Connect with us

Videos

ကမ္ဘောဒီးယား ဝါးရထားပြေးဆွဲမှုရပ်ဆိုင်းခံရ

ဘတ်တန်မန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်များကိုဆွဲဆောင်နိုင်ခဲ့သည့် ဝါးရထားဟုခေါ်ကြသောသံလမ်းပြေးယာဉ်များပြေးဆွဲမှုအား ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။ နိုရီဟု အမည်ရသည့် ပြည်တွင်းဖြစ်ဝါးရထား ကို ဖနွမ်းပင်မြို့၏ အနောက်မြောက်ပိုင်း ရှိ ဘတ်တန်မန်တွင် ၁၉၈ဝ ခုနှစ်များဆီက ရထားလမ်းဝန်ထမ်းများက ရထားလမ်းများကိုစစ်ဆေးရန် တီထွင်ခဲ့ကြခြင်းဖြစ်ပြီးနောက်ပိုင်းတွင် ဒေသခံများကုန်စည်များသယ်ဆောင်ရန်နှင့်ခရီးသွားလာရန်အသုံးပြုခဲ့ကြသည်။ ယခုနှစ်များအတွင်း ထိုဝါးရထားကို စီးနင်း၍ ကမ္ဘာလှည့်ခရီးသွားများ ကဒေသရှုခင်းအလှအပများကို နှစ်ခြိုက်စွာခံစားခဲ့ကြသည်။ ယခုတွင် ကမ္ဘောဒီးယားမှ ထိုင်းနိုင်ငံနယ်စပ်အထိ ဆက်စပ်ဖောက်လုပ်သည့် ရထားလမ်းစီမံကိန်းအတွင်းပါဝင်သည့်ရထားလမ်းများဖြစ်သောကြောင့် ၎င်းတို့အား ပြုပြင်မွမ်းမံရန်အတွက် ရထားလမ်းအာဏာပိုင်များ က ထိုဝါးရထားဝန်ဆောင်မှုလုပ်ငန်းကို ရပ်ဆိုင်းထားလိုက်ပြီဖြစ်သည်။ ထိုသို့ရပ်ဆိုင်းခဲ့သောကြောင့် ဆယ်စုနှစ် ၂ စု ကြာပြေးဆွဲဝန်ဆောင်မှုပေးခဲ့သည့်ဝါးရထား စနစ် ပျောက်ကွယ်သွားနိုင်ကြောင်းနှင့် နိုရီအောင်းနှင်သူများအလုပ်လက်မဲ့ဖြစ်မည်ကို စိုးရိမ်လျက်ရှိကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.