ထျန်းကျင်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်းထျန်းကျင်းမြို့ တွင် ပြင်းပြင်းထန်ထန်လေ့ကျင့်ရေး ဆင်းနေကြသည့် SWAT အထူးတပ်ဖွဲ့၏ လေ့ကျင့်ရေးစခန်းမြင်ကွင်းများကို ဆင်ဟွာသတင်းဋ္ဌာနမှ သွားရောက်မှတ်တမ်းတင်ရိုက်ကူးခဲ့ပါသည်။ (Xinhua)
ရန်ကုန် ၊ မေ ၃ ရက်(ဆင်ဟွာ) ပြည်တွင်းဆေးရုံများ၌ များပြားလာသည့် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် တစ်ခါသုံး ခွဲစိတ်ခန်းသုံး ဝတ်စုံ(surgical gowns)များအား ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ တစ်ခုက ချုပ်လုပ်ပေးလျက် ရှိကြောင်း သိရသည်။မြန်မာနိုင်ငံ၌ COVID-19 ရောဂါစတင်တွေ့ရှိခဲ့သည့် မတ် ၂၃ ရက်မှစတင်ကာ ကျန်းမာရေး ဝန်ထမ်းများသည်...
နင်းရှ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့ယန်မြို့ရှိ Xuminshan ဗုဒ္ဓရုပ်ပွားတော်များပြန်လည် မွမ်းမံမှု လုပ်ငန်းစတင်လျှက်ရှိကြောင်းသိရသည်။ Xuminshan ဗုဒ္ဓရုပ်ပွားတော်များကို ၁၉၈၂ ခုနှစ်တွင် ပြည်နယ်အဆင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ ထည့်သွင်းသတ်မှတ်ထားသည်။Xuminshan ဗုဒ္ဓရုပ်ပွားတော်များကို မြောက်ပိုင်းဝေမင်းဆက် (၃၈၆-၅၃၄) နှောင်းပိုင်းတွင်စတင် တည်ထားကိုးကွယ်ခဲ့ပြီး ဗုဒ္ဓရုပ်ပွားတော်ပေါင်း ၁၀၀၀...
ဟောင်ကောင်၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ) ဟောင်ကောင်နိုင်ငံတကာလေဆိပ်တွင် COVID-19 ကာကွယ်ရန် လူ့ခန္ဓာကိုယ်အနှံ့ ပိုးသတ်ပေးနိုင်သည့် ပိုးသတ်ခန်းများကို စတင်ထည့်သွင်းအသုံးပြုနေပြီဖြစ်သည်။ ၎င်းပိုးသတ်ခန်းများသည် photocatalyst နှင့် nano needles များကိုအသုံးပြု၍ လူ့ခန္ဓာကိုယ်နှင့် အဝတ်အစားများတွင်ကပ်ငြိနေသည့် ဘက်တီးရီးယားများနှင့် ဗိုင်းရပ်စ်များကို စက္ကန့် ၄၀ အတွင်း ရှင်းလင်းပေးနိုင်သည်။ ဟောင်ကောင်လေဆိပ်သည်...
ကျူးဟိုင်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ကျူးဟိုင်ကျွန်းပေါ်တွင် တည်ဆောက်ထားသည့် ကျူးဟိုင် ပြဇာတ်ရုံကြီးသည် စတုရန်းမီတာပေါင်း ၅၉၀၀၀ ရှိပြီး ကျွန်းတစ်ကျွန်းပေါ်တွင် ပထမဆုံး တည်ဆောက်ထားသည့် ကမာခွံသဏ္ဍာန် ပြဇာတ်ရုံကြီး တစ်ခုလည်းဖြစ်သည်။ ကျူးဟိုင် ပြဇာတ်ရုံကြီးသည် အဝေးကပင်မြင်နိုင်ပြီး အလွန်လှပ သောကြောင့် ခရီးသွားဧည့်သည်များကိုဆွဲဆောင်ရာနေရာတစ်ခုဖြစ်လာခဲ့သည်။ (Xinhua)...
