Connect with us

Media

ထိုင်းဘုရင်က ဝန်ကြီးချုပ်အသစ်အဖြစ် ပေထွန်ထန် ရှင်နာဝပ်ထရာကို ခန့်အပ်

ဘန်ကောက်၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၏ ဘုရင် မဟာဝဇီရာလောင်ကွန်းက ဝန်ကြီးချုပ်အသစ်အဖြစ် ပေထွန်ထန် ရှင်နာဝပ်ထရာကို ခန့်အပ်လိုက်ကြောင်း အောက်လွှတ်တော်အထွေထွေအတွင်းရေးမှူး Arpath Sukhanunth က ဩဂုတ် ၁၈ ရက်တွင် ကြေညာခဲ့သည်။
ပေထွန်ထန် ရှင်နာဝပ်ထရာအနေဖြင့် ဩဂုတ် ၁၆ ရက်က ပြုလုပ်သော ပါလီမန်မဲပေးရွေးချယ်မှုတွင် မဲအများအပြား အနိုင်ရရှိခဲ့သဖြင့် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း တော်ဝင်အမိန့်အား အောက်လွှတ်တော် အထွေထွေအတွင်းရေးမှူးက ဖြူထိုင်းပါတီရုံးချုပ်၌ ဩဂုတ် ၁၈ ရက် နံနက်ပိုင်းက ပြုလုပ်သည့် အခမ်းအနား၌ ဖတ်ကြားခဲ့သည်။ (Xinhua)
…………………….
(English Version)
Thai King appoints Paetongtarn Shinawatra as new PM
Thailand’s King Maha Vajiralongkorn has appointed Paetongtarn Shinawatra as the country’s prime minister, Secretary-General of the House of Representatives Arpath Sukhanunth announced on Sunday.
In a ceremony held on Sunday morning at the Pheu Thai Party headquarters, Arpath delivered the royal command stating that Paetongtarn has been appointed premier as she received majority support in the parliamentary vote on Aug. 16.
Xinhua News Agency correspondents reporting from Bangkok. (XHTV)