Connect with us

Media

တရုတ်နိုင်ငံ တိဗက်ဒေသရှိ အမျိုးသားဘူမိဥယျာဉ်တွင် ကြိုးကြာခေါင်းမည်းငှက်များ တွေ့ရှိ

တိဗက်၊ မတ် ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရိကန်အမျိုးသားဘူမိဥယျာဉ်တွင် ရွှေ့ပြောင်း ကြိုးကြာခေါင်းမည်းငှက်အုပ်တစ်အုပ်ကို တွေ့ရှိခဲ့သည်။
ကြိုးကြာခေါင်းမည်းငှက်သည် တရုတ်နိုင်ငံတွင် နိုင်ငံအဆင့် ပထမတန်းစားထိန်းသိမ်းစောင့်ရှောက်မှုအောက်ရှိ မျိုးစိတ်တစ်ခုဖြစ်သည်။
အဆိုပါ မျိုးတုန်းလုနီးပါးမျိုးစိတ်များသည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂,၅၀၀-၅,၀၀၀ ရှိ ကုန်းပြင်မြင့်များ၊ မြက်ခင်းပြင်များ၊ စိမ့်မြေတောများ၊ ကျူတောများ၊ ရေကန်နံဘေးစိမ့်မြေကျူတောများနှင့် မြစ်ကမ်းစိမ့်မြေတောများ၌ အဓိကတွေ့ရလေ့ရှိသည်။
အဆိုပါ ကြိုးကြာများသည် ကမ္ဘာပေါ်တွင် မြင့်မားသော ပင်လယ်ရေမျက်နှာပြင်အထက်နေရာများ၌ မျိုးပွားပြီး ရှင်သန်လေ့ရှိသည့် တစ်ခုတည်းသော ကြိုးကြာငှက်မျိုးဖြစ်သည်။ (Xinhua)

……………………………………..
(English Version)
Black-necked cranes spotted in national geopark in China’s Tibet
A flock of migratory black-necked cranes was spotted at Yigong National Geopark in southwest China’s Tibet Autonomous Region.
The black-necked crane is a species under first-class state protection in China.
The endangered species is mainly found on plateaus, meadows, marshes, reed swamps, lakeside meadow swamps and river valley swamps at altitudes of 2,500-5,000 meters.
It is the only crane in the world that breeds and grows at high altitudes.
Xinhua News Agency correspondents reporting from Lhasa, China.
(XHTV)