Connect with us

Media

ဘီနင်နိုင်ငံ ဂန်ဗီကျေးရွာ၌ ကျင်းပသည့် ရေပွဲတော်

ကို့တ်နျူ၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
ဘီနင်နိုင်ငံရှိ ရေကန်ကျေးရွာဖြစ်သည့် ဂန်ဗီကျေးရွာ၌ ရေကန်အားကစား၊ အနုပညာနှင့် ယဉ်ကျေးမှုတို့ ပါဝင်သည့် ပွဲတော်တစ်ရပ်အား မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သည်။
ယင်းပွဲတော်က ကနူးလှေလှော်ပြိုင်ပွဲ၊ ရေထဲတွင် ဖျော်ဖြေတင်ဆက်မှုများ၊ ရေပေါ်ဈေးဆိုင်များနှင့် အခြားအမျိုးမျိုးသော လှုပ်ရှားမှုများမှတစ်ဆင့် ဒေသခံပြည်သူများ၏ နေ့စဉ်ဘဝကို ပြသခဲ့ကြောင်း သိရသည်။
အာဖရိကဗင်းနစ်ဟု သိကြသည့် ဂန်ဗီကျေးရွာက Nokoue ရေကန်အတွင်း ရှိပြီး ဘီနင်နိုင်ငံ စီးပွားရေးမြို့တော် ကို့တ်နျူ မြောက်ဘက်တွင် တည်ရှိကြောင်း သိရသည်။ (Xinhua)
……………………..
(English Version)
Water festival held in Ganvie, Benin’s lake village
A festival featuring lake sports, arts, and culture was held recently in the lake village of Ganvie in Benin.
This festival showcased the daily life of the local people through canoe races, water performances, floating stores, and other diverse activities.
Known as the “Venice of Africa,” Ganvie is situated in Lake Nokoue and lies just to the north of Benin’s economic capital of Cotonou.
Xinhua News Agency correspondents reporting from Cotonou, Benin. (XHTV)