ပေကျင်း၊ ဧပြီ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ရေကြောင်းသွားလာမှုဆိုင်ရာလေ့လာမှုများပြုလုပ်ရန်၊ ပင်လယ်ရေနက်ပိုင်းတွင်စူးစမ်းမှုများ ပြုလုပ်ရန် နှင့် ရေထွက်ပစ္စည်းနမူနာများစုဆောင်းရယူရန်အတွက် လူလိုက်ပါခြင်းမရှိသည့် Hailong III ရေငုပ်သင်္ဘောကို အနောက်ပစိဖိတ်သမုဒ္ဒရာ ရေအောက် ၄၂၆၆ မီတာ သို့စေလွှတ်ကာ လေ့လာမှုများပြုလုပ်စေခဲ့သည်။ ၎င်းရေငုပ်သင်္ဘောမှာ သမုဒ္ဒရာအတွင်း ၄၅ ရက်ကြာ လေ့လာမှုများကို ပြုလုပ်လျက်ရှိသည့်...
ပေကျင်း၊ ဧပြီ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်လူမျိုးတို့၏သဘောထားမှာ ရိုးရှင်းပါကြောင်း တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံ၏အကျိုးစီးပွားပျက်စီးမှုအပေါ်အမြတ်ထုတ်စီးပွားရှာမည်မဟုတ်ပါကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများမှာလည်း အခြားနိုင်ငံများအပေါ်ထိခိုက်စေမည့်သက်ရောက်မှုမျိုးရှိလိမ့်မည် မဟုတ်ပါကြောင်းပြောကြားခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးလုပ်ငန်းမှာ တစ်ကမ္ဘာလုံးဖွံ့ဖြိုးတိုးတက်ရန် အထူးအထောက်အကူပြုသည့်အပြင် ၎င်းမှာ ပြောင်းလဲ၍မရသည့် သမိုင်းရေစီးကြောင်းတစ်ခုပင်ဖြစ်ပါကြောင်း ရှီကဆိုသည်။ ယခုvideo ထဲတွင် သမ္မတရှီကျင့်ဖိန်ပြောကြားခဲ့သော တစ်ကမ္ဘာလုံးနှင့်အကျိုးတူပူးပေါင်း ဆောင်ရွက်မည့် တရုတ်နိုင်ငံစီးပွားရေးမူဝါဒအကြောင်းနှင့်စပ်လျဉ်းသည့်မိန့်ခွန်းများကို...
နယူးယောက်၊ ဧပြီ ၆ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ယနေ့ခေတ်တွင်ဖြစ်ပွားနေသည့်ပြဿနာများအား ပိတ်ဆို့ခြင်းနှင့် သီးသန့်နေထိုင်ခြင်းနည်းလမ်းများဖြင့်ဖြေရှင်း၍ရမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာကြီးတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် စီးပွားရေးဆိုင်ရာအခက်အခဲများကို တစ်ကမ္ဘာလုံးအနေဖြင့်ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ပြီး ထိုသို့ဖြေရှင်းရာတွင်ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံမှ ပါဝင်ဖြေရှင်းရမည်ဖြစ်ကြောင်းဂူတားရက်စ်ကဆိုသည်။မိမိအနေဖြင့် တရုတ်နိုင်ငံက တစ်နိုင်ငံတည်းသာလွန်ကောင်းမွန်စေရုံမကဘဲ အခြားဖွံ့ဖြိုးဆဲနိုင်ငံများနှင့်လည်းအကျိုးတူပူးပေါင်းဆောင်ရွက်ကာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်(WTO)၏ရည်မှန်းချက်ဖြစ်သည့် ၂ဝ၃ဝ ရည်မှန်းချက်အစီအစဉ်အတိုင်းပူးပေါင်းဆာင်ရွက်ရန်ကတိပြုခြင်းအပေါ်ကို အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းပြောကြားခဲ့သည်။...
နာဆာ၊ဧပြီ ၆ ရက်(ဆင်ဟွာ) မားစ်ဂြိုဟ်မျက်နှာပြင်ပေါ်တွင်လေ့လာမှုများကိုပြုလုပ်ရန် ပျားစက်ရုပ်အုပ်စုကိုစေလွှတ်မည်ဖြစ်ပြီး ၎င်းတို့က အချက်အလက်များကိုစုစည်းကာ နာဆာ၏ လေ့လာစူးစမ်းရေးယာဉ်နှင့်ဆက်သွယ်မှုပြုလုပ်ပေးမည်ဖြစ်သည်။
ကွေ့ကျိုး၊ ဧပြီ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံကွေ့ကျိုး၊ ရှန်းကျန့်၊ ဟောင်ကောင် မြန်နှုန်းမြင့်ရထားလမ်းကို မကြာမီဖွင့်လှစ်တော့ မည်ဖြစ်ပြီး ဟောင်ကောင်ဘက်လမ်းပိုင်း မှာ စမ်းသပ်ပြေးဆွဲနေပြီဖြစ်ကြောင်းသိရသည်။ ရထားလမ်းအရှည် ၂၆ ကီလိုမီတာ ရှိ ပြီး ယခုနှစ်အတွင်းတရားဝင်ဖွင့်လှစ်မည်ဟုသိရသည်။ ထို မြန်နှုန်းမြင့် ကျည်ဆန်ရထားက တစ်နာရီလျင်၂ဝဝ ကီလိုမီတာအမြန်နှုန်း ပြေးဆွဲမည်ဖြစ်ပြီးဟောင်ကောင်နှင့် ကွေ့ကျိုးသွားလာရန်ကြာမြင့်ချိန်...
ပေကျင်း၊ ဧပြီ ၅ ရက်(ဆင်ဟွာ) တရုတ်သုတေသနသင်္ဘော Kexue က အနောက်ပစိဖိတ်သမုဒ္ဒရာအတွင်း ရေအောက် မီတာ ၁၃ဝဝ အနက်သို့ တွင် အမြင့် ၄၃ဝဝ ရှိသည့် ရေအောက်မီးတောင်တစ်ခုနှင့် ရှားပါးရေသတ္တဝါမျိုးစိတ်များကို လေ့လာမှုများပြုလုပ်လျက်ရှိသည်။ သုတေသနခေါင်းဆောင် Xu Kuidong က လေ့လာမှုနှင့်ပတ်သက်ပြီး “ ဒီနေ့က...
ကယ်လီဖိုးနီးယား ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆီလီကွန်တောင်ကြားတွင်ဖွင့်လှစ်ထားသောYoutube ရုံးချုပ်၌ ဧပြီလ ၃ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားရာ လူ ၃ ဦးထိခိုက်ဒဏ်ရာရပြီး သေနတ်ပစ်ခတ်သည်ဟုသံသယရှိသူအမျိုးသမီးက မိမိကိုယ်ကိုအဆုံးစီရင်သွားကြောင်း ဆန်ဗျူနိုရဲတပ်ဖွဲ့ကဆိုသည်။ ထိုပစ်ခတ်မှုနှင့်ပါတ်သက်ပြီးအကြမ်းဖက်အဖွဲ့အစည်းများနှင့်ပတ်သက်ခြင်းရှိမရှိနှင့် အသေးစိတ်အချက်အလက်များကို လက်ရှိအချိန်အထိထုတ်ပြန်ခြင်းမရှိပေ။(Xinhua)