Connect with us

Media

တရုတ်နိုင်ငံ၏ ၂၀၂၄ ခုနှစ် နွေရာသီ ရုပ်ရှင်လက်မှတ်ရောင်းအား ယွမ် ၆ ဘီလီယံကျော်ရှိ

ပေကျင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ၂၀၂၄ ခုနှစ် ဇွန် ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ ကြာမြင့်မည့် နွေရာသီရုပ်ရှင်ရာသီအတွက် ရုပ်ရှင်လက်မှတ်ရောင်းချမှုဝင်ငွေသည် ဇူလိုင် ၂၂ ရက် မွန်းတည့်ချိန်အထိ ယွမ် ၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၄၁ သန်းခန့်) ကျော်လွန်ခဲ့ပြီးရုပ်ရှင်ဇာတ်ကားစာရင်းတွင် ပြည်တွင်းရုပ်ရှင်ကား ၃ ကားက ထိပ်ဆုံး၌ ရပ်တည်လျက်ရှိကြောင်း သိရသည်။
နာမည်ကျော် ဟာသ သရုပ်ဆောင်နှစ်ဦးဖြစ်သော Shen Teng နှင့်Ma Li တို့ ပါဝင်သရုပ်ဆောင်ထားသည့် “Successor” ရုပ်ရှင်က ထိပ်ဆုံး၌ရှိနေကြောင်း ရုပ်ရှင်အချက်အလက် ပလက်ဖောင်း Beacon တွင် ဖော်ပြထားသည်။ အဆိုပါ ရုပ်ရှင်ကို ဇူလိုင် ၁၆ ရက်တွင် ပြသခဲ့ခြင်းဖြစ်ပြီး လူချမ်းသာဇနီးမောင်နှံက ၎င်းတို့၏သား ပုဂ္ဂိုလ်ရေးတိုးတက်မှုကို အားပေးရန် စိန်ခေါ်မှုရှိသောပတ်ဝန်းကျင်အတု ဖန်တီးပေးသည့်ဇာတ်လမ်းကို ရိုက်ကူးထားခြင်းဖြစ်သည်။ ထိုရုပ်ရှင်သည် ဇူလိုင် ၁၁ ရက် မွန်းတည့်ချိန်မတိုင်မီအထိ ယွမ် ၁.၅၈ ဘီလီယံကျော် ရရှိခဲ့ရာ ရုပ်ရှင်လက်မှတ်ရောင်းအား စုစုပေါင်း၏ ၂၆.၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ဒုတိယနေရာတွင် ရပ်တည်နေသော ဇာတ်ကားမှာ “A Place Called Silence” ရုပ်ရှင်ဖြစ်ပြီး ကျောင်းဝင်းအတွင်း အနိုင်ကျင့်ဗိုလ်ကျမှုကို ကြိုးစားဖော်ထုတ်သည့်အကြောင်း ရိုက်ကူးထားခြင်းဖြစ်ကာ ဇူလိုင် ၃ ရက်က ရုံတင်ပြသခဲ့ကြောင်းနှင့် ဇူလိုင် ၂၂ ရက် မွန်းတည့်ချိန်အထိ ယွမ် ၁.၁၂ ဘီလီယံနီးပါး ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/VoT
……………………………………..
(English Version)
China’s 2024 summer box office exceeds 6 billion yuan
BEIJING, July 22 (Xinhua) — China’s box office revenue for the 2024 summer movie season, which runs from June 1 to Aug. 31, had exceeded 6 billion yuan (about 841 million U.S. dollars) as of Monday noon, with three domestic films topping the box office chart.
According to film data platform Beacon, the comedy “Successor,” featuring renowned comedic duo Shen Teng and Ma Li, leads the chart. The film, released on July 16, tells the story of a wealthy couple who fakes a challenging environment for their son to foster his personal growth. By Monday noon, it had raked in over 1.58 billion yuan, accounting for 26.4 percent of the total box office sales.
Ranking second is the crime thriller “A Place Called Silence.” The film, which delves into the topic of campus bullying, debuted on July 3 and had grossed nearly 1.12 billion yuan as of Monday noon.