Connect with us

Videos

တရုတ်နိုင်ငံ Bank of China က မြန်မာကျောင်းသား/သူများအတွက် ပညာတော်သင် ထောက်ပံ့ကြေးပေးအပ် (ရုပ်သံ)

ရန်ကုန် ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး၊ ရုပ်သံတည်းဖြတ်/စုဝင့်၊ ရိုက်ကူး/ဝေယံ

တရုတ်နိုင်ငံ Bank of China က မြန်မာနိုင်ငံ ကျောင်းသား/သူများအတွက် ပညာတော်သင် ထောက်ပံ့ကြေးပေးအပ်လှူဒါန်းပွဲ ကို ဒီဇင်ဘာ ၃ ရက် တွင် တရုတ်နိုင်ငံပေကျင်း ၊ ဟောင်ကောင် ၊ မြန်မာနိုင်ငံ နေပြည်တော် နှင့် ရန်ကုန် နေရာ ၄ ခုမှနေ၍ ZOOM meeting ပုံစံဖြင့် အွန်လိုင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံး သံအမတ်ကြီး ချန်းဟိုင် ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌရုံး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော် ၊ ရန်ကုန်တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာနီလာအောင် ၊ နေအုပ်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆရာကြီး ဦးနေအုပ် ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံး စီးပွားရေးသံမှူး ထန်ဆူးဖု ၊ Bank of China (Hong Kong) လက်ထောက်အမှုဆောင်အရာရှိချုပ် ဝမ်းပင်း ၊ တရုတ် နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်း (China Foundation for Poverty Alleviation “CFPA” ) အလုပ်အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ ဝမ်ရှင်ကျွေး နှင့် အခြား သက်ဆိုင်ရာလုပ်ငန်းတာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနား တက်ရောက်လာကြသူများက ဦးစွာ မိတ်ဆက်စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက်တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံး သံအမတ်ကြီး ချန်းဟိုင် က နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌရုံး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော် ၊ Bank of China (Hong Kong) လက်ထောက်အမှုဆောင်အရာရှိချုပ် ဝမ်းပင်း နှင့် CFPA အလုပ်အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ ဝမ်ရှင်ကျွေး တို့က အသီးသီးအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် Bank of China နှင့် CFPA တို့မှ တာဝန်ရှိသူများ က ရန်ကုန်တက္ကသိုလ်သို့ တရုတ်ယွမ်ငွေ တစ်သန်း (မြန်မာကျပ်ငွေ သိန်း ၁,၉၀၀ ခန့်)ကို လွှဲပြောင်းပေးအပ်ခဲ့သည်။

ထိုသို့ တရုတ်နိုင်ငံမှ လှူဒါန်းပေးအပ်ခြင်းနှင့် ပတ်သက်၍ ရန်ကုန်တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာနီလာအောင် က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မြေပြင်နှင့်အွန်လိုင်းပေါ်ရှိ ဧည့်သည်တော်များက စုပေါင်းအမှတ်တရဓာတ်ပုံ အတူတကွ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.