Connect with us

Media

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရေဘေးသင့်ကျေးရွာသားများထံ ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရန် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ခြေလျင်ခရီးထွက်ခွာ

ပေါင်ကျီး၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ်ရှိ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၂၀ ကျော်က လျိုကျားကျွမ်း ကျေးရွာရှိ ဒေသခံများထံ အခြေခံလိုအပ်ချက်ပစ္စည်း ၁၀၀ ကီလိုဂရမ်ကျော် ပို့ဆောင်ရန် မြစ်များနှင့် တောင်များအား ကျော်ဖြတ်၍ ခြေလျင်ခရီးထွက်ခွာသွားခဲ့ကြောင်း သိရသည်။

မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာသို့သွားရာလမ်းမှာ ပျက်စီးခဲ့သဖြင့် ဒေသခံများမှာ အခြေခံလိုအပ်ချက်ပစ္စည်းများ မရှိဘဲ သောင်တင်နေကြကြောင်း သိရသည်။ (Xinhua)
……………………..
(English Version)
Rescue personnel hike to deliver supplies to flood-affected villagers in NW China
On Friday, more than 20 rescue personnel in Shaanxi Province, northwest China, traversed mountains and rivers on foot to deliver more than 100 kilograms of essential supplies to residents of Liujiazhuang Village.
The locals were left stranded without basic necessities as the road leading to the village was damaged by continuous heavy rainfalls.
Xinhua News Agency correspondents reporting from Baoji, China. (XHTV)