Connect with us

Media

တရုတ်နိုင်ငံတွင် ကယ်ဆယ်ထားသော လင်းပိုင်လေးအား ၁၁ လကြာ အထူးကြပ်မတ်ကုသပေးပြီးနောက် ပင်လယ်ထဲသို့ ပြန်လွှတ်ပေးခဲ့

ဟိုင်ခို၊ မတ် ၄ ရက် (ဆင်ဟွာ)

ဒဏ်ရာရနေသည့် လင်းပိုင်လေးတစ်ကောင်ကို တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ်က ကယ်ဆယ်ခဲ့ပြီး ယခုနှစ် မတ် ၁ ရက်က ပင်လယ်ထဲသို့ ပြန်လွှတ်ပေးခဲ့သည်။
အင်ဒို-ပစိဖိတ် ပုလင်းနှုတ်သီးလင်းပိုင်လေးသည် ပြီးခဲ့သည့်နှစ် ဧပြီလက ဟိုင်နန်ပြည်နယ်တွင် ကမ်းတင်နေခဲ့ခြင်း ဖြစ်သည်။
အဆိုပါလင်းပိုင်လေးသည် သန်းကျိုးမြို့ရှိ အဏ္ဏဝါ ဇီဝဗေဒ သုတေသနစင်တာတွင် တစ်နှစ်နီးပါး အထူးကြပ်မတ်ကုသမှုကို ခံယူခဲ့ကြောင်း သိရသည်။

လင်းပိုင်လေး အပြည့်အဝ ပြန်လည်ကျန်းမာလာပြီးနောက် ပင်လယ်ထဲသို့ မလွှတ်ပေးမီ သဘာဝပတ်ဝန်းကျင်တွင် ရှင်သန်ရေး လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………….
(English Version)
Rescued dolphin released into sea after 11-month intensive care in S China
An injured dolphin rescued in south China’s Hainan Province last year was released into the sea on Wednesday.
The Indo-Pacific bottlenose dolphin ran ashore in Hainan last April.
The dolphin received almost a year of intensive care at a marine biological research center in Danzhou City.
It fully recovered and underwent training aimed at helping it survive in the wild before it was released into the sea.
Xinhua News Agency correspondents reporting from Haikou, China.