Connect with us

Videos

တရုတ်နိုင်ငံက ရေအောက်ပေပေါင်း ၁၁ဝဝဝ သို့ သွားနိုင်သော မောင်းသူမဲ့ သုတေသနယာဉ်တီထွင်

ချန်ဒေါင်း၊ နိုဝင်ဘာလ (၁) ရက်၊ (ဆင်ဟွာ)

တရုတ်နိုင်ငံမှ ရေအောက်မီတာ ၁၁ဝဝဝ အထိငုပ်လျှိုးနိုင်သောပထမဆုံး မောင်းသူမဲ့ သုတေသနယာဉ် အား ၂ဝ၁၆ ခုနှစ် အောက်တိုဘာလတွင် အသုံးပြုနိုင်ရန်တီထွင်ထားပြီးဖြစ်ကြောင်း တရုတ်သိပ္ပံ ပညာရှင်တစ်ဦး ကအောက်တိုဘာလ ၃ဝ ရက်နေ့ကပြောကြားခဲ့သည်။

တရုတ်သိပ္ပံပညာရှင်များသည် ထိုသုတေသနယာဉ်အား တောင်တရုတ်ပင်လယ်ပြင် တွင် ရေအောက် မီတာ ၄ဝဝဝ အထိ ငုပ်လျှိုး၍ စက်တင်ဘာလ ၂၆ ရက်နေ့ မှ အောက်တိုဘာလ ၂၅ ရက် အတွင်း စမ်းသပ်အသုံးပြုခဲ့ပြီးဖြစ်ကြောင်းသိရသည်။

အဆိုပါစမ်းသပ်မှုသည် အခြေခံအားဖြင့် အောင်မြင်ခဲ့ပြီး ယာဉ်ရှိ ကိရိယာများကိုလည်း စမ်းသပ်ခဲ့ပြီးဖြစ်ဟု သိရသည်။

တရုတ်သိပ္ပံပညာရှင်များသည် လာမည့် ၂ဝ၁၈ ခုနှစ်တွင် ရေအောက် မီတာ ၈ဝဝဝ နှင့် ၂ဝ၁၉ ခုနှစ်တွင် မီတာ ၁၁ဝဝဝ အနက်တို့သို့ သွားနိုင်သော လူလိုက်ပါနိုင်သည့် သုတေသနယာဉ်တို့အား ဆက်လက်တီထွင်သွားမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.