ကျင်းဟိုင်၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) တရုတ်ယွမ်ငွေ ၄ဝဝ မီလီယံအကုန်အကျခံကာ မားစ်ဂြိုဟ်ပုံစံတူစခန်းတစ်ခုကို တရုတ်နို်င်ငံ အနောက်ပိုင်းကျင်းဟိုင်ဒေသတွင်တည်ဆောက်သွားမည်ဖြစ်သည်။ အဆိုပါဒေသမှာ ကျောက်နီများဖြင့်ဖွဲ့စည်းထားပြီး မျက်နှာပြင်အနေအထားမှာ မားစ်ဂြိုဟ်ပေါ်နှင့်အလွန် ဆင်တူသည်။ သိပ္ပံပညာရှင်များက ထိုနေရာ ကို မားစ်ဂြိုဟ်လေ့လာရေးနှင့် လည်ပတ်ရေးအတွက် အသုံးပြုရန်ရည်ရွယ်ထားသည်။ အာကာသတွင်းစူးစမ်းလေ့လာခြင်းဆိုသည့် ရည်ရွယ်ချက်ဖြင့်ဖွင့်လှစ်သွားမည့်အဆိုပါဒေသတွင် သိပ္ပံဆိုင်ရာလေ့လာမှုများ နှင့် အပန်းဖြေမှုများလည်းပြုလုပ်နိုင်မည်ဖြစ်သည်။...
နေပြည်တော်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နေပြည်တော် ယာယီဆက်သွယ်ရေးရုံးကို ယနေ့ စက်တင်ဘာ ၈ ရက်နေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ အဆိုပါ တရုတ်သံရုံး နေပြည်တော်ယာယီ ဆက်သွယ်ရေးရုံးကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr Hong Liang၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ...
ရှမိန်၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) သမ္မတရှီကျင့်ဖိန်က ဖွံ့ဖြိုးဆဲနိုင်ငံများလည်း ကမ္ဘာ့စီးပွားရေးတိုးတက်မှုလမ်းကြောင်းတွင် ပိုမိုပါဝင်သင့်ကြောင်း စက်တင်ဘာလ ၅ ရက်နေ့က ရှမိန်မြို့တွင် ပြုလုပ်သော ပေါ်ထွန်းစ ဈေးကွက်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ဆွေးနွေးပွဲ ထိပ်သီး အစည်းအဝေး တွင်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
ရှမိန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ကမ္ဘာ့တောင်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများပူးပေါင်းဆောင်ရွက်မှု အတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန် က စက်တင်ဘာ ၅ရက်တွင်ပြုလုပ်သည့် ပေါ်ထွန်းစ စီးပွားရေးဈေးကွက် နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများဆိုင်ရာ ဆွေးနွေးမှု စကားဝိုင်း ၌ကြေညာခဲ့သည်။...
ရှမိန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) BRICS ထိပ်သီးအစည်းအဝေးနှင့်အခြားဆက်စပ်အစည်းအဝေးများသို့တက်ရောက်လာသည့် ခေါင်းဆောင်များ အမှတ်တရဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ ယခုကျင်းပလျက်ရှိသည့် BRICS အစည်းအဝေးများသို့ အီဂျစ်၊ ဂီနီ၊ မက္ကဆီကို၊ တာဂျစ်စတန်နှင့် ထိုင်းနိုင်ငံတို့မှခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။(Xinhua)
ရှမိန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် က စက်တင်ဘာ ၅ ရက်တွင်ကျင်းပလျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်လာသည့် ဈေးကွက်နှင့်ဖွံ့ဖြိုးဆဲနိုင်ငံများဆွေးနွေးပွဲတွင် အမှာစကားပြောကြားခဲ့သည်။ရှီသည် အဆိုပါ ဆွေးနွေးပွဲ တွင် သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည်။(Xinhua)
ရှမိန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က BRICS အဖွဲ့ဝင်နိုင်ငံများသည် ကိုယ်ကျိုးစီးပွားကာကွယ်မှုကို တိုက်ဖျက်ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအုပ်ချုပ်မှုပုံစံ ပြုပြင်ပြောင်းလဲခြင်းအား မြှင့်တင်ဆောင်ရွက်ရန် စက်တင်ဘာ ၄ ရက် က ပြောကြားခဲ့သည်။ ရှီက တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ရှမိန်မြို့တွင်...