Connect with us

Media

မြန်မာနိုင်ငံရှိ ပြည်သူလူထုအတွက် တရုတ်ဘာသာစကားသင်တန်းများ ဖွင့်လှစ်

ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ CITIC ၊ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာနှင့် အခြားအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုဖြင့် တရုတ်ဘာသာစကားသင်တန်းစီမံကိန်းကို မြန်မာနိုင်ငံရှိ ပြည်သူလူထုအတွက် မေ ၁၀ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းဖွင့်လှစ်ခြင်းဖြင့် ဒေသခံပြည်သူလူထု၏ အသက်မွေးဝမ်းကျောင်း အတတ်ပညာကို မြှင့်တင်ပေးပြီး နောက်ပိုင်းတွင် လုပ်ငန်းခွင် အထူးသဖြင့် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီမှ အလုပ်လျှောက်ထားရာတွင် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း CITIC Myanmar ထုတ်ပြန်ချက်အရ သိရသည်။ CITIC Myanmar ၏ ဒုတိယအထွေထွေမန်နေဂျာ Ma Chuanfu က CITIC အနေဖြင့် ၂၀၁၄ ခုနှစ်မှစ၍ လူမှုအကျိုးပြုလုပ်ငန်းများစွာကို အကောင်အထည်ဖော်ဆောင်ခဲ့ပြီး ဒေသခံထောင်ဂဏန်းခန့်အား ကောင်းကျိုးသက်ရောက်စေခဲ့ကြောင်း အဆိုပါ အခမ်းအနား၌ ပြောကြားခဲ့သည်။

တရုတ်ဘာသာစကားသင်တန်းစီမံကိန်း၊ စီမံကိန်းမန်နေဂျာ ဦးကျော်ကျော်စိုးက ရန်ကုန်တွင်ဖွင့်လှစ်မည့် သုံးလကြာ တရုတ်ဘာသာစကားသင်တန်းများတွင် သင်တန်းသား ၇၀ နီးပါး စာရင်းသွင်းအပ်နှံထားကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………….
(English Version)
Chinese Language courses open for local people in Myanmar
China’s CITIC, in cooperation with the China Cultural Center in Yangon and other organizations, launched a Chinese Language training project for local people in Myanmar on Friday.
The language training project aims to improve the vocational skills of local people and enhance their competency for future employment opportunities, especially at Chinese companies in Myanmar, according to CITIC Myanmar.
Speaking at the launching ceremony, Ma Chuanfu, deputy general manager of CITIC Myanmar, said the company has implemented multiple projects in Myanmar since 2014, benefiting hundreds of thousands of local people.
U Kyaw Kyaw Soe, manager of the training project, said that nearly 70 students were enrolling in the three-month Chinese courses at the China Cultural Center in Yangon