Connect with us

Media

အပစ်ရပ်ဆွေးနွေးမှုများ ရပ်တန့်နေချိန် ဂါဇာနှင့်ထိစပ်နေသော နယ်စပ်အား အီဂျစ်စစ်တပ်အကြီးအကဲ သွားရောက်စစ်ဆေး

ကိုင်ရို၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
အီဂျစ်စစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ် Ahmed Khalifa က ဂါဇာကမ်းမြောင်ဒေသနှင့် ထိစပ်နေသော နယ်စပ်တွင် လုံခြုံရေးအစီအမံများအား စက်တင်ဘာ ၅ ရက်က သွားရောက်စစ်ဆေးခဲ့ကြောင်း အီဂျစ်စစ်တပ်က ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။
အီဂျစ်စစ်တပ်၏ အဓိကတာဝန်မှာ ဗျူဟာမြောက်လမ်းကြောင်းများအားလုံးရှိ နိုင်ငံ၏ နယ်စပ်များကို ထိန်းသိမ်းရန် ဖြစ်ကြောင်း Khalifa က အလေးပေးပြောကြားကာ စစ်တပ်က အမိမြေနယ်နိမိတ်များအား မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ကာကွယ်နိုင်စွမ်းရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
……………………………
(English Version)
Egyptian army chief of staff inspects border with Gaza amid stalled ceasefire talks
Chief of Staff of the Egyptian Armed Forces Ahmed Khalifa inspected the security measures on the border with the Gaza Strip on Thursday, according to a statement by the Egyptian military.
Khalifa stressed that the primary mission of the Egyptian armed forces is to safeguard the state’s borders in all strategic directions, adding that “the armed forces are capable of defending the borders of the homeland, generation after generation.”
Xinhua News Agency correspondents reporting from Cairo. (XHTV)