ကျူးဟိုင်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ကျူးဟိုင်ကျွန်းပေါ်တွင် တည်ဆောက်ထားသည့် ကျူးဟိုင် ပြဇာတ်ရုံကြီးသည် စတုရန်းမီတာပေါင်း ၅၉၀၀၀ ရှိပြီး ကျွန်းတစ်ကျွန်းပေါ်တွင် ပထမဆုံး တည်ဆောက်ထားသည့် ကမာခွံသဏ္ဍာန် ပြဇာတ်ရုံကြီး တစ်ခုလည်းဖြစ်သည်။ ကျူးဟိုင် ပြဇာတ်ရုံကြီးသည် အဝေးကပင်မြင်နိုင်ပြီး အလွန်လှပ သောကြောင့် ခရီးသွားဧည့်သည်များကိုဆွဲဆောင်ရာနေရာတစ်ခုဖြစ်လာခဲ့သည်။ (Xinhua)...
ဂျကာတာ၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံရှိ ဂျကာတာ-ဘန်ဒေါင်းမြန်နှုန်းမြင့်ရထားလမ်းကွန်ရက်၏ အမှတ် ၃ ဥမင်ကို ဧပြီ ၂၆ ရက်တွင် တစ်ဖက်ထိပ်ဝအထိ ဖောက်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။ ထိုဥမင်သည် အင်ဒိုနီးရှားနိုင်ငံတွင် ဝါလီနီ ဥမင်နှင့် ဥမင်အမှတ် ၅ ပြီးနောက် ဖောက်လုပ်သည့် တတိယမြောက် ဥမင်လည်းဖြစ်သည်။ ၎င်းဥမင်သည် ၇၃၆...
ကွမ်တုန်း၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်တွင် ဆန်းကျန့်-ကျုံးရှန် ပင်လယ်ကူးတံတားကြီး တည်ဆောက်ရေးလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ ထိုတံတားကြီးသည် ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်အော် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အရေးပါသည့် လမ်းပန်းဆက်သွယ်ရေး အချိတ်အဆက်တစ်ခုလည်းဖြစ်သည်။ ထိုပင်လယ်ကူးတံတားစီမံကိန်းထဲတွင် အရှည် ၆.၈ ကီလိုမီတာ ရှိသော ရေအောက်ဥမင်တစ်ခု နှင့်...
စိန်ရန်၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း Shenyang Institute of Automation တွင် တရုတ်သုတေသီများက ကင်ဆာဆဲလ်များကို ရှာဖွေထောက်လှမ်းနိုင်သည့် အသေးတကာ့အသေးဆုံး မိုက်ခရိုနာနိုစက်ရုပ်များ ကိုတီထွင်ခဲ့သည်။ ထိုစက်ရုပ်များကို လူသားများ၏ ဆဲလ် များနှင့် အလင်းရောင် တို့ဖြင့် ပေါင်းစပ်ပြုလုပ်ထားခြင်းဖြစ်သည်။ “ဥပမာပြောရရင်တော့ ဒီ ပုလင်းသေးသေးလေးထဲမှာ...
ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် မိုးမျှော်တိုက်များစွာရှိသည်။ ယင်းတိုက်များ၏ အပြင်ဘက်မျက်နှာပြင်အား သန့်ရှင်းရေးပြုလုပ်ရန် ကျွမ်းကျင်ဝန်ထမ်းများ ငှားရမ်းအသုံးပြုရသည်။ ယခု video တွင် မိုးမျှော်တိုက်များ၏ အပြင်ဘက်တွင် သက်စွန့်ဆံဖျား သန့်ရှင်းရေးပြုလုပ်နေကြသူများ၏ လုပ်ငန်းခွင် ဝင်နေပုံကိုရိုက်ကူးထားခြင်းဖြစ်ပါသည်။ (Xinhua)