Connect with us

Videos

ယူနန်ပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း (ရုပ်သံ)

ရန်ကုန်၊နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) ရုပ်သံတည်းဖြတ်/စုဝင့်၊ ရိုက်ကူး/ကျန်းတုံချန်း

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးသို့ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများ လှူဒါန်းပေးအပ်ပွဲအခမ်းအနားကို ယနေ့(နိုဝင်ဘာ ၁၆ ရက်)က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ယူနန်ပြည်နယ်အစိုးရကိုယ်စား ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို လွှဲပြောင်းပေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လက်ခံရယူပေးခဲ့ကြောင်း သိရသည်။

ယခုအကြိမ် လှူဒါန်းသောပစ္စည်းများတွင် အသက်ရှူစက်၊ PPE ၊ ပါးစပ်နှာခေါင်းစည်း၊ medical face shields၊ medical eye shieldsများအပါအဝင် တရုတ်ယွမ်ငွေ တန်ဖိုး သိန်း(၄၀)ရှိ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပါရှိကြောင်း သိရသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယူနန်ပြည်နယ်အစိုးရ၏ လှူဒါန်းကူညီမှုအတွက် အထူးကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့ပြီးအခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.