Connect with us

Videos

မြန်မာ နိုင်ငံ တွင် ကိုယ်ပိုင် တပ်ဆင် ထုတ်လုပ်သည့် Gold AYA နှင့် Changhe Q 35 ကား မိတ်ဆက်ပွဲ

ရန်ကုန် ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ Shining Star Group နှင့် မြန်မာ နိုင်ငံ Royal Ye Htut Moe Kaung International Co.,Ltd တို့ ပူးပေါင်းထူထောင်ထားသည့် Gold AYA Motors International Group Co.,Ltd က တရုတ် နိုင်ငံ BAIC CHANHE နှင့် BAIC DODA အမျိုးအစား ကားများ ကို တင်သွင်း ကာ မြန်မာ တွင် မော်တော်ကား များ အား ကိုယ်ပိုင် တပ်ဆင် ထုတ်လုပ်ခဲ့ပြီး သြဂုတ် ၂ ရက် တွင် ရန်ကုန်မြို့ရှိ Wyndham Grand ဟိုတယ် ၌ Gold AYA အမျိုးအစား မော်တော်ကား နှင့် Changhe Q 35 ကားမော်ဒယ် အသစ် တို့ကို မိတ်ဆက် ကြေညာ ပေးခဲ့သည်။

မိတ်ဆက်ပွဲ အခမ်းအနား တွင် Gold AYA Motors International Group Co.,Ltd ၏ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ယန်ယွီ (Mr. Yan Yu) က နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် မိမိ တို့ အနေဖြင့် ဈေးကွက် ယှဉ်ပြိုင်နိုင်ရန်စွမ်းရည် ရှိသော ကား ကုမ္ပဏီ တစ်ခု တည်ဆောက်သွားရန် ယုံကြည်မှု ရှိပြီး မြန်မာ နိုင်ငံ သို့ ထုတ်ကုန်သစ် နှင့် နည်းပညာသစ် များ တင်သွင်း ကာ မြန်မာ နိုင်ငံ ၏ လူမှုဘဝ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး တွက် အဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Gold AYA Motors International Group Co.,Ltd ၏ ကား ထုတ်လုပ်သည့် စက်ရုံ က မန္တလေး တိုင်းဒေသကြီး မြို့သာ စက်မှု ဥယျာဉ် တွင် တည်ရှိပြီး မြေဧရိယာ ၂၀.၁ ဧက ကျယ်ဝန်းကြောင်း ၊ လက်ရှိချိန် တွင် စက်ရုံ ၌ မော်တော်ကား အမျိုးအစားကြီး ၇ မျိုး မှ မော်ဒယ်ပေါင်း ၁၀ မျိုး တို့အား ထုတ်လုပ်သွားရန် စီစဉ်ထားပြီး နှစ်စဉ် ကားအစင်းရေ ၅,၀၀၀ ကျော် ထုတ်လုပ်သွားရန် စီစဉ်ထားကြောင်း ၊ လက်ရှိအချိန်တွင် စက်ရုံ ဝန်ထမ်း စုစုပေါင်း ၏ ၈၂ ရာခိုင်နှုန်းအား မြန်မာ နိုင်ငံ မှ ဝန်ထမ်းများအား ခန့်အပ်ထားခဲ့ကြောင်း ၊ Changhe Q 35 အမျိုးအစား ကား က ယခုနှစ် ဇူလိုင်လ တွင် Gold AYA ကုမ္ပဏီ မှ မြန်မာ နိုင်ငံ ၌ ပထမ ဦးဆုံး ကိုယ်ပိုင် ထုတ်လုပ်နိုင်ခဲ့သည့် ကား အမျိုးအစား ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.