Connect with us

Videos

Chang’e-5  အာကာသယာဉ် ဂြိုဟ်ပတ်လမ်းထဲ ဆုံမှတ်နေရာရောက်ရှိခြင်း နှင့် ချိတ်ဆက်ခြင်း အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ (ရုပ်သံ)

ပေကျင်း ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်၊ ရုပ်သံတည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံမှ လွှတ်တင်သော လကမ္ဘာစူးစမ်းလေ့လာရေးယာဉ် Chang’e-5 ၏ ပျံတက်ယာဉ်(ascender) သည် ဒီဇင်ဘာ ၅ ရက် ပေကျင်း ဒေသစံတော်ချိန် နံနက် ၅ နာရီ ၄၂ မိနစ်တွင် အလိုအလျှောက် ပေါင်းစည်းထားသော ဂြိုဟ်ပတ်လမ်းမှ ကမ္ဘာမြေ အပြန်ယာဉ် (orbiter-returner) နှင့်အတူ ဆုံမှတ်နေရာရောက်ရှိခြင်း နှင့် ချိတ်ဆက်ခြင်းကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ အာကာသစီမံခန့်ခွဲမှု(CNSA) က ထုတ်ပြန် ကြေညာခဲ့သည်။

ယင်းမှာ တရုတ်အာကာသယာဉ်အတွက် လဂြိုဟ်ပတ်လမ်းတွင် ဆုံမှတ်နေရာရောက်ရှိခြင်း နှင့် ချိတ်ဆက်ခြင်းကို ပထမဆုံးအကြိမ် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လမျက်နှာပြင်ပေါ်မှ ကောက်ယူစုဆောင်းခဲ့သော နမူနာများကို ပျံတက်ယာဉ်(ascender) မှတစ်ဆင့် ကမ္ဘာမြေအပြန်ယာဉ် (returner) သို့ ပေကျင်းဒေသစံတော်ချိန် နံနက် ၆ နာရီ ၁၂ မိနစ်တွင် ဘေးကင်းလုံခြုံစွာဖြင့် အောင်မြင်စွာ လွှဲပြောင်းပေးအပ်နိုင်ခဲ့ကြောင်း CNSA က ဆိုသည်။

Chang’e-5 လကမ္ဘာစူးစမ်းလေ့လာရေးယာဉ်လွှတ်တင်မှုသည် တရုတ်နိုင်ငံ၏ အာကာသစူးစမ်းလေ့လာရေးသမိုင်းတစ်လျှောက် အရှုပ်ထွေးဆုံး နှင့် စိန်ခေါ်မှု အများဆုံး လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး နှစ်ပေါင်း ၄၀ ကြာကာလအတွင်း ကမ္ဘာမြေမှ လကမ္ဘာပေါ်သို့ ပထမဆုံးအကြိမ် သွားရောက်သည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.