ချီကာဂို၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ) နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မြောက်အမေရိကတိုက်၏ ဆေးဝါးပညာရပ်ဆိုင်ရာ ဓါတ်ရောင်ခြည်ကုသမှု နှစ်ပတ်လည်ညီလာခံကို ၁ဝ၃ ကြိမ်မြောက်အဖြစ် အမေရိကန်ပြည်ထောင်စု၊ချီကာဂိုတွင်ကျင်းပလျက်ရှိသည်။ ဆေးသိပ္ပံပညာရှင်ပေါင်း ၅ သောင်းခွဲခန့်တက်ရောက်ကြသည့်အဆိုပါပွဲတွင် နိုင်ငံပေါင်း ၁၃ဝ နိုင်ငံမှ ဆေးပစ္စည်းထုပ်လုပ်ရေးလုပ်ငန်းရှင်များပါ လာရောက်ဆင်နွှဲခဲ့ကြသည်။ ထိုပွဲတွင် နောက်ဆုံးပေါ်ဆေးပညာဖွံ့ဖြိုးတိုးတက်မှုများနှင့်ဆေးဝါးကုသမှုနည်းလမ်းများကိုဖလှယ်ကြမည်ဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့အထိကျင်းပသွားမည်ဖြစ်သည်။(Xinhua)
ချုံကျင်း၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံချုံကျင်းပြည်နယ်တွင် သဘာဝဘေးအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များက ၎င်းတို့၏ လုပ်ငန်းသုံးကိရိယာများဖြင့် စတန့်ပြသမှုများပြုလုပ်ခဲ့ကြသည်။ မြေတူးစက်များ၊ မြေသယ်ယာဉ်များ ဖြင့် ဝိုင်ငှဲ့ခြင်း၊ ဘောလုံးဖောက်ခြင်းနှင့် တရုတ်စာလုံးရေးသားခြင်းတို့ကိုအစွမ်းပြသခဲ့ကြသည်။ (Xinhua)
အိန္ဒိယ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) အိန္ဒိယလူမျိုးတစ်ဦး၏ ဝမ်းဗိုက်အတွင်းရှိ အကြွေစေ့ ၂၆၃ စေ့နှင့် သံချောင်းပေါင်း ၁ဝဝ စုစုပေါင်းအလေးချိန် ၅ ကီလိုဂရမ်ခန့်ကို ဖယ်ရှားခဲ့ရကြောင်းသိရသည်။ အဆိုပါ လူနာမှာ ဝမ်းဗိုက်မခံမရပ်နိုင်အောင်နာကျင်ခြင်းကြောင့် ဆေးရုံတွင်ကုသမှုခံယူခဲ့ရာဆရာဝန်များက ဓါတ်မှန်ရိုက်ကြည့်ခဲ့ရာ မှ ဝမ်းဗိုက်အတွင်းရှိ အကြွေစေ့များနှင့် သံချောင်းများကိုတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ လူနာမှာစိတ်ရောဂါဝေဒနာရှင်တစ်ဦးဖြစ်ဖွယ်ရှိကာ ဆန်းကြယ်သည့်အစားစားသည့်ဓလေ့ရှိဟန်တူကြောင်းသိရသည်။...
ဂျကာတာ ၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ Mount Agung မီးတောင်ပေါက်ကွဲနေမှုအား အမြင့်ဆုံး အဆင့်ဖြစ်သော အဆင့် ၄ အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သတင်းအရင်းအမြစ်များက နိုဝင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ အင်အားပြင်း မီးတောင်ပေါက်ကွဲမှုကြောင့်...
ရန်ကုန် ၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ တက္ကသိုလ် များမှ လာရောက် ခင်းကျင်းပြသ သည့် စတုတ္ထ အကြိမ်မြောက် တရုတ်အဆင့်မြင့် ပညာရေး ပြပွဲ အား နိုဝင်ဘာ ၂၇ ရက်နေ့ က ရန်ကုန်မြို့ရှိ Summit Parkview...