Connect with us

Videos

မသန်စွမ်းသက်ကြီးမောင်နှံ၏မေတ္တာ

ချုံကျင်း၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ချုံကျင်းတွင် စံထားလောက်ဖွယ် မသန်စွမ်းသက်ကြီးမောင်နှံ၏ မေတ္တာကို ဆင်ဟွာသတင်းဋ္ဌာနမှ သွားရောက်ရိုက်ကူးခဲ့ပါသည်။ Cao Shucai နှင့် Xu Houbi ဟုအမည်ရသော သက်ကြီးပိုင်း အဖိုးအဖွားနှစ်ဦးမှာ တစ်ဦးကို တစ်ဦးအမှီသဟဲပြုကာ အသက်မွေးနေထိုင်လျက်ရှိသည်။ အမြင်အာရုံမရှိသော အသက် ၆၃ နှစ်အရွယ်အဖိုးအို Cao Shucai က လမ်းမလျှောက်နိုင်သော ၎င်း၏ ဇနီးသည် Xu Houbi အသက် ၅၃ နှစ်အား ၂၉ နှစ်တိုင်တိုင် ကျောပိုးကာ တောင်ယာအလုပ်လုပ်ကိုင်ရင်း နှစ်ယောက်ပေါင်း တစ်ဘဝ အဖြစ် နေထိုင်နေကြခြင်းဖြစ်သည်။ Caoမှာ မွေးရာ ပါ ညာဘက်မျက်လုံးကွယ်နေခဲ့ရာ ၁၉၈၈ ခုနှစ်တွင် မတော်တဆမှုတစ်ခုကြောင့် မျက်လုံး ၂ လုံးစလုံးကွယ်ခဲ့သည်။ Xu ကလည်း အရိုးပျော့ရောဂါကြောင့် လမ်းကို ကောင်းစွာ လျှောက်နိုင်ခြင်းမရှိပေ။ ၎င်းတို့ ၂ဦးမှာ ထိုသို့အပြန်အလှန်ရိုင်းပင်းနေထိုင်ခြင်းကို ကျေနပ်ပျော်ရွှင်ကြောင်းနှင့် တစ်သက်လုံး အမြဲ ထာဝရ ထိုသို့ပင် နေထိုင်သွားလိုကြောင်းဖွင့်ဟခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.