Connect with us

Videos

တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် သည် တောင်ကိုရီးယားနိုင်ငံသို့ (၃) ရက်ကြာ တရားဝင်အလည် အပတ်ခရီးစဉ်အဖြစ် မနေ့က ရောက်ရှိခဲ့သည်။ ဝန်ကြီးချုပ်လီကို တောင်ကိုရီးယား နိုင်ငံသမ္မတ ပတ်ဂွမ်ဟေးက ဆိုးလ်မြို့ ချွန်ဝါဒေးရှိ သမ္မတရုံးခန်းတွင် ဂုဏ်ပြုအခမ်းအနားဖြင့် ခမ်းနားထည်ဝါစွာ ကြိုဆို ဂုဏ်ပြုခဲ့သည်။ ဆက်လက်ပြီး ဝန်ကြီးချုပ်လီသည်တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးနှင့် တစ်နာရီကြာတွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံကြရာတွင် ခေါင်းဆောင်၂ ဦးတို့သည် ၂ နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန် ၊ မိမိတို့ နိုင်ငံအသီးသီး ၏ ဖွံ့ဖြိုးတိုးတက်မှုဗျူဟာများ ဖြင့် နှစ်နိုင်ငံ အကျိုးရလဒ် များကို စုပေါင်းတည်ဆောက်ကြရန် စသဖြင့် တိုက်တွန်းဆွေးနွေးခဲ့ကြသည်။

ဝန်ကြီးချုပ်လီမှ နှစ်နိုင်ငံအချင်းချင်း မဟာဗျူဟာမြောက် ပူးပေါင်းဆက်သွယ်မှုများဆောင်ရွက်သွားရန်၊ အပြန်အလှန်အကြံဉာဏ်များဖလှယ်ကြရန်၊ နှစ်နိုင်ငံချစ်ကြည်ရေးပိုမိုခိုင်မြဲစေရန်အဓိကကျသော ပြည်သူများအ ချင်းချင်းအပြန်အလှန်စေလွှတ်လေ့လာစေရန် စသဖြင့် အကြံဉာဏ်ပေးခဲ့သည်။

သမ္မတ ပတ်မှ ပြောကြားရာတွင် တရုတ်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံလွတ်လပ်သောကုန်သွယ်ရေး သဘောတူညီမှု အတိုင်း ဆက်လက်အရှိန်မြှင့်တင် အကောင်အထည်ဖော်ဆောင်ရွက်ရန် နှင့် လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများ၊ စာချုပ်များအားလည်း တတ်နိုင်သလောက် အမြန်ဆုံးဆောင်ရွက်ရန် ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် တောင်ကိုရီးယားသမ္မတနှင့် တရုတ်ဝန်ကြီးချုပ်တို့သည် နှစ်ဦးသဘောတူစာချုပ် (၁၇) ခု လက်မှတ်ရေးထိုးသည့် အခမ်းအနားတွင် သက်သေအဖြစ်ဆောင်ရွက်ခဲ့သည်။ ထိုစာချုပ်(၁၇) ခုတွင် ကုန်သွယ်ရေးနှင့် စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ြ့ပည်သူအချင်းချင်း အပြန်အလှန်စေလွှတ်ရေး စသည့် ကဏ္ဍများလည်းပါဝင်သည်။

ဝန်ကြီးချုပ်လီ၏ ယခုခရီးစဉ်သည် တောင်ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့အတွက် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအတွက် များစွာအထောက်အကူပြုမည်ဖြစ်သည်။ တရုတ်နိုင်ငံသည် တောင်ကိုရီးယား ၏ အကြီးမားဆုံးသော ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး တောင်ကိုရီးယား က တရုတ်မှ သွင်းကုန်များကို အများဆုံးတင်သွင်းနေသည်။ တောင်ကိုရီးယားကလည်း တရုတ်နိုင်ငံ၏ တတိယ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်သည်။ နှစ်နိုင်ငံလုံး ၂ဝ၁၅ ခုနှစ်အရောက်တွင် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံ (၃) ရာ အထိရောက်နိုင်ရန် ခန့်မှန်းထားရာ ဆယ်စုနှစ် ၂ ခုအတွင်း အဆ ၆၀ တိုးမြင့်လာခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.