Connect with us

Media

တရုတ်စာပေနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပ

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ)

သတ္တမအကြိမ်မြောက် တရုတ်စာပေနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ မေလ ၁၂ ရက်က ကျင်းပခဲ့သည်။
ရန်ကုန်မြို့ရှိ တရုတ်စာသင်ကျောင်းဖြစ်သည့် Bowen ကျောင်းမှ စီစဉ်ကျင်းပသော အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံရှိ တရုတ်စာသင်ကျောင်း ရှစ်ကျောင်းမှ ကျောင်းသား ၄၅ ဦးခန့်
ပါဝင်ဆင်နွှဲ ခဲ့ကြသည်။

“ဒီပွဲလေးကို ပြုလုပ်ခြင်းအားဖြင့် ကလေးတွေအနေနဲ့ တရုတ်စာပေတွေ၊ ကဗျာတွေရွတ်ဖတ်ရာမှာ ပိုပြီးစိတ်ဝင်စားလာအောင်လို့ ကျင်းပပေးခြင်းဖြစ်ပါတယ်။ ကလေးတွေအနေနဲ့ စာတွေဖတ်တာ၊ ရွတ်ဆိုရရုံတင်မကဘဲ အသက်ဝင်အောင် တင်ဆက်ပြသ ဖတ်လို့ရတယ်ဆိုတာကို ပိုပြီးနားလည်လာကြတယ်” ဟု Bowen ကျောင်း၊ ကျောင်းအုပ် ဒေါ်ချိုချိုမြင့်က ဆင်ဟွာကို ပြောသည်။
“ကလေးတွေအတွက် ဒီလိုမျိုးပြိုင်ပွဲလေးတွေ ပြုလုပ်ပေးရတဲ့အတွက် အရမ်းကျေနပ်ပါတယ်။ ပြိုင်ပွဲထဲမှာ မြန်မာကလေးတွေက တရုတ်လိုမျိုးပီပီသသပြောတတ်လာတာ တွေ့ရပါတယ်။ မြန်မာပြည်မှာမွေးတဲ့ တရုတ်ကလေးတွေ ပြောသလိုမျိုးပဲ ပြောတတ်ကြပါတယ်။ နောက်လည်း ဒီလိုမျိုးပြိုင်ပွဲလေးတွေ အများကြီးပြုလုပ်နိုင်အောင် ကြိုးပမ်းသွားမှာပါ” ဟု ဒေါ်ချိုချိုမြင့်က ပြောခဲ့သည်။ (Xinhua)