Connect with us

Videos

တရုတ်နိုင်ငံတွင် ကြာချိန် ၈ နာရီ ခွဲ ဖြင့် လုပ်သားပေါင်း ၁၅ဝဝ အသုံးပြုကာ ရထားလမ်း ပြင်ဆင်

လောင်ယွမ်၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ လုပ်သားပေါင်း ၁၅ဝဝ က လောင်ယွမ်မြို့ဘူတာတွင် ရထားသံလမ်း အဟောင်းများနေရာတွင် အသစ်များကို ကြာချိန် ၈ နာရီခွဲဖြင့် အစားထိုးလဲလှယ်ပြင်ဆင်ခဲ့သည်။ ထိုစီမံကိန်းအတွက် ရထား ၇ စင်းနှင့် မြေတူးစက်ပေါင်း ၂၃ ခုကိုလည်းအသုံးပြုခဲ့ကြသည်။လျောင်ယွမ်ဘူတာတွင်လက်ရှိရထားလမ်း ၃ ခုနေရာတွင် ရထားလမ်းအသစ်ကိုအဆင့်တိုးမြှင့်တပ်ဆင်ခြင်းလုပ်ငန်းကိုဆောင်ရွက်ကြခြင်းဖြစ်ပြီး အသစ်တိုးမြှင့်သည့် မြန်နှုန်းမြင့်ရထားလမ်းမှာ လောင်ယွမ်မှ ဖူကျင့်အနောက်ပိုင်းတောင်တန်းဒေသ နန်ဘင်းကို ချိတ်ဆက်မည် ဖြစ်သည်။ ၎င်း ရထားလမ်းတွင်ပြေးဆွဲမည့်ရထားမှာ အမြန်ဆုံးတစ်နာရီလျင် ကီလိုမီတာ ၂ဝဝ နှုန်း ပြေးဆွဲ နိုင်ရန် အထူးဒီဇိုင်းထုတ်ထားသည်။ အဆိုပါရထားလမ်းကို ၂ဝ၁၈ နှစ်ကုန်ပိုင်းလောက်တွင် အသုံးပြုနိုင်မည် ဖြစ်ပြီး မြို့ နှစ်မြို့ကြားခရီးသွားကြာချိန် ၇ နာရီမှ မိနစ် ၉ဝ အထိလျော့ချပေးနိုင်တော့မည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.