Connect with us

Media

ရုရှားနိုင်ငံက ကုန်တင်အာကာသယာဉ် Progress MS-28 အား ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ လွှတ်တင်

မော်စကို၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံက Soyuz-2.1a သယ်ဆောင်ရေးဒုံးပျံဖြင့် ဩဂုတ် ၁၅ ရက်က ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ Progress MS-28 ကုန်တင်အာကာသယာဉ်အား အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း နိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း Roscosmos က ပြောကြားခဲ့သည်။
ယင်းကုန်တင်အာကာသယာဉ်တွင် နိုင်ငံတကာအာကာသစခန်း (ISS) အတွက် လတ်လတ်ဆတ်ဆတ် ထုတ်ကုန်များ၊ သိပ္ပံဆိုင်ရာ ပစ္စည်းကိရိယာများနှင့် ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်ကာ Baikonur Cosmodrome အာကာသစခန်းမှ မော်စကိုစံတော်ချိန်နံနက် ၆ နာရီ ၂၀ မိနစ် (ဂရင်းနစ်စံတော်ချိန် ၀၃၂၀)တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………….
(English Version)
Russia launches cargo spaceship Progress MS-28 into orbit
Russia successfully launched the Progress MS-28 cargo spacecraft into orbit on Thursday via the Soyuz-2.1a carrier rocket, Russia’s state space corporation Roscosmos said Thursday.
The launch took place at 06:20 Moscow time (0320 GMT) from the Baikonur Cosmodrome, with the spacecraft carrying supplies, scientific equipment, and fresh produce for the International Space Station (ISS).
The Progress MS-28 is expected to reach the ISS in approximately two days, with docking scheduled for Saturday at 08:56 Moscow time (0556 GMT). It will connect to the Zvezda service module of the ISS, delivering a total of 2,621 kilograms of cargo.
Xinhua News Agency correspondents reporting from Moscow. (XHTV)