Connect with us

Videos

တရုတ်တွင် ယွမ် ၄ထောင် မှ ယွမ် ၆ထောင်ကြား တန်ဖိုးရှိ ZTE ထုတ် 5G စမတ်ဖုန်းများကိုစတင်ရောင်းချ

ပေကျင်း၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ ဆက်သွယ်ရေးပစ္စည်းများထုတ်လုပ်သည့် ZTE ကော်ပိုရေးရှင်းက တရုတ်နိုင်ငံဈေးကွက်အတွင်း သို့ ပထမဦးဆုံး 5G ဖုန်းဒီဇိုင်း(မော်ဒယ်) 5G စမတ်ဖုန်းများကို သြဂုတ် ၅ ရက် တွင် စတင်ရောင်းချခဲ့ကြောင်း သိရသည်။

၎င်းမှာ တရုတ်နိုင်ငံ၏ စမတ်ဖုန်း ဈေးကွက်အတွင်း 5G ကွန်ရက်နည်းပညာသုံး စမတ်ဖုန်းများကို ပထမဆုံးအကြိမ်ရောင်းချခြင်းဖြစ်သည်။

ZTE 5G စမတ်ဖုန်းလာရောက်ဝယ်ယူသူတစ်ဦးက “5G ရဲ့ အမြန်နှုန်းက 4G ရဲ့ အမြန်နှုန်းထက် ၁ဝ ပိုမို မြန်ဆန်ပါတယ်၊ ဒါက တကယ့်ကို အသစ်အဆန်းဖြစ်တဲ့ ဖုန်းဖြစ်တာကြောင့်ကျွန်တော်တော့ စမ်းသပ်သုံးစွဲချင်မိပါတယ်” ဟု ဆင်ဟွာကိုပြောကြားခဲ့သည်။

Shanghai Suning Consumer Electronics Department မှ အထွေထွေမန်နေဂျာ Jiang Pan က “သြဂုတ်လအတွင်း 5G ကွန်ရက်နည်းပညာသုံး စမတ်ဖုန်း သုံးလုံးကို ပြည်တွင်းမှာရောင်းချမှာဖြစ်ပါတယ်။ honor, Mi, Vivo, Oppo နှင့် Samsung ဖုန်းတွေကတော့ စက်တင်ဘာလမှာ သူတို့ရဲ့ 5G ကွန်ရက်နည်းပညာသုံး စမတ်ဖုန်းတွေကို ရောင်းချတော့မှာပါ။ ဈေးနှုန်းကတော့ ယွမ် ၄ထောင်ကနေ ယွမ် ၆ထောင်ကြားဖြစ်နိုင်ပြီး ကြိုတင်မှာယူထားတဲ့ အမှာစာအနေနဲ့ ZTE 5G စမတ်ဖုန်း အလုံးရေပေါင်း ၁သိန်းကျော်ခဲ့ပြီဖြစ်ပါတယ်” ဟု ဆိုသည်။

ဇူလိုင်လနှောင်းပိုင်းတွင် ZTE ကုမ္ပဏီက ZTE Axon 10 Pro 5G ကို တရုတ်ယွမ်ငွေ ၄၉၉၉ (အမေရိကန်ဒေါ်လာ ၇၂၂ ခန့်ဖြင့်) ကြိုတင်ဖြန့်ဖြူးရောင်းချခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.