Connect with us

Videos

တရုတ်နိုင်ငံက အင်ဒိုနီးရှားနိုင်ငံ၏ မြန်နှုန်းမြင့် ရထားလမ်းအတွက် လိုအပ်သော သံလမ်းများကို သင်္ဘောဖြင့် စတင်တင်ပို့

နန်နင်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့်တည်းဖြတ်/စုဝင့်

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းတွင် အသုံးပြုရန် တရုတ်နိုင်ငံထုတ် သံမဏိ ရထားသံလမ်းပိုင်းများကို ပြီးခဲ့သည့်စနေနေ့က တရုတ်နိုင်ငံ တောင်ပိုင်းဆိပ်ကမ်းမှ ပထမဆုံးအကြိမ်သင်္ဘောတင်ပို့မှု ပြုလုပ် ခဲ့ကြောင်းသိရသည်။

အရှည် မီတာ ၁၀၀ ရှိသော သံလမ်းပိုင်းများကို  အထူးရထားများဖြင့် ဆိပ်ကမ်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၊  ထိုနောက် သင်္ဘောတင်ရန် အရှည် မီတာ ၅၀ အပိုင်းလေးများဖြစ်အောင် ပိုင်းဖြတ်ခဲ့ရကြောင်း နှင့် အဆိုပါ သံလမ်းပိုင်းများကို   တရုတ်နိုင်ငံမှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ COVID-19 ကပ်ရောဂါ ကာကွယ်တားဆီးရေး အစီအစဉ်များကို တင်းကြပ်စွာ ချမှတ်ကာ ၁၄၂.၃ ကီလိုမီတာ အရှည်ရှိသည့် ဂျာကာတာ-ဘန်ဒေါင်းအမြန်ရထားလမ်း စီမံကိန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.