和平、谋发展、促合作的愿望更加强烈,新兴市场国家和发展中国家团结自强的意志更加坚定,新一轮科技革命和产业变革给各国带来的机遇更加广阔。
习近平强调,这是一个充满挑战的时代,也是一个充满希望的时代。我们要认清世界发展大势,坚定信心,起而行之,拧成一股绳,铆足一股劲,推动全球发展,共创普惠平衡、协调包容、合作共赢、共同繁荣的发展格局。
第一,我们要共同凝聚促进发展的国际共识。只有各国人民都过上好日子,繁荣才能持久,安全才有保障,人权才有基础。要把发展置于国际议程中心位置,落实联合国2030年可持续发展议程,打造人人重视发展、各国共谋合作的政治共识。
第二,我们要共同营造有利于发展的国际环境。保护主义是作茧自缚,搞“小圈子”只会孤立自己,极限制裁损人害己,脱钩断供行不通、走不远。要真心实意谋发展、齐心协力促发展,建设开放型世界经济,构建更加公正合理的全球治理体系和制度环境。
第三,我们要共同培育全球发展新动能。要推进科技和制度创新,加快技术转移和知识分享,推动现代产业发展,弥合数字鸿沟,加快低碳转型,推动实现更加强劲、绿色、健康的全球发展。
第四,我们要共同构建全球发展伙伴关系。合作才能办成大事,办成好事,办成长久之事。发达国家要履行义务,发展中国家要深化合作,南北双方要相向而行,共建团结、平等、均衡、普惠的全球发展伙伴关系,不让任何一个国家、任何一个人掉队。要支持联合国在全球发展合作中发挥统筹协调作用,鼓励工商界、社会团体、媒体智库参与全球发展合作。
习近平强调,中国一直是发展中国家大家庭一员。中国将采取务实举措,继续支持联合国2030年可持续发展议程。
——中国将加大对全球发展合作的资源投入,把南南合作援助基金整合升级为“全球发展和南南合作基金”,加大对中国-联合国和平与发展基金的投入,支持开展全球发展倡议合作。
——中国将同各方携手推进重点领域合作,动员发展资源,深化全球减贫脱贫合作,提升粮食生产和供应能力,推进清洁能源伙伴关系;加强疫苗创新研发和联合生产;促进陆地与海洋生态保护和可持续利用;提高全民数字素养和技能,加快工业化转型升级,推动数字时代互联互通,为各国发展注入新动力。
——中国将搭建国际发展知识经验交流平台,成立全球发展促进中心,建立全球发展知识网络,开展治国理政经验交流;举办世界青年发展论坛,共同发起全球青年发展行动计划,为落实联合国2030年可持续发展议程汇聚最广泛力量。
习近平指出,“心合意同,谋无不成”。让我们坚定信心,朝着构建高质量伙伴关系的正确方向携手奋进,共创繁荣发展新时代。(讲话全文另发)
与会领导人分别发言。他们表示,感谢中方倡议并主办此次全球发展高层对话会,高度赞赏习近平主席关于全球发展合作的深刻阐述。当前国际和平与发展事业面临严峻挑战。新兴市场国家和发展中国家是构建更加公平、均衡的国际秩序、促进和平、安全、平等、发展的关键力量,应该加强团结合作,推动国际社会将发展问题置于核心位置,推动构建符合大多数发展中国家需要和期待的更加美好的世界。此次对话会恰逢其时、意义重大,有助于就国际发展合作达成新共识,维护发展中国家共同利益,为维护世界和平、促进共同发展注入新动力。
各国领导人赞赏并支持中方提出的全球发展倡议和全球安全倡议,一致认为发展是安全的基础,安全是发展的前提,中方倡议符合广大发展中国家关切和需求,有利于凝聚国际共识,动员发展资源,加快落实联合国2030年可持续发展议程,希望在减贫、抗疫、粮食安全、能源安全等领域加强合作,加强全球发展倡议同地区发展规划对接,共同应对贫困、不平等和发展领域挑战。各方严重关切单边制裁产生的负面外溢效应及其对脆弱发展中国家造成的严重伤害,强调要践行真正的多边主义,维护联合国宪章宗旨和原则,秉持公平正义,推动全球治理体系变革。新兴市场国家和发展中国家要加强协调合作,增强在国际事务中的代表性和发言权,共同维护国际经济金融体系稳健运行,推动世界经济稳定复苏和可持续发展,携手构建团结、平等、均衡、普惠的全球发展伙伴关系。
对话会发表主席声明,全面阐述与会各方关于全球发展的政治共识,围绕全球发展倡议重点领域提出了务实合作举措。(声明全文另发)
丁薛祥、王毅、何立峰等参加对话会。(完)
图说- 6月24日晚,国家主席习近平在北京以视频方式主持全球发展高层对话会并发表题为《构建高质量伙伴关系 共创全球发展新时代》的重要讲话。新华社记者 李涛 摄