Connect with us

Media

ဘိုင်ဒန်တွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိကြောင်း အိမ်ဖြူတော်ပြော

ဝါရှင်တန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်တွင် ဇူလိုင် ၁၇ ရက်က ကိုဗစ်-၁၉ (COVID-19) ရောဂါ စစ်ဆေးတွေ့ရှိကြောင်း အိမ်ဖြူတော်က အတည်ပြုခဲ့ကြောင်း သိရသည်။
“ဒီနေ့ (ဇူလိုင် ၁၇ ရက်) အစောပိုင်းက လာ့စ်ဗီးဂပ်စ်မှာ ပထမဆုံးအစီအစဉ်ပြီးတဲ့နောက် သမ္မတ ဘိုင်ဒန်မှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သူက ကာကွယ်ဆေးရော၊ ထပ်ဆောင်းကာကွယ်ဆေးရော ထိုးထားပြီးပါပြီ။ ရောဂါလက္ခဏာ အပျော့စား‌လေးတွေတော့ ခံစားနေရပါတယ်” ဟု အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ရှိသူ Karine Jean-Pierre ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။
“သူက သီးသန့်ခွဲခြားနေထိုင်ဖို့ ဒယ်လာဝဲပြည်နယ်ကို ပြန်လာမှာဖြစ်ပြီး အဲဒီကာလအတွင်း တာဝန်တွေအားလုံးကို အပြည့်အဝ ဆက်လက်ထမ်းဆောင်မှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)

………………………
(English Version)
Biden tests positive for COVID-19: White House
U.S. President Joe Biden tested positive for COVID-19 on Wednesday, the White House confirmed.
“Earlier today following his first event in Las Vegas, President Biden tested positive for COVID-19. He is vaccinated and boosted, and he is experiencing mild symptoms,” White House Press Secretary Karine Jean-Pierre said in a statement.
“He will be returning to Delaware where he will self-isolate and will continue to carry out all of his duties fully during that time,” she said.
Xinhua News Agency correspondents reporting from Washington D.C. (XHTV)