Connect with us

Media

ထိုင်းနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲတွင် အတိုက်အခံများက အများဆုံး အနိုင်ရပြီးနောက် Move Forward ပါတီက ညွန့်ပေါင်းဖွဲ့စည်းရန် ကြိုးပမ်းနေ

ဘန်ကောက် ၊ မေ ၁၆ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ တရားဝင်မဟုတ်သေးသည့် မဲရလဒ်များအရ အတိုက်အခံများက အောက်လွှတ်တော်နေရာအများစု အနိုင်ရရှိသောကြောင့် Move Forward ပါတီက အခြားအတိုက်အခံပါတီများနှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။

ကိုယ်စားလှယ်နေရာ ၁၄၁ နေရာ အနိုင်ရရှိခဲ့ပြီး ရွေးကောက်ပွဲမကျင်းပမီ နာမည်ကြီးပါတီ Pheu Thai နှင့် အခြား အဓိက အတိုက်အခံတို့ထက် လူငယ်မဲဆန္ဒရှင်များအကြား ထောက်ခံမှုအများဆုံး ရှိသည့် Move Forward ပါတီသည် အောက်လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ ၁၅၁ ဖြင့် အများဆုံးအနိုင်ရသည့်ပါတီအဖြစ် ပေါ်ထွက်လာခဲ့သည်။

ဆန္ဒမဲ ၉၉.၁၈ ရာခိုင်နှုန်း ရေတွက်ပြီးစီးချိန်တွင် Move Forward ပါတီ နှင့် Pheu Thai ပါတီတို့သည် အောက်လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ ၄၀၀ ရှိသည့်အနက် ၁၁၂ နေရာစီ ရရှိထားကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ Ittiporn Boonpracong က မေ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

…………………………………….
(English Version)
Thailand’s Move Forward Party seeks coalition after oppositions win majority in general election
Thailand’s Move Forward Party is seeking to form a coalition government with other opposition parties as unofficial vote counting results showed the oppositions have won the majority of seats in the lower house of parliament.
The Move Forward Party, with a strong base among young voters, emerged as the largest party in the House of Representatives with 151 seats, ahead of the other major opposition and pre-election favorite Pheu Thai Party which won 141 seats.
As of 99.18 percent vote counting which is completed so far, Move Forward Party and the Pheu Thai Party each captured 112 seats out of the 400 constituency seats in the House of Representatives, said Ittiporn Boonpracong, chairman of the Election Commission on Monday.
Xinhua News Agency correspondents reporting from Bangkok.
(XHTV)