Connect with us

Media

ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ်စက်ရုံ၏ ကီလိုဝပ် သန်းချီထုတ်လုပ်နိုင်သော ယူနစ် ၁၆ ခု အားလုံး စမ်းသပ်မှု အောင်မြင်

ပိုင်ဟဲ့ထန်း၊ မတ် ၃ ရက် (ဆင်ဟွာ)

ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ်စက်ရုံ အမှတ် ၉ ယူနစ်ကို ပြီးခဲ့သည့်ရက်ပိုင်းက စမ်းသပ်မှု အောင်မြင်ခဲ့သဖြင့် အဆိုပါရေအားလျှပ်စစ်စက်ရုံ၏ ယူနစ် ၁၆ ခုလုံး စမ်းသပ်မှု အောင်မြင်သွားပြီ ဖြစ်သည်။
ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ်စက်ရုံသည် တရုတ်နိုင်ငံ စီချွမ်းပြည်နယ် လျန်ဆန်းပြည်နယ်ခွဲ နင်နန်ခရိုင်နှင့် ယူနန်ပြည်နယ် ရှောက်ထုန်းမြို့ ချောင်ကျားခရိုင်တွင် တည်ရှိပြီး စက်ရုံတွင် ယူနစ်တစ်ခုချင်းလျှင် ကီလိုဝပ်တစ်သန်းထုတ်လုပ်နိုင်သော စက်အုပ်စု ယူနစ် ၁၆ ခု တပ်ဆင်ထားရာ စုစုပေါင်းစက်တပ်ဆင်စွမ်းအား ကီလိုဝပ် ၁၆ သန်း ရှိသည်။ ဖေဖော်ဝါရီ ၂၆ ရက်အထိ ပိုင်ဟဲထန်းရေအားလျှပ်စစ်က တစ်နှစ်အတွင်း လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု ကီလိုဝပ်နာရီ ၉ ဘီလီယံ ရှိရာ စုစုပေါင်းလျှပ်ဓါတ်အားထုတ်လုပ်မှုပမာဏ ကီလိုဝပ်နာရီ ၆၄.၆၅ ဘီလီယံ ရှိသည်။ (Xinhua)

……………………………………

(Chinese Version)

白鹤滩水电站16台百万千瓦机组全部通过验收
日前,白鹤滩水电站9号机组顺利通过验收,至此水电站16台机组全部通过验收。
白鹤滩水电站位于四川省凉山州宁南县和云南省昭通市巧家县境内,电站共安装16台全球单机容量最大的百万千瓦水轮发电机组,总装机容量1600万千瓦。截至2月26日,白鹤滩水电站年内发电90亿千瓦时,累计发电646.5亿千瓦时。
记者:何春好
摄制:胡华伦
新华社音视频部制作