Connect with us

Media

အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်နှင့် အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးတို့ စီးပွားရေးဆက်ဆံမှုနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး

ဝါရှင်တန်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ရှဲ့ဖုန်းသည် အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂျီနာ ရေမွန်ဒို (Gina Raimondo) နှင့် ဩဂုတ် ၂၂ ရက်က တွေ့ဆုံခဲ့ပြီး တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်ဆံမှု၊ ရေမွန်ဒို၏ တရုတ်နိုင်ငံသို့သွားမည့်ခရီးစဉ် စသည်တို့အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။အမေရိကန်နိုင်ငံအပေါ်ထားရှိသော တရုတ်နိုင်ငံ၏ မူဝါဒက တသမတ်တည်းဖြစ်ကြောင်း ရှဲ့ကပြောခဲ့သည်။ “ကျွန်တော်တို့ရဲ့ အခြေခံလမ်းညွှန်ချက်ကတော့ သမ္မတ ရှီကျင့်ဖိန် ဖော်ပြထားတဲ့ အချက် ၃ ချက်ဖြစ်တဲ့ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုနဲ့ နှစ်ဦးနှစ်ဘက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုတို့ပဲ ဖြစ်ပါတယ်” ဟု ရှဲ့က ဆိုသည်။ ပြည်သူများက ရှုပ်ထွေးသောကမ္ဘာကြီးတွင် နေထိုင်ရကြောင်း၊ တစ်ကမ္ဘာလုံးဆိုင်ရာ နာလန်ထူမှုကလည်း နှေးကွေးနေဆဲဖြစ်ကြောင်းနှင့် အကျပ်အတည်းများကလည်း ဆက်လက်ဖြစ်ပေါ်နေကြောင်း ၎င်းက ဆိုသည်။ “တရုတ်နဲ့ အမေရိကန်က ကမ္ဘာတစ်ခု၊ တစ်မိုးအောက်မှာ အတူရှိနေကြတာပါ။ ကျွန်တော်တို့အားလုံးက တစ်လှေတည်းစီးကြသူတွေဖြစ်ပြီး ဘယ်သူမှ သီးခြားစီနေလို့မရပါဘူး။ တစ်ခုတည်းသော နည်းလမ်းက အတူတကွ ရှေ့ဆက်သွားဖို့ပါပဲ” ဟု ရှဲ့က ဖြည့်စွက်ပြောခဲ့သည်။

တရုတ်နိုင်ငံနှင့် ဆက်စပ်သော စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များဆိုင်ရာ တရုတ်နိုင်ငံ၏ ရပ်တည်ချက်က အမေရိကန်နိုင်ငံအနေဖြင့် ယင်းအပေါ် အထူးအလေးထားရန်နှင့် ထိုကိစ္စရပ်များကို ဖြေရှင်းပေးရေးအတွက် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း ရှဲ့က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံကဲ့သို့ ဦးတည်ချက်တူထားရှိရန်၊ ပူးပေါင်းဆောင်ရွက်မှုစာရင်းကို တိုးချဲ့လျက် ကန့်သတ်မှုစာရင်းကို လျှော့ချရန် တိုက်တွန်းခဲ့ကြောင်း၊ သို့မှသာ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်မှုရှိစေရန် ပူးတွဲဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

ထို့ပြင် ၎င်းတို့နှစ်ဦး တွေ့ဆုံမှုက နက်ရှိုင်း၍ လက်တွေ့ကျပြီး အပြုသဘောဆောင်ကာ ဆက်ဆံရေးကိုလည်း ထိန်းထားရန် သဘောတူခဲ့ကြကြောင်း သိရသည်။ (Xinhua)

……………………………………
(English Version)
Chinese ambassador to U.S. meets U.S. commerce Secretary on economic ties
WASHINGTON, Aug. 23 (Xinhua) — Chinese Ambassador to the United States Xie Feng met with U.S. Secretary of Commerce Gina Raimondo on Tuesday, exchanging views on China-U.S. economic and trade ties and Raimondo’s upcoming visit to China.
Xie said that China’s policy toward the United States is consistent. “Our fundamental guidance are the three principles outlined by President Xi Jinping: mutual respect, peaceful coexistence and win-win cooperation,” Xie said.
He said people are living in a turbulent world, with global recovery remaining sluggish, and crises continuing to pop up. “China and the United States share the same planet and the same sky. As all are in the same boat, no one can stay aloof, still less profit at others’ expense,” said Xie, adding, “The only right way forward is to pull together.”
Xie stated China’s position on economic and trade issues of concern to China, requiring the U.S. side to attach great importance to them and take actions to resolve them.
He called on the U.S. side to work in the same direction as China, lengthen the list of cooperation and shorten the negative list, so as to make joint efforts to stabilize China-U.S. relations.
Both sides viewed the meeting as having been in-depth, pragmatic and constructive, and agreed to maintain communication.