Connect with us

Media

ဘာစီလိုနာအသင်းက ဂိုးသမားဆက်ဇီနီအား ရာသီကုန်အထိ အပြီးသတ်ခေါ်ယူ

ဘာစီလိုနာ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
ဘာစီလိုနာအသင်းက ဒဏ်ရာရရှိထားသည့် Marc Andre Ter Stegen အား အစားထိုးရန် ဂိုးသမား Wojciech Szczesny ကို အပြီးသတ်ခေါ်ယူလိုက်ကြောင်း အောက်တိုဘာ ၂ ရက်က အတည်ပြုခဲ့သည်။
အသက် ၃၄ နှစ်အရွယ်ရှိ ပိုလန်လက်ရွေးစင်ဂိုးသမားဆက်ဇီနီသည် အောက်တိုဘာ ၁ ရက် ညပိုင်းက ကျင်းပခဲ့သည့် ချန်ပီယံလိဂ်ပြိုင်ပွဲ ဘာစီလိုနာအိမ်ကွင်းပွဲစဉ်၌ ယန်းဘွိုင်းစ်အသင်းအား ၅-၀ ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် လာရောက်ကြည့်ရှုခဲ့ပြီး ဆက်ဇီနီက နွေရာသီတွင် ပရော်ဖက်ရှင်နယ်ပြိုင်ပွဲမှ အနားယူမည်ဟု ကြေညာထားသော်လည်း ၂၀၂၄-၂၅ ရာသီကုန်အထိ စာချုပ်အား သဘောတူခဲ့ကြောင်း သိရသည်။
Ter Stegen သည် မကြာသေးမီက လာလီဂါပြိုင်ပွဲ ဗီလာရီးရဲလ်နှင့်ပွဲစဉ်၌ ညာဖက်ဒူးခေါင်းအရွတ် စုတ်ပြဲခဲ့ပြီး ဒဏ်ရာအား အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့သော်လည်း ရာသီကုန်အထိ အနားယူရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………………
(English Version)
FC Barcelona complete Szczesny signing until end of season
FC Barcelona on Wednesday confirmed the signing of goalkeeper Wojciech Szczesny to provide cover for the injured Marc Andre Ter Stegen.
The 34-year-old Polish international was in the stands for Barca’s 5-0 win at home to Young Boys in the Champions League on Tuesday night and has agreed a contract until the end of the 2024-25 season, despite announcing his retirement from the professional game in the summer.
Ter Stegen tore ligaments in his right knee in a recent La Liga game in Villarreal and although he has had a successful operation on his injury, he will be out of action until the end of the season.
Xinhua News Agency correspondents reporting from Barcelona, Spain. (XHTV)