Connect with us

Videos

ပထမဆုံး 5G ကွန်ရက်နည်းပညာသုံးမောင်းသူမဲ့ကားများစမ်းသပ်မောင်းနှင်ရာနေရာ

ချုံကျင်း၊ သြဂုတ် ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံကျင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် China Autonomous Technology & Research Center မှ 5 G ကွန်ရက်နည်းပညာသုံး မောင်းသူမဲ့ မော်တော်ယာဉ်များ မောင်းနှင်နိုင်သည့် နေရာတစ်ခု ကို စမ်းသပ်ဖွင့်လှစ်လိုက်ကြောင်းသိရသည်။

စမ်းသပ်ဖွင့်လှစ်ထားသည့် နေရာတွင် China Changan Automobile မှ level 4 အဆင့်ရှိ အလိုအလျောက်မောင်း ကားတစ်စင်းကို စမ်းသပ်မောင်းနှင်လျက်ရှိသည့် မြင်ကွင်းကို ဆင်ဟွာမှ ရိုက်ကူးတင်ဆက်ထားပါသည်။

အဆိုပါ မောင်းသူမဲ့ကားများအတွက် စမ်းသပ်ဖွင့်လှစ်ထားသည့်နေရာမှာ အကျယ်အဝန်းအားဖြင့် စတုရန်းမီတာ ၄၇ဝဝဝဝ ရှိပြီး တရုတ်နိုင်ငံ၏ ပထမဆုံး 5G ကွန်ရက်နည်းပညာသုံး မောင်းသူမဲ့ကားများအတွက် ဖွင့်လှစ်ထားသည့် နေရာဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.